တာခ်ီလိတ္တြင္ မူးယစ္ေဆး၀ယ္ယူသူထံက ကြင္းဆက္အေနျဖင့္ ေရာင္းခ်ေပးသူအား မူးယစ္ေဆး၀ါးမ်ဳိးစံုႏွင့္အတူ ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ မူးယစ္ေဆး၀ယ္ယူသူထံက ကြင္းဆက္အေနျဖင့္ ေရာင္းခ်ေပးသူအား မူးယစ္ေဆး၀ါးမ်ဳိးစံုႏွင့္အတူ ဖမ္းဆီးရမိ
ဇွန် 11, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၀)ရက္ေန႔က မူးယစ္ေဆး၀ါး ေရာင္းခ်သူႏွင့္ ဝယ္ယူသူ စုစုေပါင္း(၃)ဦးတို႔ကို မူးယစ္ေဆးမ်ိဳးစံုႏွင့္အတူ မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္က ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားသည္ သက္ေသမ်ားႏွင့္အတူ ဇြန္လ(၁၀)ရက္ေန႔ ေန႔လယ္ (၁)နာရီဝန္းက်င္တြင္ ဆန္ဆုိင္း(ခ)ရပ္ကြက္၊ ေဂါက္ကြင္းအနီး၊ ဝမ္မုိင္လမ္းတြင္ ဝမ္မုိင္ဘက္မွ ဆန္ဆုိင္း(ခ)ရပ္ကြက္ဘက္သို႔ အားေဆာ္ေမာင္းႏွင္ၿပီး အားေနာင္လုိက္ပါလာသည့္ ဆုိင္ကယ္အား ရပ္တန္႔ စစ္ေဆးရာ အားေဆာ္ထံမွ WY ေဆးျပား (၄၀၀)ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ဆက္လက္၍  မူးယစ္ေဆး၀ါး ၀ယ္ယူရရွိခဲ့သည့္ ေနရာအား ကြင္းဆက္အေနျဖင့္ စစ္ေဆးသိရွိခ်က္အရ ၎တို႔အား  မူးယစ္ေဆးေရာင္းခ်လိုက္သည့္ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ ဖတ္ဟိ(ေအာက္)ရြာေန အားကာႏွင့္ အားေလာင္တို႔၏ ေနအိမ္အား ညေန(၄)နာရီခြဲဝန္းက်င္တြင္ သြားေရာက္ရွာေဖြရာ အားေလာင္တစ္ဦးထဲကိုသာ ေနအိမ္တြင္ ေတြ႔ရၿပီး ေနအိမ္အတြင္းမွ  ဘိန္းျဖဴ(၁၅)ဂရမ္၊ စိတ္ၾကြေဆးျပား  (၁၆၀၀)ျပား၊ အုိက္စ္ (၂၈)ဂရမ္ခန္႔၊ ဘိန္းစိမ္း (၁.၀၁၆၃၃)ကီလိုခန္႔၊ ထိုင္းဘတ္ေငြ(၁.၆၉)သိန္း၊ ေရႊထည္မ်ိဳးစံု (၆၉)ဂရမ္တို႔ကို သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္(၁၅)ႏွစ္အရြယ္ အားေဆာ္ႏွင့္ အသက္ (၁၃)ႏွစ္အရြယ္ အားေနာင္၊ မူးယစ္ေဆးေရာင္းသူ အသက္(၂၈)ႏွစ္အရြယ္ အားေလာင္ႏွင့္ အသက္(၄၀)အရြယ္ အားကာတို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၄၆/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀(က)/၂၁ အရ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း -  စိုင္းေဇယ်ာ
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ် ဇွန်လ (၁၀)ရက်နေ့က မူးယစ်ဆေးဝါး ရောင်းချသူနှင့် ဝယ်ယူသူ စုစုပေါင်း(၃)ဦးတို့ကို မူးယစ်ဆေးမျိုးစုံနှင့်အတူ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်က ဖမ်းဆီးရမိထားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဇွန်လ(၁၀)ရက်နေ့ နေ့လယ် (၁)နာရီဝန်းကျင်တွင် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဂေါက်ကွင်းအနီး၊ ဝမ်မိုင်လမ်းတွင် ဝမ်မိုင်ဘက်မှ ဆန်ဆိုင်း(ခ)ရပ်ကွက်ဘက်သို့ အားဆော်မောင်းနှင်ပြီး အားနောင်လိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ အားဆော်ထံမှ WY ဆေးပြား (၄၀၀)ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါး ဝယ်ယူရရှိခဲ့သည့် နေရာအား ကွင်းဆက်အနဖြေင့် စစ်ဆေးသိရှိချက်အရ၎င်းတို့အား မူးယစ်ဆေးရောင်းချလိုက်သည့် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဖတ်ဟိ(အောက်)ရွာနေ အားကာနှင့် အားလောင်တို့၏ နေအိမ်အား ညနေ(၄)နာရီခွဲဝန်းကျင်တွင် သွားရောက်ရှာဖွေရာ အားလောင်တစ်ဦးထဲကိုသာ နေအိမ်တွင် တွေ့ရပြီး နေအိမ်အတွင်းမှ ဘိန်းဖြူ(၁၅)ဂရမ်၊ စိတ်ကြွဆေးပြား (၁၆၀၀)ပြား၊ အိုက်စ် (၂၈)ဂရမ်ခန့်၊ ဘိန်းစိမ်း (၁.ဝ၁၆၃၃)ကီလိုခန့်၊ ထိုင်းဘတ်ငွေ(၁.၆၉)သိန်း၊ ရွှေထည်မျိုးစုံ (၆၉)ဂရမ်တို့ကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၁၅)နှစ်အရွယ် အားဆော်နှင့် အသက် (၁၃)နှစ်အရွယ် အားနောင်၊ မူးယစ်ဆေးရောင်းသူ အသက်(၂၈)နှစ်အရွယ် အားလောင်နှင့် အသက်(၄၀)အရွယ် အားကာတို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၄၆/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~