ကယားျပည္နယ္တြင္ ယမ္းႏွင့္ဆက္စပ္ပစၥည္းမ်ားဖမ္းဆီးရမိမႈအား စံုစမ္းစစ္ေဆးမႈ တစ္ပတ္အတြင္း တိုးတက္မႈမရိွပါက ျပည္ေထာင္စုအဆင့္ အကူအညီေတာင္းမည္ဟု စံုစမ္းေရးအဖြဲ႕အား ဝန္ႀကီးခ်ဳပ္က သတိေပးထား

ကယားျပည္နယ္တြင္ ယမ္းႏွင့္ဆက္စပ္ပစၥည္းမ်ားဖမ္းဆီးရမိမႈအား စံုစမ္းစစ္ေဆးမႈ တစ္ပတ္အတြင္း တိုးတက္မႈမရိွပါက ျပည္ေထာင္စုအဆင့္ အကူအညီေတာင္းမည္ဟု စံုစမ္းေရးအဖြဲ႕အား ဝန္ႀကီးခ်ဳပ္က သတိေပးထား
ဇွန် 13, 2018
By Tachileik News Agency

ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕တြင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ဦးေဆာင္သည့္အဖြဲ႔က စစ္ေဆးေတြ႔ရိွထားသည့္ ယမ္းႏွင့္ ဆက္စပ္ပစၥည္းမ်ား တရားမဝင္သိုေလွာင္ထားမႈႏွင့္ပတ္သက္၍ သက္ဆုိင္ရာဌာနမ်ား ပါဝင္သည့္ အထူးစံုစမ္းေရးအဖြဲ႕၏ တစ္ပတ္အတြင္း စံုစမ္းမႈမ်ား အားနည္းသျဖင့္  တစ္ပတ္ၾကာ အခ်ိန္ထပ္တိုး ေပးထားၿပီး လုပ္ေဆာင္မႈ အားနည္းပါက ျပည္ေထာင္စုအဆင့္ တင္ျပ အကူအညီေတာင္း သြားမည္ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္က သတိေပးထားသည္။

“ဘယ္သူ႔ကိုမွ သက္ညႇာလုိ႔မရဘူး။ ဘယ္သူ႔မ်က္ႏွာကိုမွ မေထာက္ဘူး။ ဥပေဒအရ ေလွ်ာ့ေပးလည္း ရတယ္ဆိုတာ မရခ်င္ဘူး။ ဒါဟာ ဥပမာေကာင္းျဖစ္ရမယ္။ ဒီေက့စ္ကို စစ္ေဆးမႈ အားရေက်နပ္မႈမရိွရင္ ျပည္ေထာင္စုကို တင္သြားမယ္။ အဂတိကို တင္ျပသြားမယ္။ ဒါကိုေတာ့ ေကာ္မတီဝင္ေတြအားလံုး၊ ကတ္ဘိနက္ဝင္ေတြ အားလံုး သိထားရမယ္။ ေနာက္တစ္ပတ္အတြင္း ပါဝင္ ပတ္သက္သူအားလံုးကို ေဖၚထုတ္ရပါမယ္။ တစ္ပတ္အတြင္းမွာ ဆက္စပ္ ေဖၚထုတ္ႏုိင္တဲ့ အေျခအေနကို တင္ျပရမယ္။ မရရင္ ျပည္ေထာင္စုကို တင္မယ္။ မဟုတ္ရင္ အခ်ိန္ေတြ ၾကာသြားလိမ့္မယ္။ တင္ျပလာတဲ့ ရလဒ္အေပၚ မူတည္ၿပီးေတာ့ အားရေက်နပ္စရာမရိွရင္ေတာ့့ ျပည္ေထာင္စုကို အကူအညီေတာင္းလုိက္ေတာ့မယ္။ ဒီေလာက္အခ်ိန္ေတြယူေနရရင္ မဟုတ္ဘူး။ ေတြ႕ရိွမႈကို မီဒီယာကိုလည္း ခ်ျပပါ။ ဒါက ေကာ္မတီရဲ႕ လုပ္ေဆာင္မႈအေပၚ မူတည္တယ္။ ဒီအခ်ိန္အတြင္းမွာ ကၽြန္ေတာ္တုိ႔ ေကာ္မတီေတြ အထူးႀကိဳးစားၾကရေအာင္ပါ” ဟု ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရိႈက အထူးစံုစမ္းေရး အဖြဲ႕အား ဇြန္လ (၁၁)ရက္ေန႔က ေတြ႔ဆံုရာတြင္ ေျပာၾကားလုိက္သည္။

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးေဆာင္သည့္အဖြဲ႕က လြဳိင္ေကာ္ၿမိဳ႕၊ စက္မႈဇုန္အတြင္းသုိ႔ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၃) ရက္ေန႔တြင္ ေရွာင္တခင္ ဝင္ေရာက္စစ္ေဆးခဲ့ၿပီး မ်က္ျမင္ေတြ႕ရွိရသည့္ ယမ္းႏွင့္ ဆက္စပ္ပစၥည္းမ်ား၊ သတၳဳသန္႔စင္ရာတြင္ အသုံးျပဳသည္ဟု ယူဆရေသာ သတၳဳသန္႔စင္ပစၥည္းမ်ား၊ ဓါတ္ခြဲခန္းသုံးပစၥည္းမ်ား သိမ္းဆည္းရမိမႈႏွင့္ ပတ္သက္ၿပီး သက္ဆုိင္ရာ ဌာနမ်ားက ကနဦး စစ္ေဆး ေတြ႕ရွိခ်က္မ်ားအား ၂၀၁၈ ခုႏွစ္ ဇြန္လ (၄)ရက္ေန႔တြင္ တင္ျပေဆာင္ရြက္ေစခဲ့ၿပီး ယင္းေန႔မွာပင္ ဆက္စပ္စစ္ေဆးရရွိမႈမ်ားႏွင့္ ပတ္သက္၍ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး၊ လမ္းပန္းဆက္သြယ္ေရးႏွင့္ လ်ွပ္စစ္ဝန္ႀကီး၊ သယံဇာတႏွင့္ သဘာဝပတ္၀န္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး၊ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္အစုိးရအဖြဲ႕ အတြင္းေရးမွဴးႏွင့္ သက္ဆုိင္ရာဌာန တာ၀န္ရွိသူမ်ားႏွင့္ ေဆြးေႏြးကာ စစ္ေဆးမည့္ ပူးေပါင္းအဖြဲ႕အား ဖြဲ႕စည္းေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ပူးေပါင္းစစ္ေဆးေရးအဖြဲ႕အေနျဖင့္ အဆိုပါ ဖမ္းဆီးရမိမႈႏွင့္ပတ္သက္၍ ဆက္စပ္မႈမ်ားအား ေဖၚထုတ္ရန္ႏွင့္ ျပည္နယ္ဥပေဒခ်ဳပ္အေနျဖင့္ အဆုိပါ ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး မွန္မွန္ကန္ကန္၊ လ်င္ျမန္ ေခ်ာေမြ႕စြာျဖင့္ ထိထိေရာက္ေရာက္ ေဆာင္ရြက္ႏုိင္ေရးအတြက္ သက္ဆုိင္ရာဌာနမ်ားသုိ႔ ဥပေဒအႀကံေပး ေဆာင္ရြက္သြားရန္ ညြန္ၾကားထားၿပီး တစ္ပတ္အတြင္း ေတြ႔ရိွခ်က္မ်ားအား ဇြန္လ (၁၁)ရက္ေန႔က ျပည္နယ္အစိုးရအဖြဲ႕ရံုးတြင္ ေဆြးေႏြးရာ၌ စံုစမ္းေရးအဖြဲ႕အေနျဖင့္ သံုးသပ္ခ်က္တင္ျပႏုိင္ျခင္းမရိွသျဖင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္က ယင္းကဲ့သို႔ သတိေပးလုိက္ျခင္းျဖစ္သည္။

“ခင္ဗ်ားတုိ႔ဗ်ာ အလုပ္ လုပ္တာ စနစ္ကို မက်ဘူး။ ခင္ဗ်ားတို႔ အလုပ္လုပ္တာ တကယ္ကို ၾကည့္လို႔ကို မရဘူး။ ဥပေဒလုပ္ထံုးအရ အလုပ္လုပ္ၾကစမ္းပါဗ်ာ ဝန္ထမ္းေတြပဲ။ ကၽြန္ေတာ္က ဝန္ထမ္းေတြ ဂုဏ္ရိွေစခ်င္တယ္”ဟု ျပည္နယ္ဝန္ႀကီးခ်ဳပ္က ေျပာၾကားလိုက္သည္။

အမႈႏွင့္ဆက္စပ္သူအခ်ိဳ႕အား လက္ရိွအခ်ိန္ထိ အေရးယူစစ္ေဆးျခင္း မရိွေသးမႈႏွင့္ ပတ္သက္၍လည္း ျပည္နယ္ဥပေဒခ်ဳပ္ႏွင့္ ျပည္သူ႔ရဲတပ္ဖြဲ႕ကို ဝန္ႀကီးခ်ဳပ္က ေမးခြန္းထုတ္လုိက္ၿပီး စံုစမ္းေရးေကာ္မတီ အေနျဖင့္ တင္ျပမႈ အားနည္းျခင္းကိုလည္း ေထာက္ျပ ေျပာဆိုလုိက္သည္။

“ေကာ္မတီဖြဲ႕ထားေပးတဲ့လူေတြက တင္ျပေပးႏုိင္ရမယ္။ ပထမအဆင့္ေတာ့ ဘာေတြလုပ္ထားပါၿပီ။ ဒုတိယအဆင့္က ဘာလုပ္ေနပါတယ္။ ဘာေတြက ေရွရွည္ဆက္လုပ္ေနပါတယ္ တင္ျပေပးႏုိင္ရမယ္။ ဒါမွသာလွ်င္ ကၽြန္ေတာ္က လိုအပ္တာ လုပ္ေပးႏုိင္မယ္။ အခုက ေမးမွပဲ ဒီလိုေျပာၾကေတာ့တယ္။ ဌာနဆုိင္ရာေတြ တင္ျပမႈ သိပ္အားနည္းတယ္။ ကိုယ္ကိုတုိင္လည္း တာဝန္ယူမႈ၊ တာဝန္ခံမႈလည္း လုပ္ေဆာင္မႈလည္း အားနည္းတယ္။ ျပည္သူေတြက ဒီလိုအဖြဲ႕စံုနဲ႔ လုပ္ေနတာကို စိတ္ဝင္စားေနၾကတယ္။ သြားဖမ္းတာမွာ အဖြဲ႔စံုပါတယ္။ ယူေဆာင္လာတာကလည္း တရားမဝင္ဘူး။ ဥပေဒခ်ဳပ္က ထိေရာက္တဲ့ ဥပေဒအႀကံ ျမန္ျမန္ေပးေပးစမ္းပါ။ အခုက တရားခံမိတယ္။ ယူလာတာက တရားမဝင္ဘူး။ တရားဥပေဒနဲ႔ မညီတဲ့ေနရာမွေတြမွာ ေက်ာက္မိုင္းခြဲဖို႔ျဖစ္တယ္။ ဒါေၾကာင့္ ဖမ္းဆီးထားတယ္။ ဆက္စပ္ ေဖၚထုတ္ေနတယ္။ ကြင္းဆက္ေတြ ေဖၚထုတ္ေနတယ္ဆုိတာ သံုးသပ္ခ်က္ပဲ။ ဒါကိုေတာ့ မီဒီယာကို တင္ျပေပးႏုိင္ရမယ္။ ျပည္သူေတြအေနနဲ႔ ေတာင္ထင္ေျမာက္ထင္မျဖစ္ေအာင္ လုပ္စမ္းပါအံုး”ဟု ဝန္ႀကီးခ်ဳပ္က ေျပာဆိုလိုက္သည္။

အဆိုပါ ဖမ္းဆီးရမိမႈ အေပၚ စိစစ္ေတြ႕ရွိခ်က္မ်ားႏွင့္ ေဆာင္ရြက္ထားရွိမႈ အေျခအေနမ်ားအား ခ်ျပရွင္းလင္းသည့္ လုပ္ငန္းညႇိႏႈိင္း အစည္းအေဝးအား ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၁)ရက္ေန႔ ညေန (၃)နာရီအခ်ိန္က ကယားျပည္နယ္အစုိးရအဖြဲ႕ရုံး၊ Cabinet အစည္းအေဝးခန္းမတြင္ က်င္းပျပဳလုပ္ခဲ့ရာ ကယားျပည္နယ္ အစုိးရအဖြဲ႕၊ ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္အစုိးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္၊ သက္ဆုိင္ရာ ဌာနအႀကီးအကဲမ်ား၊ ပူးေပါင္းစစ္ေဆးေရးအဖြဲ႕ဝင္မ်ား တက္ေရာက္ခဲ့ၾကျခင္းျဖစ္သည္။

လုပ္ငန္းညႇိႏႈိင္း အစည္းအေဝးတြင္ ကယားျပည္နယ္ ရဲတပ္ဖြဲ႕မွဴး၊ ရဲမွဴးႀကီး ဝင္းၾကည္၏ တင္ျပခ်က္အရ ဖမ္းဆီးရမိသည့္ ယမ္းႏွင့္ ဆက္စပ္ပစၥည္းမ်ားကို ဂိုေထာင္ငွားရမ္းထားသည့္ အားတံု(ခ) ျမျမစိမ္းက အြန္လုိင္းမွတစ္ဆင့္ ယြမ္တစ္ေသာင္းဖိုးဝယ္ယူကာ ဂိုေထာင္အေရာက္ဝန္ေဆာင္မႈ ယြမ္ႏွစ္ေသာင္းေပး၍ မွာယူခဲ့ျခင္းျဖစ္ၿပီး မူဆယ္ - လားရႈိး - မႏၱေလးလမ္းေၾကာင္းမွ လြဳိင္ေကာ္သုိ႔ သယ္ယူခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အားတုံ (ခ) ျမျမစိမ္းသည္ ေငြႏွင္းေတာင္ကုမၸဏီအေနျဖင့္ မိတ္ေဆြ တရုတ္ႏုိင္ငံသား Shu Jihai အား ျပည္နယ္တြင္း Business Visa ျဖင့္ ဝင္ေရာက္ႏုိင္ေရး ေဆာင္ရြက္ေပးျခင္း၊ Shu Jihai အား ျပည္နယ္အတြင္း ေနထုိင္ႏုိင္ေရး ေဆာင္ရြက္ေပးျခင္း၊ ဆက္စပ္ပစၥည္းမ်ား သုိေလွာင္ထားရန္ သုိေလွာင္ရုံႏွင့္ စကားျပန္ ငွားရမ္းေပးျခင္း၊ တရုတ္ႏုိင္ငံသားမ်ားႏွင့္ လုပ္ငန္းစပ္တူ လုပ္ကုိင္ရန္အတြက္ ေက်ာက္မုိင္းခြဲျခင္း လုပ္ငန္းတြင္ လုိအပ္ေသာ ယမ္းႏွင့္ ဒီတုိနီတာမ်ားကုိ Wechat မွတစ္ဆင့္ တရုတ္ႏုိင္ငံရွိ ယမ္းေရာင္းဝယ္ေရး လုပ္ငန္းမ်ားျဖင့္ ဆက္သြယ္ မွာယူျခင္း၊ အဆိုပါ ပစၥည္းမ်ားအတြက္ တရုတ္ႏုိင္ငံ၊ ေရႊလီ ၿမဳိ႕ရွိ သူငယ္ခ်င္းျဖစ္သူ အားရွန္ အကူအညီျဖင့္ ေငြေပးေခ်ျခင္းမ်ားကို လုပ္ေဆာင္ခဲ့ေၾကာင္း စစ္ေဆးသိရိွရေၾကာင္း တင္ျပထားသည္။

လက္ရိွတြင္ ဖမ္းဆီးရမိထားသည့္ အားတုံအား လက္နက္ ဥပေဒပုဒ္မ ၁၉ (စ) အရ အမႈဖြင့္ ထိန္းသိမ္းထားေၾကာင္း သိရသည္။

လိြဳင္ေကာ္ၿမိဳ႕ ႏြားလဝိုးစက္မႈဇုန္အတြင္း ကားႀကီးဝင္းေဖၚေဆာင္မည့္ေနရာရိွ သုိေလွာင္ရုံတြင္ သစ္၊ သတၳဳထုတ္လုပ္ရာတြင္ အသုံးျပဳသည့္ စက္ယႏၱရားပစၥည္းမ်ား၊ ယမ္း ႏွင့္ ဆက္စပ္ပစၥည္းမ်ား ဖမ္းဆီးရမိထားျခင္းအား စံုစမ္းေဖၚထုတ္ေနျခင္းျဖစ္သည္။

သတင္း - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~


ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သည့်အဖွဲ့က စစ်ဆေးတွေ့ရှိထားသည့် ယမ်းနှင့် ဆက်စပ်ပစ္စည်းများ တရားမဝင်သိုလှောင်ထားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများ ပါဝင်သည့် အထူးစုံစမ်းရေးအဖွဲ့၏ တစ်ပတ်အတွင်း စုံစမ်းမှုများ အားနည်းသဖြင့် တစ်ပတ်ကြာ အချိန်ထပ်တိုး ပေးထားပြီး လုပ်ဆောင်မှု အားနည်းပါက ပြည်ထောင်စုအဆင့် တင်ပြ အကူအညီတောင်း သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က သတိပေးထားသည်။

“ဘယ်သူ့ကိုမှ သက်ညှာလို့မရဘူး။ ဘယ်သူ့မျက်နှာကိုမှ မထောက်ဘူး။ ဥပဒေအရ လျှော့ပေးလည်း ရတယ်ဆိုတာ မရချင်ဘူး။ ဒါဟာ ဥပမာကောင်းဖြစ်ရမယ်။ ဒီကေ့စ်ကို စစ်ဆေးမှု အားရကျေနပ်မှုမရှိရင် ပြည်ထောင်စုကို တင်သွားမယ်။ အဂတိကို တင်ပြသွားမယ်။ ဒါကိုတော့ ကော်မတီဝင်တွေအားလုံး၊ ကတ်ဘိနက်ဝင်တွေ အားလုံး သိထားရမယ်။ နောက်တစ်ပတ်အတွင်း ပါဝင် ပတ်သက်သူအားလုံးကို ဖော်ထုတ်ရပါမယ်။ တစ်ပတ်အတွင်းမှာ ဆက်စပ် ဖော်ထုတ်နိုင်တဲ့ အခြေအနေကို တင်ပြရမယ်။ မရရင် ပြည်ထောင်စုကို တင်မယ်။ မဟုတ်ရင် အချိန်တွေ ကြာသွားလိမ့်မယ်။ တင်ပြလာတဲ့ ရလဒ်အပေါ် မူတည်ပြီးတော့ အားရကျေနပ်စရာမရှိရင်တော့ ပြည်ထောင်စုကို အကူအညီတောင်းလိုက်တော့မယ်။ ဒီလောက်အချိန်တွေယူနေရရင် မဟုတ်ဘူး။ တွေ့ရှိမှုကို မီဒီယာကိုလည်း ချပြပါ။ ဒါက ကော်မတီရဲ့ လုပ်ဆောင်မှုအပေါ် မူတည်တယ်။ ဒီအချိန်အတွင်းမှာ ကျွန်တော်တို့ ကော်မတီတွေ အထူးကြိုးစားကြရအောင်ပါ” ဟု ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အထူးစုံစမ်းရေး အဖွဲ့အား ဇွန်လ (၁၁)ရက်နေ့က တွေ့ဆုံရာတွင် ပြောကြားလိုက်သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့်အဖွဲ့က လွိုင်ကော်မြို့၊ စက်မှုဇုန်အတွင်းသို့ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၃) ရက်နေ့တွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး မျက်မြင်တွေ့ရှိရသည့် ယမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ သတ္ထုသန့်စင်ရာတွင် အသုံးပြုသည်ဟု ယူဆရသော သတ္ထုသန့်စင်ပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ သိမ်းဆည်းရမိမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနများက ကနဦး စစ်ဆေး တွေ့ရှိချက်များအား ၂၀၁၈ ခုနှစ် ဇွန်လ (၄)ရက်နေ့တွင် တင်ပြဆောင်ရွက်စေခဲ့ပြီး ယင်းနေ့မှာပင် ဆက်စပ်စစ်ဆေးရရှိမှုများနှင့် ပတ်သက်၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် ဆွေးနွေးကာ စစ်ဆေးမည့် ပူးပေါင်းအဖွဲ့အား ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပူးပေါင်းစစ်ဆေးရေးအဖွဲ့အနဖြေင့် အဆိုပါ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ဆက်စပ်မှုများအား ဖော်ထုတ်ရန်နှင့် ပြည်နယ်ဥပဒေချုပ်အနဖြေင့် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မှန်မှန်ကန်ကန်၊ လျင်မြန် ချောမွေ့စွာဖြင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ ဥပဒေအကြံပေး ဆောင်ရွက်သွားရန် ညွန်ကြားထားပြီး တစ်ပတ်အတွင်း တွေ့ရှိချက်များအား ဇွန်လ (၁၁)ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ဆွေးနွေးရာ၌ စုံစမ်းရေးအဖွဲ့အနဖြေင့် သုံးသပ်ချက်တင်ပြနိုင်ခြင်းမရှိသဖြင့် ပြည်နယ်ဝန်ကြီးချုပ်က ယင်းကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။

“ခင်ဗျားတို့ဗျာ အလုပ် လုပ်တာ စနစ်ကို မကျဘူး။ ခင်ဗျားတို့ အလုပ်လုပ်တာ တကယ်ကို ကြည့်လို့ကို မရဘူး။ ဥပဒေလုပ်ထုံးအရ အလုပ်လုပ်ကြစမ်းပါဗျာ ဝန်ထမ်းတွေပဲ။ ကျွန်တော်က ဝန်ထမ်းတွေ ဂုဏ်ရှိစေချင်တယ်”ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားလိုက်သည်။

အမှုနှင့်ဆက်စပ်သူအချို့အား လက်ရှိအချိန်ထိ အရေးယူစစ်ဆေးခြင်း မရှိသေးမှုနှင့် ပတ်သက်၍လည်း ပြည်နယ်ဥပဒေချုပ်နှင့် ပြည်သူ့ရဲတပ်ဖွဲ့ကို ဝန်ကြီးချုပ်က မေးခွန်းထုတ်လိုက်ပြီး စုံစမ်းရေးကော်မတီ အနဖြေင့် တင်ပြမှု အားနည်းခြင်းကိုလည်း ထောက်ပြ ပြောဆိုလိုက်သည်။

“ကော်မတီဖွဲ့ထားပေးတဲ့လူတွေက တင်ပြပေးနိုင်ရမယ်။ ပထမအဆင့်တော့ ဘာတွေလုပ်ထားပါပြီ။ ဒုတိယအဆင့်က ဘာလုပ်နေပါတယ်။ ဘာတွေက ရှေရှည်ဆက်လုပ်နေပါတယ် တင်ပြပေးနိုင်ရမယ်။ ဒါမှသာလျှင် ကျွန်တော်က လိုအပ်တာ လုပ်ပေးနိုင်မယ်။ အခုက မေးမှပဲ ဒီလိုပြောကြတော့တယ်။ ဌာနဆိုင်ရာတွေ တင်ပြမှု သိပ်အားနည်းတယ်။ ကိုယ်ကိုတိုင်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုလည်း လုပ်ဆောင်မှုလည်း အားနည်းတယ်။ ပြည်သူတွေက ဒီလိုအဖွဲ့စုံနဲ့ လုပ်နေတာကို စိတ်ဝင်စားနကြေတယ်။ သွားဖမ်းတာမှာ အဖွဲ့စုံပါတယ်။ ယူဆောင်လာတာကလည်း တရားမဝင်ဘူး။ ဥပဒေချုပ်က ထိရောက်တဲ့ ဥပဒေအကြံ မြန်မြန်ပေးပေးစမ်းပါ။ အခုက တရားခံမိတယ်။ ယူလာတာက တရားမဝင်ဘူး။ တရားဥပဒေနဲ့ မညီတဲ့နေရာမှတွေမှာ ကျောက်မိုင်းခွဲဖို့ဖြစ်တယ်။ ဒါကြောင့် ဖမ်းဆီးထားတယ်။ ဆက်စပ် ဖော်ထုတ်နေတယ်။ ကွင်းဆက်တွေ ဖော်ထုတ်နေတယ်ဆိုတာ သုံးသပ်ချက်ပဲ။ ဒါကိုတော့ မီဒီယာကို တင်ပြပေးနိုင်ရမယ်။ ပြည်သူတွေအနေနဲ့ တောင်ထင်မြောက်ထင်မဖြစ်အောင် လုပ်စမ်းပါအုံး”ဟု ဝန်ကြီးချုပ်က ပြောဆိုလိုက်သည်။

အဆိုပါ ဖမ်းဆီးရမိမှု အပေါ် စိစစ်တွေ့ရှိချက်များနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ချပြရှင်းလင်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ၂၀၁၈ ခုနှစ် ဇွန်လ (၁၁)ရက်နေ့ ညနေ (၃)နာရီအချိန်က ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ Cabinet အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ သက်ဆိုင်ရာ ဌာနအကြီးအကဲများ၊ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ကယားပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ဝင်းကြည်၏ တင်ပြချက်အရ ဖမ်းဆီးရမိသည့် ယမ်းနှင့် ဆက်စပ်ပစ္စည်းများကို ဂိုထောင်ငှါးရမ်းထားသည့် အားတုံ(ခ) မြမြစိမ်းက အွန်လိုင်းမှတစ်ဆင့် ယွမ်တစ်သောင်းဖိုးဝယ်ယူကာ ဂိုထောင်အရောက်ဝန်ဆောင်မှု ယွမ်နှစ်သောင်းပေး၍ မှာယူခဲ့ခြင်းဖြစ်ပြီး မူဆယ် - လားရှိုး - မန္တလေးလမ်းကြောင်းမှ လွိုင်ကော်သို့ သယ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အားတုံ (ခ) မြမြစိမ်းသည် ငွေနှင်းတောင်ကုမ္ပဏီအနဖြေင့် မိတ်ဆွေ တရုတ်နိုင်ငံသား Shu Jihai အား ပြည်နယ်တွင်း Business Visa ဖြင့် ဝင်ရောက်နိုင်ရေး ဆောင်ရွက်ပေးခြင်း၊ Shu Jihai အား ပြည်နယ်အတွင်း နေထိုင်နိုင်ရေး ဆောင်ရွက်ပေးခြင်း၊ ဆက်စပ်ပစ္စည်းများ သိုလှောင်ထားရန် သိုလှောင်ရုံနှင့် စကားပြန် ငှါးရမ်းပေးခြင်း၊ တရုတ်နိုင်ငံသားများနှင့် လုပ်ငန်းစပ်တူ လုပ်ကိုင်ရန်အတွက် ကျောက်မိုင်းခွဲခြင်း လုပ်ငန်းတွင် လိုအပ်သော ယမ်းနှင့် ဒီတိုနီတာများကို Wechat မှတစ်ဆင့် တရုတ်နိုင်ငံရှိ ယမ်းရောင်းဝယ်ရေး လုပ်ငန်းများဖြင့် ဆက်သွယ် မှာယူခြင်း၊ အဆိုပါ ပစ္စည်းများအတွက် တရုတ်နိုင်ငံ၊ ရွှေလီ မြို့ရှိ သူငယ်ချင်းဖြစ်သူ အားရှန် အကူအညီဖြင့် ငွေပေးချခြေင်းများကို လုပ်ဆောင်ခဲ့ကြောင်း စစ်ဆေးသိရှိရကြောင်း တင်ပြထားသည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသည့် အားတုံအား လက်နက် ဥပဒေပုဒ်မ ၁၉ (စ) အရ အမှုဖွင့် ထိန်းသိမ်းထားကြောင်း သိရသည်။

လွိုင်ကော်မြို့ နွားလဝိုးစက်မှုဇုန်အတွင်း ကားကြီးဝင်းဖော်ဆောင်မည့်နေရာရှိ သိုလှောင်ရုံတွင် သစ်၊ သတ္ထုထုတ်လုပ်ရာတွင် အသုံးပြုသည့် စက်ယန္တရားပစ္စည်းများ၊ ယမ်း နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိထားခြင်းအား စုံစမ်းဖော်ထုတ်နခြေင်းဖြစ်သည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~