အျပည္ျပည္ဆိုင္ရာ မူးယစ္ ေဆးဝါး အလြဲသံုးမႈတိုက္ဖ်က္ေရးေန႔ အခမ္းအနား လားရိႈးၿမိဳ႕တြင္ က်င္းပ

အျပည္ျပည္ဆိုင္ရာ မူးယစ္ ေဆးဝါး အလြဲသံုးမႈတိုက္ဖ်က္ေရးေန႔ အခမ္းအနား လားရိႈးၿမိဳ႕တြင္ က်င္းပ
ဇွန် 26, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) လားရႈိးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမတြင္ (၃၁) ႀကိမ္ေျမာက္ အျပည္ျပည္ဆိုင္ရာ မူးယစ္ ေဆးဝါး အလြဲသံုးမႈတိုက္ဖ်က္ေရးေန႔ အခမ္းအနားကို ၂၀၁၈ ခုနွစ္၊ ဇြန္လ (၂၆) ရက္ေန႔ နံနက္ပိုင္းက က်င္းပရာ အထိမ္းအမွတ္အႀကိဳၿပိဳင္ပြဲမ်ားမွ ဆုရ ေဆာင္းပါး၊ ကဗ်ာ၊ ပန္းခ်ီ၊ ကြန္ပ်ဴတာပန္းခ်ီမ်ား၊ အသိပညာေပးျပခန္းမ်ားတြင္ ထည့္သြင္းျပသထားေၾကာင္း သိရသည္။

လားရႈိးၿမိဳ႕နယ္အတြင္း က်င္းပခဲ့သည့္ အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါးအလြဲသံုးမႈ တိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ ၿပိဳင္ပြဲမ်ားတြင္ ပါဝင္ယွဥ္ၿပိဳင္ခ့ဲၾကသည့္ အေျခခံပညာသင္ေက်ာင္းမ်ား၊ တကၠသိုလ္မ်ား၊ သူနာျပဳသင္တန္း ေက်ာင္းမ်ားမွ ဆုရရွိသူမ်ားကိုလည္း အဆိုပါအခမ္းအနားတြင္ ဆုမ်ားအသီးသီးခ်ီးျမႇင့္ခ့ဲေၾကာင္း သိရသည္။

အဆိုပါအခမ္းအနားသို႔ စစ္ဖက္ဆိုင္ရာ အႀကီးအကဲမ်ား ႏွင့္ ဌာနဆုိင္ရာ အႀကီးအကဲမ်ား၊ တာဝန္ရိွသူမ်ားႏွင့္ ေက်ာင္းသူေက်ာင္းသားမ်ားအပါအဝင္ စုစုေပါင္း လူဦးေရ (၆၀၀) ခန္႔ တက္ေရာက္ခ့ဲၾကေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ မြို့တော်ခန်းမတွင် (၃၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့ နံနက်ပိုင်းက ကျင်းပရာ အထိမ်းအမှတ်အကြိုပြိုင်ပွဲများမှ ဆုရ ဆောင်းပါး၊ ကဗျာ၊ ပန်းချီ၊ ကွန်ပျူတာပန်းချီများ၊ အသိပညာပေးပြခန်းများတွင် ထည့်သွင်းပြသထားကြောင်း သိရသည်။

လားရှိုးမြို့နယ်အတွင်း ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အခြေခံပညာသင်ကျောင်းများ၊ တက္ကသိုလ်များ၊ သူနာပြုသင်တန်း ကျောင်းများမှ ဆုရရှိသူများကိုလည်း အဆိုပါအခမ်းအနားတွင် ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ စစ်ဖက်ဆိုင်ရာ အကြီးအကဲများ နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ကျောင်းသူကျောင်းသားများအပါအဝင် စုစုပေါင်း လူဦးရေ (၆၀၀) ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~