က်ဳိင္းတံုအက်ဥ္းေထာင္တြင္ မူးယစ္အမႈဖြင့္ ေထာင္ဒဏ္(၁၅)ႏွစ္က်ခံေနရသည့္ တာခ်ီလိတ္မွ အမ်ဳိးသားတစ္ဦး ေဆးရံုတြင္ ကြယ္လြန္

က်ဳိင္းတံုအက်ဥ္းေထာင္တြင္ မူးယစ္အမႈဖြင့္ ေထာင္ဒဏ္(၁၅)ႏွစ္က်ခံေနရသည့္ တာခ်ီလိတ္မွ အမ်ဳိးသားတစ္ဦး ေဆးရံုတြင္ ကြယ္လြန္
ဇွန် 12, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုအက်ဥ္းေထာင္တြင္ မူးယစ္အမႈျဖင့္ ျပစ္ဒဏ္က်ခံေနရသည့္ အသက္(၃၉)ႏွစ္ အရြယ္ အက်ဥ္းသားတစ္ဦး ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၂)ရက္ေန႔က ေဆးရံုတြင္ ကြယ္လြန္ သြားေၾကာင္း သိရသည္။

ကြယ္လြန္သူ အသက္(၃၉)ႏွစ္၀န္းက်င္ရွိ စိုင္းက်န္သည္ တာခ်ီလိတ္၌ မူးယစ္ေဆး၀ါးအမႈျဖင့္ ဖမ္းဆီး ခံရရာမွ က်ဳိင္းတံုအက်ဥ္းေထာင္တြင္ ေထာင္ဒဏ္အျဖစ္ စုစုေပါင္း (၁၅)ႏွစ္  ျပစ္ဒဏ္က်ခံ ေနရသူျဖစ္ၿပီး ေသြးေပါင္ အလြန္က်ကာ သတိေကာင္းစြာ မရသျဖင့္ ဇြန္လ(၁၁)ရက္ေန႔ ေန႔လည္(၂)နာရီ၀န္းက်င္ အခ်ိန္က က်ဳိင္းတံုျပည္သူ႔ေဆးရံုသို႔ အေရးေပၚတင္ပို႔ ကုသထားရာမွ ဇြန္လ(၁၂)ရက္ေန႔ နံနက္(၉)နာရီအခ်ိန္က ကြယ္လြန္သြားျခင္း ျဖစ္ေၾကာင္း သိရသည္။

ေသဆံုးသူ စိုင္းက်န္သည္ က်ဳိင္းတံုအက်ဥ္းေထာင္တြင္ တာခ်ီလိတ္ခရိုင္တရားရံုး၏ ျပစ္မႈႀကီးအမွတ္ ၂၀/၁၄တြင္ မူး/စိတ္ပုဒ္မ ၁၅အရ ေထာင္ဒဏ္(၄)ႏွစ္ျဖင့္ လည္းေကာင္း၊ မူး/စိတ္ပုဒ္မ ၁၉(က)အရ ေထာင္ဒဏ္ (၁၁)ႏွစ္ (သီးျခားစီ)ျဖင့္လည္းေကာင္း စုစုေပါင္း ေထာင္ဒဏ္(၁၅)ႏွစ္ က်ခံေနရသူျဖစ္သည္။

အဆိုပါ ေသဆံုးမႈႏွင့္ ပတ္သက္၍ က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး သန္းထြန္းေအာင္ ႏွင့္ တပ္ဖြဲ႔၀င္မ်ားက က်ဳိင္းတံုျပည္သူ႔ ေဆးရံုႀကီးသို႔ သြားေရာက္စစ္ေဆးရာတြင္ ေဆးရံုတက္ေနရင္း ေသဆံုးေနသူ အက်ဥ္းသား စိုင္းက်န္၏ ခႏၶာကိုယ္တြင္ ျပင္ပဒဏ္ရာမ်ား ေတြ႔ရွိရျခင္းမရွိဘဲ ေသြးေပါင္အလြန္က်ကာ သတိေကာင္းစြာမရသျဖင့္ ေသဆံုးေၾကာင္းကို စစ္ေဆးေတြ႔ရွိရေၾကာင္း သိရသည္။

ဆက္လက္၍ ေသဆံုးသူႏွင့္ ပတ္သက္၍ ဥပေဒအရ ေသမႈေသခင္း အမွတ္စဥ္ (၂၇/၂၀၁၈)ျဖင့္ က်ဳိင္းတံုၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထားရွိကာ စစ္ေဆးေနလွ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံအကျဉ်းထောင်တွင် မူးယစ်အမှုဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အသက်(၃၉)နှစ်အရွယ် အကျဉ်းသားတစ်ဦး ၂၀၁၈ ခုနှစ် ဇွန်လ (၁၂)ရက်နေ့က ဆေးရုံတွင် ကွယ်လွန် သွားကြောင်း သိရသည်။

ကွယ်လွန်သူ အသက်(၃၉)နှစ်ဝန်းကျင်ရှိ စိုင်းကျန်သည် တာချီလိတ်၌ မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီး ခံရရာမှ ကျိုင်းတုံအကျဉ်းထောင်တွင် ထောင်ဒဏ်အဖြစ် စုစုပေါင်း (၁၅)နှစ် ပြစ်ဒဏ်ကျခံ နေရသူဖြစ်ပြီး သွေးပေါင် အလွန်ကျကာ သတိကောင်းစွာ မရသဖြင့် ဇွန်လ(၁၁)ရက်နေ့ နေ့လည်(၂)နာရီဝန်းကျင် အချိန်က ကျိုင်းတုံပြည်သူ့ဆေးရုံသို့ အရေးပေါ်တင်ပို့ ကုသထားရာမှ ဇွန်လ(၁၂)ရက်နေ့ နံနက်(၉)နာရီအချိန်က ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ စိုင်းကျန်သည် ကျိုင်းတုံအကျဉ်းထောင်တွင် တာချီလိတ်ခရိုင်တရားရုံး၏ ပြစ်မှုကြီးအမှတ် ၂၀/၁၄တွင် မူး/စိတ်ပုဒ်မ ၁၅အရ ထောင်ဒဏ်(၄)နှစ်ဖြင့် လည်းကောင်း၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ ထောင်ဒဏ် (၁၁)နှစ် (သီးခြားစီ)ဖြင့်လည်းကောင်း စုစုပေါင်း ထောင်ဒဏ်(၁၅)နှစ် ကျခံနေရသူဖြစ်သည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သန်းထွန်းအောင် နှင့် တပ်ဖွဲ့ဝင်များက ကျိုင်းတုံပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်စစ်ဆေးရာတွင် ဆေးရုံတက်နေရင်း သေဆုံးနေသူ အကျဉ်းသား စိုင်းကျန်၏ ခန္ဓာကိုယ်တွင် ပြင်ပဒဏ်ရာများ တွေ့ရှိရခြင်းမရှိဘဲ သွေးပေါင်အလွန်ကျကာ သတိကောင်းစွာမရသဖြင့် သေဆုံးကြောင်းကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍ သေဆုံးသူနှင့် ပတ်သက်၍ ဥပဒေအရ သေမှုသေခင်း အမှတ်စဉ် (၂၇/၂၀၁၈)ဖြင့် ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်ထားရှိကာ စစ်ဆေးနေလျှက်ရှိကြောင်း သိရှိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~