Page Nav

HIDE

Page Nav

HIDE

Grid

GRID_STYLE

Grid

GRID_STYLE

Classic Header

{fbt_classic_header}

Header Ad

//

Breaking News

latest

ဆောင်းပါးများ

//

အေကာက္ခြန္မဲ့ တင္သြင္းလာသည့္ စားေသာက္ကုန္၊ လူသံုးကုန္မ်ားအား လားရႈိးတြင္ မီးရိႈ႕ဖ်က္ဆီး

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိန္းနီၿမိဳ႕နယ္ရွိ ေရပူအၿမဲတမ္းစစ္ေဆးေရးဂိတ္တြင္ ဖမ္းဆီးရမိခဲ့ၿပီး တန္ဖိုးက်ပ္သိန္း (၆၄၀)ေက်ာ္ဖိုးရွိ အေကာက္ခြန္...

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိန္းနီၿမိဳ႕နယ္ရွိ ေရပူအၿမဲတမ္းစစ္ေဆးေရးဂိတ္တြင္ ဖမ္းဆီးရမိခဲ့ၿပီး တန္ဖိုးက်ပ္သိန္း (၆၄၀)ေက်ာ္ဖိုးရွိ အေကာက္ခြန္မဲ့ စားေသာက္ကုန္/ လူသံုးကုန္ပစၥည္းမ်ားအား လားရိႈးၿမိဳ႕နယ္ အေကာက္ခြန္ဦးစီးဌာနမွဴးရံုးတြင္ ၂၀၁၈ ခုႏွစ္ ဇြန္လ (၈) ရက္ေန႔ နံနက္ပိုင္းက ဖ်က္ဆီးပစ္လိုက္ေၾကာင္း သိရသည္။

အဆိုပါ ကုန္ပစၥည္းမ်ားမွာ ေရပူအၿမဲတမ္းစစ္ေဆးေရးဂိတ္ႏွင့္ လားရိႈးၿမိဳ႕နယ္အတြင္း ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၁) ရက္ေန႔မွ ေမလ (၂၅) အထိ ဖမ္းဆီးရမိခဲ့သည့္ အေကာက္ခြန္မဲ့တင္သြင္းလာေသာ ေခါက္ဆြဲေျခာက္၊ ၾကက္အူေခ်ာင္း၊ တရုတ္ႏိုင္ငံထုတ္မုန္႔မ်ိဳးစံု၊ အခ်ိဳရည္ အစရွိသည့္ စားေသာက္ကုန္ ပစၥည္းမ်ားႏွင့္ တရုတ္တိုင္းရင္းေဆးမ်ား၊ ျခင္ေဆးဗူးမ်ားလည္း ပါဝင္ေၾကာင္း သိရသည္။

ယခုကဲ့သို႔ အေကာက္ခြန္မဲ့ပစၥည္းမ်ား ဖ်က္ဆီးပစ္ျခင္းမွာ ၂၀၁၈ ခုႏွစ္အတြင္း ဒုတိယအႀကိမ္ေျမာက္ျဖစ္ကာ ၂၀၁၇  ခုႏွစ္အတြင္းက တစ္ႀကိမ္ဖ်က္ဆီးခဲ့ေၾကာင္းသိရၿပီး အမ်ားဆံုးဖမ္းဆီးရမိမႈမွာ တရုတ္ႏိုင္ငံထုတ္ ေခါက္ဆြဲေျခာက္မ်ားႏွင့္ ဘီယာမ်ားျဖစ္ေၾကာင္း သိရသည္။

ယခုႏွစ္အတြင္း ဖမ္းဆီးရမိခဲ့သည့္ အမႈေပါင္း (၂၇) မႈမွ ကုန္ပစၥည္း တန္ဖိုးက်ပ္သိန္း( ၆၄၀) ေက်ာ္ဖိုးကို ၿမိဳ႕နယ္အေကာက္ခြန္ဦးစီးဌာန တာဝန္ရွိသူမ်ားႏွင့္ စားသံုးသူေရးရာဦးစီးဌာန ( ဒုတိယျပည္နယ္မွဴးရံုး-လားရိႈး) မွ တာဝန္ရွိသူမ်ားက ဖ်က္ဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္











~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ်ရှိ ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ပြီး တန်ဖိုးကျပ်သိန်း (၆၄၀)ကျော်ဖိုးရှိ အကောက်ခွန်မဲ့ စားသောက်ကုန်/ လူသုံးကုန်ပစ္စည်းများအား လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးတွင် ၂၀၁၈ ခုနှစ် ဇွန်လ (၈) ရက်နေ့ နံနက်ပိုင်းက ဖျက်ဆီးပစ်လိုက်ကြောင်း သိရသည်။

အဆိုပါ ကုန်ပစ္စည်းများမှာ ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်နှင့် လားရှိုးမြို့နယ်အတွင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ မေလ (၂၅) အထိ ဖမ်းဆီးရမိခဲ့သည့် အကောက်ခွန်မဲ့တင်သွင်းလာသော ခေါက်ဆွဲခြောက်၊ ကြက်အူချောင်း၊ တရုတ်နိုင်ငံထုတ်မုန့်မျိုးစုံ၊ အချိုရည် အစရှိသည့် စားသောက်ကုန် ပစ္စည်းများနှင့် တရုတ်တိုင်းရင်းဆေးများ၊ ခြင်ဆေးဗူးများလည်း ပါဝင်ကြောင်း သိရသည်။

ယခုကဲ့သို့ အကောက်ခွန်မဲ့ပစ္စည်းများ ဖျက်ဆီးပစ်ခြင်းမှာ ၂၀၁၈ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ကာ ၂၀၁၇ ခုနှစ်အတွင်းက တစ်ကြိမ်ဖျက်ဆီးခဲ့ကြောင်းသိရပြီး အများဆုံးဖမ်းဆီးရမိမှုမှာ တရုတ်နိုင်ငံထုတ် ခေါက်ဆွဲခြောက်များနှင့် ဘီယာများဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း ဖမ်းဆီးရမိခဲ့သည့် အမှုပေါင်း (၂၇) မှုမှ ကုန်ပစ္စည်း တန်ဖိုးကျပ်သိန်း( ၆၄၀) ကျော်ဖိုးကို မြို့နယ်အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူများနှင့် စားသုံးသူရေးရာဦးစီးဌာန ( ဒုတိယပြည်နယ်မှူးရုံး-လားရှိုး) မှ တာဝန်ရှိသူများက ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


Header Ad

//