ကယားျပည္နယ္အတြင္း႐ွိ ျမန္မာ့စာတုိက္႐ုံးမ်ားတြင္ ျပည္တြင္းျပည္ပ ေလယာဥ္လက္မွတ္မ်ား ဝယ္ယူႏုိင္ၿပီး Online Shopper လည္း ေလွ်ာက္ထားႏိုင္

ကယားျပည္နယ္အတြင္း႐ွိ ျမန္မာ့စာတုိက္႐ုံးမ်ားတြင္ ျပည္တြင္းျပည္ပ ေလယာဥ္လက္မွတ္မ်ား ဝယ္ယူႏုိင္ၿပီး Online Shopper လည္း ေလွ်ာက္ထားႏိုင္
ဇွန် 3, 2018
By Tachileik News Agency

ကယားျပည္နယ္အတြင္း႐ွိ ျမန္မာ့စာတိုက္႐ုံးမ်ားတြင္ ျပည္တြင္းျပည္ပ ေလယာဥ္လက္မွတ္မ်ား ဝယ္ယူႏိုင္သည့္ အျပင္ Online Shopper လည္း ေလွ်ာက္ထားႏုိင္ေၾကာင္း သိရသည္။

ကယားျပည္နယ္အတြင္းရွိ စာတုိက္႐ုံးမ်ားတြင္ ျမန္မာ့ေလေၾကာင္းလိုင္း၏ ျပည္တြင္း ျပည္ပ ေလယာဥ္လက္မွတ္ မ်ားကို လူကိုယ္တုိင္စာတိုက္သို႔ လာေရာက္၍ျဖစ္ေစ၊ ဖုန္းျဖင့္ျဖစ္ေစ ဝယ္ယူႏုိင္ၿပီး ဖုန္းျဖင့္ ဝယ္ယူပါက Viber ျဖင့္ လက္မွတ္ပို႔ေပးကာ က်သင့္ေငြကို စာတုိက္ဝန္ထမ္းက လာေရာက္ ေကာက္ခံေပးၿပီး ဝန္ေဆာင္ခထပ္မံေပးရန္ မလိုအပ္ေၾကာင္း သိရသည္။

Online Shopper လုပ္ငန္းအား အျခားတုိင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ ၂ဝ၁၇ ခုႏွစ္၊ ဒီဇင္ဘာလအထိ (၁၆၉)ခု ေဆာင္ရြက္လ်က္ရိွေသာ္လည္း ကယားျပည္နယ္တြင္ ေဆာင္ရြက္ျခင္း မရိွေသးေၾကာင္း သိရသည္။

Online Shopper လုပ္ေဆာင္လိုသူမ်ား အေနျဖင့္  ကနဦး ႏွစ္စဥ္ေၾကး (၂၂,ဝဝဝ) ေပးသြင္းရမည္ျဖစ္ၿပီး လုပ္ငန္းေဆာင္ရြက္ လိုေၾကာင္း ေလွ်ာက္လႊာႏွင့္အတူ မွတ္္ပုံတင္၊ အိမ္ေထာင္စုဇယား၊ လုပ္ငန္းလိုင္စင္ မိတၱဴမ်ား၊ ဆက္သြယ္ရန္ဖုန္းနံပါတ္မ်ားႏွင့္အတူ ေလွ်ာက္ထားႏုိင္ေၾကာင္း သိရသည္။

"ကြၽန္မတို႔ ကယားမွာက ဒီလိုဝန္ေဆာင္မႈအသစ္ေတြတိုးခ်ဲ႕ထားတာ လူသိနည္းေနေသးတယ္ ။ ေလယာဥ္လက္မွတ္ဆိုလည္း ျမန္မာ့ေလေၾကာင္း ေျပးဆြဲတဲ့ ဘယ္ခရီးစဥ္မဆို ကြၽန္မတို႔ စာတိုက္ေတြ႐ွိတဲ့ ေနရာတိုင္းမွာ ဝယ္လို႔ရတယ္။ ေနာက္ကြၽန္မတို႔ဆီမွာ ခုထိ လာမလုပ္ေသးတာက online shopping ၊ online shopper လုပ္ငန္းေတြေပါ့။ ဒီလုပ္ငန္းေလးေတြကို ျဖစ္ေစခ်င္တယ္။ တစ္ဦးတေယာက္ေလာက္ တႏိုင္တစ္ပိုင္ လုပ္တဲ့သူေတြဆို ပစၥည္း လိုက္ပို႔ရတာ ပိုက္ဆံ လိုက္ေကာက္ရတာ ေတြကို ကြၽန္မတို႔နဲ႔ ခ်ိတ္ထားရင္ ကြၽန္မတို႔ စာပို႔သမားေတြက ကိုယ္တိုင္ ဒါေတြကို လုိက္လုပ္ေပးပါတယ္။ အခက္ခဲတစ္ခုက လုပ္ငန္း လိုင္စင္ပါရမယ္ ။ ေနာက္ အခြန္စည္းၾကပ္တာေတြ႐ွိေတာ့ သိပ္မလာၾကေတာ့ဘူးေပါ့" ဟု ျမန္မာ့စာတိုက္လုပ္ငန္းျပည္နယ္မန္ေနဂ်ာ ေဒၚတင္တင္ျမက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျပည္နယ္တြင္း လုပ္ကိုင္လွ်က္႐ွိေသာ online shopping လုပ္ငန္းမ်ားမွာ တစ္ပိုင္တစ္ႏိုင္သာ လုပ္ကိုင္ေနၾကျခင္း ျဖစ္ၿပီး လုပ္ငန္းလိုင္စင္ႏွင့္ အခြန္စည္းၾကပ္မႈမ်ားေၾကာင့္ အနည္းငယ္ခက္ခဲေၾကာင္း online shopping လုပ္ကိုင္ေနသည့္ မလူစီး ကေျပာသည္။

"ေလယာဥ္ လက္မွတ္ေတြ ဝယ္လို႔ရတာက အရမ္းေကာင္းတယ္။ ေနာက္ online shopping က်ေတာ့ ကြၽန္မတို႔က တစ္ပိုင္တစ္ႏိုင္ ကိုယ့္ဝင္ေငြေလးပိုရေအာင္ လုပ္တာက်ေတာ့ လုပ္ငန္းလိုင္စင္ေတြ မ႐ွိဘူးေပါ့။ တစ္ပိုင္တစ္ႏိုင္ေလး ဆိုေတာ့ အျမတ္ကလည္း နည္းတယ္။ အခြန္စည္းၾကပ္လိုက္ရင္ ဘာမွ မက်န္ေတာ့ဘူး။ စာတိုက္ ရဲ႕ဝန္ေဆာင္မႈက ေကာင္းပါတယ္။ ပစၥည္းေတြကို လိုက္ပို႔ေပးမယ္။ ပိုက္ဆံလည္း ေကာက္ေပးမယ္။ ေနာက္ဝယ္တဲ့သူကလည္း ဒီကေနတဆင့္ဝယ္မယ္ ။ ေငြလႊဲေတြဘာေတြ လုပ္စရာမလိုေတာ့ ပိုအဆင္ေျပတာေပါ့။ ဒါေပမဲ့ ခုနေျပာတဲ့ လုပ္ငန္းလိုင္စင္တို႔ အခြန္စည္းၾကပ္တာက်ေတာ့ ကြၽန္မတို႔အတြက္ အဆင္သိပ္မေျပေတာ့ဘူး " ဟု online shopping လုပ္ငန္းေဆာင္ရြက္ေနသည့္ မလူစီးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ကယားျပည္နယ္၊ ျမန္မာ့စာတိုက္လုပ္ငန္း မွ ျပည္တြင္းျပည္ပ ေခ်ားပစၥည္းမ်ား ေပးပို႔ျခင္းမ်ားကိုလည္း ဝန္ေဆာင္မႈေပးေနၿပီး ျပည္တြင္းေခ်ာပစၥည္းမ်ားကို လြိဳင္ေကာ္ၿမိဳ႕မွ ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၱေလး၊ ၿမိဳ႕ေတာ္မ်ားအၾကား ယေန႔ပို႔ မနက္ျဖန္ ေရာက္စနစ္ျဖင့္ ေပးပို႔ ေဆာင္ရြက္ေပးလ်က္ရွိၿပီး ေပးပုိ႔ေသာ ျပည္တြင္း အျမန္ေခ်ာပစၥည္းမ်ား လိပ္စာရွင္ထံ ေရာက္ရိွမႈကိုလည္း စစ္ေဆးႏုိင္ေၾကာင္း သိရသည္။

ယင္းအျပင္ ျပည္ပရိုးရိုး ေခ်ာထုပ္မ်ားကို ႏုိင္ငံေပါင္း( ၃၂ ) ႏုိင္ငံႏွင့္ ျပည္ပအျမန္ေခ်ာပို႔ကို ႏုိင္ငံေပါင္း(၁ဝ၂)ႏုိင္ငံသို႔ လည္း ဝန္ေဆာင္မႈေပးေနေၾကာင္း သိရသည္။

ကယားျပည္နယ္တြင္ စာတုိက္ေပါင္း (၁၅)ရုံးျဖင့္ တံဆိပ္ေခါင္းေရာင္းခ်ျခင္း၊ စာအိတ္ေရာင္းခ်ျခင္း၊ ျပည္တြင္း/ ျပည္ပေခ်ာစာ/ ေခ်ာထုတ္မ်ား လက္ခံေပးေဝျခင္း၊ ျပည္တြင္း အျမန္ေခ်ာလက္ခံျခင္း၊ ေပးေဝျခင္း၊ တယ္လီဖုန္းအခြန္ေငြ ေကာက္ခံျခင္း၊ တယ္လီဖုန္း ဘီလ္ေပးေဝျခင္း လုပ္ငန္းမ်ားအျပင္ အထူးဝန္ေဆာင္မႈ လုပ္ငန္းမ်ား အျဖစ္ ယေန႔ပို႔ မနက္ျဖန္ေရာက္ အိမ္တိုင္ရာ ေရာက္ေပးေဝျခင္း၊ ေန႔ခ်င္းေရာက္ စာေဝျခင္း၊ (Same Day Delivery)၊ Hometown Product Delivery၊ အျပည္ျပည္ဆိုင္ရာ အျမန္ေခ်ာပို႔လုပ္ငန္း၊ @ Post ၊ Online Shopping ၊ Online shopper ၊ C B Bank ၊ My Kyats ၊ e.Post System (Za) ၊ OK $ ၊ ျမန္မာ့ေလေၾကာင္းလိုင္း၏ ေလယာဥ္လက္မွတ္မ်ားေရာင္းခ်ေပးျခင္းတို႔ကို ဝန္ေဆာင္မႈ ေပးေနေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း




~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်အတွင်းရှိ မြန်မာ့စာတိုက်ရုံးများတွင် ပြည်တွင်းပြည်ပ လေယာဉ်လက်မှတ်များ ဝယ်ယူနိုင်သည့် အပြင် Online Shopper လည်း လျှောက်ထားနိုင်ကြောင်း သိရသည်။

ကယားပြည်နယ်အတွင်းရှိ စာတိုက်ရုံးများတွင် မြန်မာ့လေကြောင်းလိုင်း၏ ပြည်တွင်း ပြည်ပ လေယာဉ်လက်မှတ် များကို လူကိုယ်တိုင်စာတိုက်သို့ လာရောက်၍ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဝယ်ယူနိုင်ပြီး ဖုန်းဖြင့် ဝယ်ယူပါက Viber ဖြင့် လက်မှတ်ပို့ပေးကာ ကျသင့်ငွေကို စာတိုက်ဝန်ထမ်းက လာရောက် ကောက်ခံပေးပြီး ဝန်ဆောင်ခထပ်မံပေးရန် မလိုအပ်ကြောင်း သိရသည်။

Online Shopper လုပ်ငန်းအား အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလအထိ (၁၆၉)ခု ဆောင်ရွက်လျက်ရှိသော်လည်း ကယားပြည်နယ်တွင် ဆောင်ရွက်ခြင်း မရှိသေးကြောင်း သိရသည်။

Online Shopper လုပ်ဆောင်လိုသူများ အနဖြေင့် ကနဦး နှစ်စဉ်ကြေး (၂၂,ဝဝဝ) ပေးသွင်းရမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက် လိုကြောင်း လျှောက်လွှာနှင့်အတူ မှတ်ပုံတင်၊ အိမ်ထောင်စုဇယား၊ လုပ်ငန်းလိုင်စင် မိတ္တူများ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်များနှင့်အတူ လျှောက်ထားနိုင်ကြောင်း သိရသည်။

"ကျွန်မတို့ ကယားမှာက ဒီလိုဝန်ဆောင်မှုအသစ်တွေတိုးချဲ့ထားတာ လူသိနည်းနေသေးတယ်။ လေယာဉ်လက်မှတ်ဆိုလည်း မြန်မာ့လေကြောင်း ပြေးဆွဲတဲ့ ဘယ်ခရီးစဉ်မဆို ကျွန်မတို့ စာတိုက်တွေရှိတဲ့ နေရာတိုင်းမှာ ဝယ်လို့ရတယ်။ နောက်ကျွန်မတို့ဆီမှာ ခုထိ လာမလုပ်သေးတာက online shopping၊ online shopper လုပ်ငန်းတွေပေါ့။ ဒီလုပ်ငန်းလေးတွေကို ဖြစ်စေချင်တယ်။ တစ်ဦးတယောက်လောက် တနိုင်တစ်ပိုင် လုပ်တဲ့သူတွေဆို ပစ္စည်း လိုက်ပို့ရတာ ပိုက်ဆံ လိုက်ကောက်ရတာ တွေကို ကျွန်မတို့နဲ့ ချိတ်ထားရင် ကျွန်မတို့ စာပို့သမားတွေက ကိုယ်တိုင် ဒါတွေကို လိုက်လုပ်ပေးပါတယ်။ အခက်ခဲတစ်ခုက လုပ်ငန်း လိုင်စင်ပါရမယ်။ နောက် အခွန်စည်းကြပ်တာတွေရှိတော့ သိပ်မလာကြတော့ဘူးပေါ့" ဟု မြန်မာ့စာတိုက်လုပ်ငန်းပြည်နယ်မန်နေဂျာ ဒေါ်တင်တင်မြက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်နယ်တွင်း လုပ်ကိုင်လျှက်ရှိသော online shopping လုပ်ငန်းများမှာ တစ်ပိုင်တစ်နိုင်သာ လုပ်ကိုင်နကြခြေင်း ဖြစ်ပြီး လုပ်ငန်းလိုင်စင်နှင့် အခွန်စည်းကြပ်မှုများကြောင့် အနည်းငယ်ခက်ခဲကြောင်း online shopping လုပ်ကိုင်နေသည့် မလူစီး ကပြောသည်။

"လေယာဉ် လက်မှတ်တွေ ဝယ်လို့ရတာက အရမ်းကောင်းတယ်။ နောက် online shopping ကျတော့ ကျွန်မတို့က တစ်ပိုင်တစ်နိုင် ကိုယ့်ဝင်ငွေလေးပိုရအောင် လုပ်တာကျတော့ လုပ်ငန်းလိုင်စင်တွေ မရှိဘူးပေါ့။ တစ်ပိုင်တစ်နိုင်လေး ဆိုတော့ အမြတ်ကလည်း နည်းတယ်။ အခွန်စည်းကြပ်လိုက်ရင် ဘာမှ မကျန်တော့ဘူး။ စာတိုက် ရဲ့ဝန်ဆောင်မှုက ကောင်းပါတယ်။ ပစ္စည်းတွေကို လိုက်ပို့ပေးမယ်။ ပိုက်ဆံလည်း ကောက်ပေးမယ်။ နောက်ဝယ်တဲ့သူကလည်း ဒီကနေတဆင့်ဝယ်မယ်။ ငွေလွှဲတွေဘာတွေ လုပ်စရာမလိုတော့ ပိုအဆင်ပြေတာပေါ့။ ဒါပေမဲ့ ခုနပြောတဲ့ လုပ်ငန်းလိုင်စင်တို့ အခွန်စည်းကြပ်တာကျတော့ ကျွန်မတို့အတွက် အဆင်သိပ်မပြေတော့ဘူး " ဟု online shopping လုပ်ငန်းဆောင်ရွက်နေသည့် မလူစီးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ကယားပြည်နယ်၊ မြန်မာ့စာတိုက်လုပ်ငန်း မှ ပြည်တွင်းပြည်ပ ချေားပစ္စည်းများ ပေးပို့ခြင်းများကိုလည်း ဝန်ဆောင်မှုပေးနပြေီး ပြည်တွင်းချောပစ္စည်းများကို လွိုင်ကော်မြို့မှ နပြေည်တော်၊ ရန်ကုန်၊ မန္တလေး၊ မြို့တော်များအကြား ယနေ့ပို့ မနက်ဖြန် ရောက်စနစ်ဖြင့် ပေးပို့ ဆောင်ရွက်ပေးလျက်ရှိပြီး ပေးပို့သော ပြည်တွင်း အမြန်ချောပစ္စည်းများ လိပ်စာရှင်ထံ ရောက်ရှိမှုကိုလည်း စစ်ဆေးနိုင်ကြောင်း သိရသည်။

ယင်းအပြင် ပြည်ပရိုးရိုး ချောထုပ်များကို နိုင်ငံပေါင်း( ၃၂ ) နိုင်ငံနှင့် ပြည်ပအမြန်ချောပို့ကို နိုင်ငံပေါင်း(၁ဝ၂)နိုင်ငံသို့ လည်း ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။

ကယားပြည်နယ်တွင် စာတိုက်ပေါင်း (၁၅)ရုံးဖြင့် တံဆိပ်ခေါင်းရောင်းချခြင်း၊ စာအိတ်ရောင်းချခြင်း၊ ပြည်တွင်း/ ပြည်ပချောစာ/ ချောထုတ်များ လက်ခံပေးဝခြေင်း၊ ပြည်တွင်း အမြန်ချောလက်ခံခြင်း၊ ပေးဝခြေင်း၊ တယ်လီဖုန်းအခွန်ငွေ ကောက်ခံခြင်း၊ တယ်လီဖုန်း ဘီလ်ပေးဝခြေင်း လုပ်ငန်းများအပြင် အထူးဝန်ဆောင်မှု လုပ်ငန်းများ အဖြစ် ယနေ့ပို့ မနက်ဖြန်ရောက် အိမ်တိုင်ရာ ရောက်ပေးဝခြေင်း၊ နေ့ချင်းရောက် စာဝခြေင်း၊ (Same Day Delivery)၊ Hometown Product Delivery၊ အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့လုပ်ငန်း၊ @ Post၊ Online Shopping၊ Online shopper၊ C B Bank၊ My Kyats၊ e.Post System (Za)၊ OK $၊ မြန်မာ့လေကြောင်းလိုင်း၏ လေယာဉ်လက်မှတ်များရောင်းချပေးခြင်းတို့ကို ဝန်ဆောင်မှု ပေးနေကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~