ပြည်နယ်နေ့များ နှင့် တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့ရက်များကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် ဆွေးနွေးဆုံးဖြတ်ရမည်
ပြည်နယ်နေ့များ နှင့် တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့ရက်များကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် ဆွေးနွေးဆုံးဖြတ်ရမည်
ဇှနျ 4, 2018
By Tachileik News Agency
ပြည်နယ်များ၏ ပြည်နယ်နေ့များ၊ တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့ရက်များကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် ဆွေးနွေးဆုံးဖြတ်ရမည် ဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာ ပြည်ထောင်စုဝန်ကြီးက လွှတ်တော်တွင် ဖြေကြားလိုက်သည်။
၂၀၁၈ ခုနှစ် ဇွန်လ (၁) ရက်နေ့တွင် ကျင်းပခဲ့သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဌမပုံမှန် အစည်းအဝေး ဒသမနေ့တွင် မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းက ပြည်နယ်တစ်ခု၏ ပြည်နယ်နေ့၊ ပြည်နယ်တစ်ခု အတွင်းရှိ လူမျိုးကို အခြေခံသော အမျိုးသားနေ့၊ နှစ်သစ်ကူးနေ့စသည့် အထင်ကရ နေ့ထူးနေ့မြတ်နေ့ရက်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ၎င်းတို့နှင့် သက်ဆိုင်သော အထင်ကရနေ့ထူးနေ့မြတ်နေ့ရက်များအား သက်ဆိုင်ရာဒေသများအတွင်း တရားဝင်ရုံးပိတ်ရက်များ အဖြစ် သတ်မှတ်ပေးရန် ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းအား ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
တရားဝင်ရုံးပိတ်ရက်များသတ်မှတ်ပေးရေးအတွက် အလားတူမေးခွန်းများကို ယခင်အစိုးရလက်ထက် ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးနှင့် အမျိုးသားလွှတ်တော်အစည်းအဝေးများတွင်လည်း ဟားခါးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တို့က မေးမြန်းခဲ့စဉ်က သက်ဆိုင်ရာပြည်နယ်များအား လွတ်လပ်စွာဆုံးဖြတ်ခွင့်ပေးထားပြီး လက်ရှိတွင်လည်း သက်ဆိုင်ရာ ပြည်နယ်အစိုးရများအနေဖြင့် ဦးဆောင်ကျင်းပလျှက်ရှိရာ အဆိုပါနေ့ရက်များ အများပြည်သူရုံးပိတ်ရက်အဖြစ် ထပ်တိုးသတ်မှတ်ရန် ဆောင်ရွက်သည့်ကိစ္စမှာ မသင့်လျော်ကြောင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
သတင်း - ဇာနှင်း
~~~~~~~~⊰❂ unicode ~~~~~~~~
ပြည်နယ်များ၏ ပြည်နယ်နေ့များ၊ တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့ရက်များကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် ဆွေးနွေးဆုံးဖြတ်ရမည် ဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာ ပြည်ထောင်စုဝန်ကြီးက လွှတ်တော်တွင် ဖြကြေားလိုက်သည်။
“ရုံးပိတ်ရက်များတွင် ပြည်သူတို့အတွက် ဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများ၊ ကုန်သွယ်ရေး လုပ်ငန်းများနှင့် ဘဏ်လုပ်ငန်းများကို ရပ်နားရသည့် အတွက် ပြည်သူတို့အကျိုးကို ဆောင်ရွက်ရသည့် အချိန် လျော့နည်းသွားမှာဖြစ်ပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေရတဲ့ အချိန်မှာ ရုံးပိတ်ရက်များခြင်းအား ဖွံ့ဖြိုးတိုးတက်ရေးကို အနည်းနဲ့အများ ထိခိုက်မှု ရှိလာမှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ပြည်နယ်များ၏ ပြည်နယ်နေ့များ တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်များကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များ၏ လွှတ်တော်များတွင် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများက စဉ်းစားဆောင်ရွက်ရမည့် ကိစ္စများဖြစ်သည့်အတွက် ပြည်ထောင်စုအစိုးရက သတ်မှတ်ပေးရန် မရှိပါကြောင်း ဖြကြေားလိုပါတယ်”ဟု တိုင်းရင်းသားလူမျိုးများရေးရာ ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်က ဇွန်လ(၁)ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဖြကြေားသွားသည်။
၂၀၁၈ ခုနှစ် ဇွန်လ (၁) ရက်နေ့တွင် ကျင်းပခဲ့သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဌမပုံမှန် အစည်းအဝေး ဒသမနေ့တွင် မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းက ပြည်နယ်တစ်ခု၏ ပြည်နယ်နေ့၊ ပြည်နယ်တစ်ခု အတွင်းရှိ လူမျိုးကို အခြေခံသော အမျိုးသားနေ့၊ နှစ်သစ်ကူးနေ့စသည့် အထင်ကရ နေ့ထူးနေ့မြတ်နေ့ရက်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင်၎င်းတို့နှင့် သက်ဆိုင်သော အထင်ကရနေ့ထူးနေ့မြတ်နေ့ရက်များအား သက်ဆိုင်ရာဒေသများအတွင်း တရားဝင်ရုံးပိတ်ရက်များ အဖြစ် သတ်မှတ်ပေးရန် ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းအား ယင်းကဲ့သို့ ဖြကြေားခဲ့ခြင်းဖြစ်သည်။
“တစ်နှစ်လျှင် ပြန်တမ်းဝင်ရုံးပိတ်ရက်ပေါင်း ပျမ်းမျှ (၂၆)ရက်ရှိပါတယ်။ ထို့အပြင် ရက်သတ္တပတ်တိုင်း စနေ၊ တနင်္ဂေနွရုံးပိတ်ရက်များ သတ်မှတ်ထားပေးရာ တစ်နှစ်လျှင် ပျမ်းမျှရုံးပိတ်ရက်ပေါင်း (၁၃၀)ရက်ခန့်ရှိပါတယ်။ မြန်မာနိုင်ငံမှာ ပြည်နယ်(၇)ခုရှိပါတယ်။ ပြည်နယ်နေ့များကို ရုံးပိတ်ရက်အဖြစ် ထပ်တိုးရမယ်ဆိုရင် ရုံးပိတ်ရက် (၇)ရက်ထပ်တိုးရမှာဖြစ်တဲ့အပြင် မြန်မာနိုင်ငံမှ လူမျိုးစု(၁၃၀)ကျော်ရှိသည့်အတွက် တိုင်းရင်းသားများ၏ နှစ်သစ်ကူးများ၊ နေ့ထူးနေ့မြတ်များကို ရုံးပိတ်ရက်အဖြစ် ထပ်ပေါင်းထည့်မယ် ဆိုရင် ရုံးပိတ်ရက်တွေ အလွန်များပြားသွားမှာ ဖြစ်ပါတယ်”ဟု တိုင်းရင်းသားလူမျိုးများရေးရာ ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်က ရှင်းလင်းဖြကြေားခဲ့သည်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော တိုင်းရင်းလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင်‌့ရှောက်သည့်ဥပဒေ အခန်း(၃) အပိုဒ် ၄ အပိုဒ်ခွဲ(ဂ)တွင် တိုင်းရင်းသား လူမျိုးများသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှါ ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိတို့၏ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများအရ ဆောင်ရွက်သောအခမ်းအနားများနှင့် နေ့ထူးနေ့မြတ်များကို လွတ်လပ်စွာကျင်းပခွင့်ရှိသည်ဟု ဖော်ပြပါရှိပါသည့် အတွက် အဆိုပါ ဥပဒေနှင့်အညီ ကျင်းပဆောင်ရွက်ခွင့်ရှိကြောင်းကိုလည်း ပြည်ထောင်စုဝန်ကြီးက ထောက်ပြပြောဆိုခဲ့သည်။
၂၀၁၈ ခုနှစ် မတ်လ (၂၂)ရက်နေ့က ကျင်းပသည့် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ချင်းအမျိုးသားနေ့ဖြစ်သည့် ဖေဖော်ဝါရီလ (၂၀)ရက်နေ့အား ချင်းပြည်နယ်တွင်း အစိုးရရုံးပိတ်ရက်အဖြစ် အဆိုတင်သွင်းခဲ့ရာ မတ်လ (၂၈)ရက်နေ့တွင် အတည်ပြုနိုင်ခဲ့သော်လည်း ၂၀၁၈ ခုနှစ် မတ်လ (၃၀)ရက်နေ့တွင် ကျင်းပသည့် ရှမ်းပြည်နယ်လွှတ်တော်တွင် ရှမ်းပြည်နယ်နေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် တင်သွင်းသည့်အဆိုအား မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မဲ တစ်မဲအသာဖြင့် ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်သည်။
တရားဝင်ရုံးပိတ်ရက်များသတ်မှတ်ပေးရေးအတွက် အလားတူမေးခွန်းများကို ယခင်အစိုးရလက်ထက် ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးနှင့် အမျိုးသားလွှတ်တော်အစည်းအဝေးများတွင်လည်း ဟားခါးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တို့က မေးမြန်းခဲ့စဉ်က သက်ဆိုင်ရာပြည်နယ်များအား လွတ်လပ်စွာဆုံးဖြတ်ခွင့်ပေးထားပြီး လက်ရှိတွင်လည်း သက်ဆိုင်ရာ ပြည်နယ်အစိုးရများအနဖြေင့် ဦးဆောင်ကျင်းပလျှက်ရှိရာ အဆိုပါနေ့ရက်များ အများပြည်သူရုံးပိတ်ရက်အဖြစ် ထပ်တိုးသတ်မှတ်ရန် ဆောင်ရွက်သည့်ကိစ္စမှာ မသင့်လျော်ကြောင်း ဖြကြေားခဲ့ခြင်းဖြစ်သည်။
သတင်း - ဇာနှင်း
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~