ေက်ာက္မဲတြင္ လူမႈကူညီေရးအသင္း တစ္သင္းမွ အသံခ်ဲ႕စက္ဖြင့္၍ အရုပ္မ်ားျဖင့္ လွည့္လည္အလွဴခံေနသည့္ကိစၥအား ေ၀ဖန္မႈမ်ား ရွိေနေသာ္လည္း သက္ဆိုင္ရာမွ ခြင့္ျပဳထားျခင္းျဖစ္

ေက်ာက္မဲတြင္ လူမႈကူညီေရးအသင္း တစ္သင္းမွ အသံခ်ဲ႕စက္ဖြင့္၍ အရုပ္မ်ားျဖင့္ လွည့္လည္အလွဴခံေနသည့္ကိစၥအား ေ၀ဖန္မႈမ်ား ရွိေနေသာ္လည္း သက္ဆိုင္ရာမွ ခြင့္ျပဳထားျခင္းျဖစ္
ဇွန် 3, 2018
By Tachileik News Agency

ေက်ာက္မဲၿမိဳ႕အတြင္း ပရဟိတအသင္းတစ္သင္းမွ လူနာတင္ယာဥ္ ၀ယ္ယူႏိုင္ရန္ အတြက္ ဇြန္လ(၁)ရက္ေန႔က စတင္ကာ ကင္းေကာင္ရုပ္၊ လိပ္ရုပ္မ်ားျဖင့္ သရုပ္ေဖာ္ၿပီး အသံခ်ဲ႕စက္ဖြင့္၍ လွည့္လည္ အလွဴခံေနသည့္ ကိစၥႏွင့္ ပတ္သက္၍ ၿမိဳ႕ခံတို႔မွ ေ၀ဖန္မႈမ်ား ရွိေနေသာ္လည္း သက္ဆိုင္ရာမွ (၁)လတိတိ ခြင့္ျပဳခ်က္ေပးထား၍ အလွဴခံေနျခင္း ျဖစ္ေၾကာင္း သိရသည္။

ယင္းသို႔ အလွဴခံရန္အတြက္ သက္ဆိုင္ရာသို႔ တင္ျပထားရာမွ ၂၀၁၈ခုႏွစ္ ဇြန္လ(၁)ရက္ေန႔မွ ဇြန္လ(၃၀)ရက္ေန႔အထိ (၁)လတိတိ ၿမိဳ႕တြင္း လွည့္လွည္အလွဴခံခြင့္ ရရွိထားျခင္း ျဖစ္ေၾကာင္း သိရသည္။

“ကြ်န္မတို႔က မွတ္ပံုတင္လည္း တရားဝင္ က်ထားၿပီးၿပီ၊ ကြ်န္မတို႔အသင္းမွာ လူနာတင္ယာဥ္ မရွိလို႔ ယာဥ္ ဝယ္ႏိုင္ဖို႔ အတြက္ ၿမိဳ႕ထဲမွာ အလွဴခံထြက္တာျဖစ္ပါတယ္၊ ျမစ္ငယ္က အဖြဲ႔ေတြကို အခေၾကးေငြနဲ႔ ငွားၿပီးေတာ့ အရုပ္ကၿပီး အလွဴခံတာျဖစ္ပါတယ္၊ သက္ဆိုင္ရာမွာ အလွဴခံခြင့္တင္ၿပီးေတာ့မွ တရားဝင္ အလွဴခံတာပါ”ဟု ေက်ာက္မဲၿမိဳ႕ေရႊေရာင္လက္မ်ားလူငယ္ပရဟိတ လူမႈကူညီေရးအသင္း ဥကၠဌ ေဒၚခင္မာၾကည္က ဇြန္လ(၃)ရက္ေန႔ ေန႔လည္ပိုင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အသံခ်ဲ႕စက္မ်ား ပါ၀င္သည့္ ေမာ္ေတာ္ယာဥ္ တစ္စီး၊ ကင္းေကာင္ရုပ္(၁)ရုပ္၊ လိပ္ရုပ္(၁)ရုပ္တို႔ျဖင့္ ေက်ာက္မဲၿမိဳ႕ေပၚရွိ ရပ္ကြက္မ်ားအတြင္း လွည့္လည္အလွဴခံရန္အတြက္ အဆိုပါ အရုပ္မ်ားကို မႏၱေလးတိုင္း ေဒသႀကီး၊ ျမစ္ငယ္ၿမိဳ႕မွ တဆင့္ ငွားရမ္းထားျခင္းျဖစ္ေၾကာင္းႏွင့္ တစ္ရက္လွ်င္ က်ပ္(၁)သိန္းခြဲအား ကရသည့္ ရက္အတြက္သာ ေပးရေၾကာင္း သိရသည္။

လက္ရွိ ေက်ာက္မဲၿမိဳ႕ေပၚ လူေနရပ္ကြက္ႀကီးမ်ားတြင္ အသံခ်ဲ႕စက္၊ အရုပ္အကမ်ားျဖင့္ လွည့္လည္ အလွဴခံမႈ ျပဳလုပ္ေနသည့္ ေရႊေရာင္လက္မ်ားလူငယ္ပရဟိတ လူမႈကူညီေရးအသင္း(ေက်ာက္မဲ)သည္ အသင္းစတင္ တည္ေထာင္ခ်ိန္မွစ၍ ယခုအခ်ိန္အထိ ေက်ာက္မဲမွ လႊဲေျပာင္းရသည့္ လူနာအေရအတြက္ ဦးေရ (၂၀)ခန္႔ကို ပို႔ေဆာင္ေပးျခင္း ႏွင့္ ခိုကိုးရာမဲ့ အဖိုး/အဖြား (၂)ဦးကို မႏၱေလးရွိ YGW သို႔ ပို႔ေဆာင္ ေပးျခင္းမ်ား ေဆာင္ရြက္ခဲ့ေၾကာင္း ေက်ာက္မဲၿမိဳ႕ေရႊေရာင္လက္မ်ားလူငယ္ပရဟိတ လူမႈကူညီေရးအသင္း ဥကၠဌ ေဒၚခင္မာၾကည္ထံက သိရသည္။

“ပရဟိတအသင္း ဆိုၿပီးေတာ့ ၿမိဳ႕ထဲမွာ ကထိန္လို အလွဴခံထြက္တာကေတာ့ မျဖစ္သင့္ဘူးလို႔ ထင္တယ္၊ အခုေခတ္မွာ လူမႈကြန္ယက္ကေန အလွဴခံရင္ပဲ ေစတနာရွိတဲ့သူေတြ၊ လွဴႏိုင္သူေတြက လာၿပီး လွဴၾကတာမ်ိဳး ရွိေနတာပဲ၊ အခုလို ၿမိဳ႕ထဲမွာ အသံခ်ဲ႕စက္နဲ႔ လွည့္ပတ္အလွဴခံတာမ်ိဳးကို ခြင့္မျပဳသင့္ဘူးလို႔ ထင္တယ္”ဟု ေက်ာက္မဲၿမိဳ႕ခံတစ္ဦးျဖစ္သည့္ ဦးဝင္းေမာင္က ေျပာသည္။

ေက်ာက္မဲၿမိဳ႕တြင္း လူမႈကူညီေရးအသင္းအေနျဖင့္ ၿမိဳ႕တြင္း အသံခ်ဲ႕စက္ျဖင့္ လွည့္လည္အလွဴခံသည္မွာ ပထမဆံုးအႀကိမ္ျဖစ္ေၾကာင္း သိရသည္။

“ေက်ာက္မဲၿမိဳ႕မွာ ႏိုင္ငံေတာ္ကို တရားဝင္အခြန္ေဆာင္ၿပီးမွ အသင္းအဖြဲ႔မွတ္ပံုတင္ထားတာဆိုလို႔ တစ္သင္းပဲရွိေသးတယ္၊ ရွင္းရွင္း ေျပာရရင္ အသင္းအဖြဲ႔မွတ္ပံုတင္ မရွိထားတဲ့အဖြဲ႔ေတြက ဘာမွကို လုပ္ပိုင္ခြင့္ မရွိဘူး၊ လူမႈကူညီေရး အသင္းဆိုၿပီး ၿမိဳ႕ထဲမွာအသံခ်ဲ႕စက္နဲ႔အလွဴခံတာေတာ့ အခုမွ ပထမဆံုးျမင္ဖူးတာပဲ”ဟု ေက်ာက္မဲၿမိဳ႕ရွိ ဇီဝိတလူမႈကူညီေရး အသင္းမွ ကိုေစာမင္းၾကဴက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

နိဗၺာန္ယာဥ္မ်ားႏွင့္ ပတ္သက္၍ အသင္းအဖြဲ႔မ်ားတြင္ အသံုးျပဳေနသည့္ HSE/---- နံပါတ္ တပ္ဆင္ထားသည့္ ယာဥ္မ်ားသည္ နာေရး ( ေသဆံုးမႈ) ကူညီယံုမွလြဲ၍ အျခားမည္သည့္ ခရီးသည္၊ တစ္ဦးတစ္ေယာက္၊ လူနာ အစရွိသည္ တို႔ကို တင္ေဆာင္ျခင္း/ ပို႔ေဆာင္ျခင္းမျပဳရ ဆိုသည့္ စည္းမ်ဥ္း စည္းကမ္းႏွင့္ နာေရးကူညီယာဥ္သည္ မည္သည့္ အေၾကာင္းျဖင့္ သြားေရာက္သည္ျဖစ္ေစ အေလာင္းသယ္ ကုတင္ႏွင့္ မွန္အေခါင္းပါဝင္ထားရမည္ ဟု စည္းကမ္းမ်ားရွိ ထားေသာ္လည္း လက္ရွိတြင္ လူမႈကူညီေရး အသင္းမ်ားက လိုက္နာမႈမရွိေၾကာင္း ၎က ေျပာသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - ၀င္းျမင့္ေအာင္


~~~~~~~~⊰❂ unicode ~~~~~~~~

ကျောက်မဲမြို့အတွင်း ပရဟိတအသင်းတစ်သင်းမှ လူနာတင်ယာဉ် ဝယ်ယူနိုင်ရန် အတွက် ဇွန်လ(၁)ရက်နေ့က စတင်ကာ ကင်းကောင်ရုပ်၊ လိပ်ရုပ်များဖြင့် သရုပ်ဖော်ပြီး အသံချဲ့စက်ဖွင့်၍ လှည့်လည် အလှူခံနေသည့် ကိစ္စနှင့် ပတ်သက်၍ မြို့ခံတို့မှေဝဖန်မှုများ ရှိနေသော်လည်း သက်ဆိုင်ရာမှ (၁)လတိတိ ခွင့်ပြုချက်ပေးထား၍ အလှူခံနခြေင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ အလှူခံရန်အတွက် သက်ဆိုင်ရာသို့ တင်ပြထားရာမှ ၂၀၁၈ခုနှစ် ဇွန်လ(၁)ရက်နေ့မှ ဇွန်လ(၃၀)ရက်နေ့အထိ (၁)လတိတိ မြို့တွင်း လှည့်လှည်အလှူခံခွင့် ရရှိထားခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့က မှတ်ပုံတင်လည်း တရားဝင် ကျထားပြီးပြီ၊ ကျွန်မတို့အသင်းမှာ လူနာတင်ယာဉ် မရှိလို့ ယာဉ် ဝယ်နိုင်ဖို့ အတွက် မြို့ထဲမှာ အလှူခံထွက်တာဖြစ်ပါတယ်၊ မြစ်ငယ်က အဖွဲ့တွေကို အခကြေးငွေနဲ့ ငှါးပြီးတော့ အရုပ်ကပြီး အလှူခံတာဖြစ်ပါတယ်၊ သက်ဆိုင်ရာမှာ အလှူခံခွင့်တင်ပြီးတော့မှ တရားဝင် အလှူခံတာပါ”ဟု ကျောက်မဲမြို့ရွှေရောင်လက်များလူငယ်ပရဟိတ လူမှုကူညီရေးအသင်း ဥက္ကဌ ဒေါ်ခင်မာကြည်က ဇွန်လ(၃)ရက်နေ့ နေ့လည်ပိုင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အသံချဲ့စက်များ ပါဝင်သည့် မော်တော်ယာဉ် တစ်စီး၊ ကင်းကောင်ရုပ်(၁)ရုပ်၊ လိပ်ရုပ်(၁)ရုပ်တို့ဖြင့် ကျောက်မဲမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း လှည့်လည်အလှူခံရန်အတွက် အဆိုပါ အရုပ်များကို မန္တလေးတိုင်း ဒေသကြီး၊ မြစ်ငယ်မြို့မှ တဆင့် ငှါးရမ်းထားခြင်းဖြစ်ကြောင်းနှင့် တစ်ရက်လျှင် ကျပ်(၁)သိန်းခွဲအား ကရသည့် ရက်အတွက်သာ ပေးရကြောင်း သိရသည်။

လက်ရှိ ကျောက်မဲမြို့ပေါ် လူနေရပ်ကွက်ကြီးများတွင် အသံချဲ့စက်၊ အရုပ်အကများဖြင့် လှည့်လည် အလှူခံမှု ပြုလုပ်နေသည့် ရွှေရောင်လက်များလူငယ်ပရဟိတ လူမှုကူညီရေးအသင်း(ကျောက်မဲ)သည် အသင်းစတင် တည်ထောင်ချိန်မှစ၍ ယခုအချိန်အထိ ကျောက်မဲမှ လွှဲပြောင်းရသည့် လူနာအရေအတွက် ဦးရေ (၂၀)ခန့်ကို ပို့ဆောင်ပေးခြင်း နှင့် ခိုကိုးရာမဲ့ အဖိုး/အဖွား (၂)ဦးကို မန္တလေးရှိ YGW သို့ ပို့ဆောင် ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ကျောက်မဲမြို့ရွှေရောင်လက်များလူငယ်ပရဟိတ လူမှုကူညီရေးအသင်း ဥက္ကဌ ဒေါ်ခင်မာကြည်ထံက သိရသည်။

“ပရဟိတအသင်း ဆိုပြီးတော့ မြို့ထဲမှာ ကထိန်လို အလှူခံထွက်တာကတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်၊ အခုခေတ်မှာ လူမှုကွန်ယက်ကနေ အလှူခံရင်ပဲ စေတနာရှိတဲ့သူတွေ၊ လှူနိုင်သူတွေက လာပြီး လှူကြတာမျိုး ရှိနေတာပဲ၊ အခုလို မြို့ထဲမှာ အသံချဲ့စက်နဲ့ လှည့်ပတ်အလှူခံတာမျိုးကို ခွင့်မပြုသင့်ဘူးလို့ ထင်တယ်”ဟု ကျောက်မဲမြို့ခံတစ်ဦးဖြစ်သည့် ဦးဝင်းမောင်က ပြောသည်။

ကျောက်မဲမြို့တွင်း လူမှုကူညီရေးအသင်းအနဖြေင့် မြို့တွင်း အသံချဲ့စက်ဖြင့် လှည့်လည်အလှူခံသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

“ကျောက်မဲမြို့မှာ နိုင်ငံတော်ကို တရားဝင်အခွန်ဆောင်ပြီးမှ အသင်းအဖွဲ့မှတ်ပုံတင်ထားတာဆိုလို့ တစ်သင်းပဲရှိသေးတယ်၊ ရှင်းရှင်း ပြောရရင် အသင်းအဖွဲ့မှတ်ပုံတင် မရှိထားတဲ့အဖွဲ့တွေက ဘာမှကို လုပ်ပိုင်ခွင့် မရှိဘူး၊ လူမှုကူညီရေး အသင်းဆိုပြီး မြို့ထဲမှာအသံချဲ့စက်နဲ့အလှူခံတာတော့ အခုမှ ပထမဆုံးမြင်ဖူးတာပဲ”ဟု ကျောက်မဲမြို့ရှိ ဇီဝိတလူမှုကူညီရေး အသင်းမှ ကိုစောမင်းကြူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နိဗ္ဗာန်ယာဉ်များနှင့် ပတ်သက်၍ အသင်းအဖွဲ့များတွင် အသုံးပြုနေသည့် HSE/---- နံပါတ် တပ်ဆင်ထားသည့် ယာဉ်များသည် နာရေး ( သေဆုံးမှု) ကူညီယုံမှလွဲ၍ အခြားမည်သည့် ခရီးသည်၊ တစ်ဦးတစ်ယောက်၊ လူနာ အစရှိသည် တို့ကို တင်ဆောင်ခြင်း/ ပို့ဆောင်ခြင်းမပြုရ ဆိုသည့် စည်းမျဉ်း စည်းကမ်းနှင့် နာရေးကူညီယာဉ်သည် မည်သည့် အကြောင်းဖြင့် သွားရောက်သည်ဖြစ်စေ အလောင်းသယ် ကုတင်နှင့် မှန်အခေါင်းပါဝင်ထားရမည် ဟု စည်းကမ်းများရှိ ထားသော်လည်း လက်ရှိတွင် လူမှုကူညီရေး အသင်းများက လိုက်နာမှုမရှိကြောင်း၎င်းက ပြောသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ဝင်းမြင့်အောင်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~