ျမန္မာ - ထိုင္း နယ္စပ္ တာခ်ီလိတ္ရွိ ခ်စ္ၾကည္ေရးတံတား(၂)တြင္ ထိုင္းႏိုင္ငံသားတစ္ဦး သယ္ေဆာင္လာသည့္ ဆိုဒီယမ္ဆိုင္ရာႏိုက္မ်ား ဖမ္းဆီးရမိ

ျမန္မာ - ထိုင္း နယ္စပ္ တာခ်ီလိတ္ရွိ ခ်စ္ၾကည္ေရးတံတား(၂)တြင္ ထိုင္းႏိုင္ငံသားတစ္ဦး သယ္ေဆာင္လာသည့္ ဆိုဒီယမ္ဆိုင္ရာႏိုက္မ်ား ဖမ္းဆီးရမိ
ဇွန် 2, 2018
By Tachileik News Agency
ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ ျမန္မာ - ထိုင္းခ်စ္ၾကည္ေရး အမွတ္(၂)တံတားတြင္ ဇြန္လ(၂)ရက္ေန႔ နံနက္က ထိုင္းႏိုင္ငံသား တစ္ဦး ေမာင္းလာသည့္ (၁၀)ဘီး ယာဥ္အတြင္းက ခြင့္ျပဳခ်က္မဲ့ တရားမ၀င္ သယ္ေဆာင္လာသည့္ ဆိုဒီယမ္ဆိုင္ရာႏိုက္ ေပပါ (၃၀၀)ပံုးကို ထိုင္းႏိုင္ငံ ONCB ႏွင့္ သတင္းဖလွယ္ဆက္သြယ္မႈျဖင့္ ျမန္မာႏိုင္ငံ မူးယစ္ရဲတပ္ဖြဲ႔ႏွင့္ သက္ဆိုင္ရာပူးေပါင္းအဖြဲ႔က ဖမ္းဆီးသိမ္းဆည္း ရမိေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံ မူးယစ္ေဆးဝါး ထိန္းခ်ဳပ္ေရးအဖြဲ႕ (ONCB)ႏွင့္ ျမန္မာႏိုင္ငံမူးယစ္ေဆး၀ါး တားဆီးႏွိမ္ႏွင္းေရး ရဲတပ္ဖြဲ႔တို႔ သတင္းဖလွယ္ဆက္သြယ္ခ်က္အရ မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ား ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္ အေကာက္ခြန္ဦးစီးဌာနမွ တာ၀န္ရွိသူမ်ား ပါ၀င္ေသာ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔သည္ ၂၀၁၈ခုႏွစ္ ဇြန္လ(၂)ရက္ေန႔ နံနက္(၁၁)နာရီခြဲ၀န္းက်င္အခ်ိန္က ခ်စ္ၾကည္ေရးအမွတ္(၂)တံတားတြင္ ထိုင္းႏိုင္ငံသား ေမာင္းႏွင္လာသည့္ (၁၀)ဘီးယာဥ္အတြင္းမွ ဆိုဒီယမ္ဆိုင္ရာႏိုက္(Sodium Cyanide )မ်ားကို ဖမ္းဆီးရမိျခင္းျဖစ္သည္။

အဆိုပါ ပူးေပါင္းအဖြဲ႔က မယ္ဆိုင္ဘက္မွ တာခ်ီလိတ္ဘက္သို႔ ထိုင္းႏိုင္ငံသား Mr. Sawat Kaeodam ေမာင္းႏွင္၀င္ေရာက္လာေသာ (၁၀)ဘီးယာဥ္အား ရပ္တန္႔ရွာေဖြရာမွ ယာဥ္အေနာက္ခန္းတြင္ အနက္ေရာင္ မိုးကာျဖင့္ အုပ္လ်က္ မသကၤာဖြယ္ သံပံုးမ်ားကို ေတြ႔ရွိရ၍ ခ်စ္ၾကည္ေရးအမွတ္(၂)တံတား အနီးရွိ မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္ရံုးသို႔ ေမာင္းႏွင္ေခၚေဆာင္လာၿပီး ဖြင့္ေဖာက္စစ္ေဆးရာမွ ဆိုဒီယမ္ဆိုင္ရာႏိုက္(Sodium Cyanide )မ်ားျဖစ္ေနေၾကာင္း သိရသည္။

ယာဥ္အတြင္း၌ အျမင့္(၂၀)လက္မ၊ အခ်င္း(၁၄)လက္မ၀န္းက်င္ရွိ အနက္ေရာင္သံပံုးမ်ားျဖင့္ ဆိုဒီယမ္ဆိုင္ရာႏိုက္(Sodium Cyanide )မ်ားထည့္ထားသည့္ အေလးခ်ိန္ ကီလို(၅၀)၀န္းက်င္စီပါသည့္ သံပံုး(၃၀၀)အား ေတြ႕ရွိရာ စုစုေပါင္း အေလးခ်ိန္မွာ ကီလို(၁၅၀၀၀)ရွိၿပီး ေဒသတန္ဖိုးေငြမွာ က်ပ္သိန္းေပါင္း (၉၀၀)၀န္းက်င္ရွိေၾကာင္း မူးယစ္ရဲတပ္ဖြဲ႔ထံက သိရသည္။

ဆိုဒီယမ္ဆိုင္ရာႏိုက္(Sodium Cyanide )မ်ားသယ္ေဆာင္လာသည့္ ထိုင္းႏိုင္ငံသားထံက ဘဏ္ကတ္မ်ားႏွင့္ႏိုင္ငံကူးစာအုပ္မ်ားႏွင့္အတူ လက္ကိုင္ဖုန္း(၁)လံုးတို႔ကိုလည္း သိမ္းဆည္းရမိေၾကာင္း သိရသည္။

ဆက္လက္၍ ဆိုဒီယမ္ဆိုင္ရာႏိုက္(Sodium Cyanide )မ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ထိုင္းႏိုင္ငံ က်င္းရွဲန္ၿမိဳ႕တြင္ေနထိုင္သူ အသက္(၄၂)ႏွစ္ရွိ ထိုင္းႏိုင္ငံသား Mr. Sawat Kaeodam အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၆၉/၂၀၁၈၊ ဓါတုပစၥည္းႏွင့္ ဆက္စပ္ပစၥည္းမ်ားအႏၱရာယ္မွ တားဆီးကာကြယ္ေရး ဥပေဒပုဒ္မ ၃၇ ႏွင့္ ၃၈ တို႔ အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

ဆိုဒီယမ္ဆိုင္ရာႏိုက္အား လက္ဝတ္ရတနာမ်ား ျပဳလုပ္ရာတြင္ လည္းေကာင္း၊ သြပ္ရည္စိမ္လုပ္ငန္းမ်ားတြင္ စကၠဴ၊ ခ်ည္မွ်ည္ႏွင့္ အထည္လုပ္ငန္းမ်ား၊ ပလတ္စတစ္ လုပ္ငန္းမ်ားတြင္ လည္းေကာင္း၊ ေရႊ၊ေၾကး သတၳဳထုတ္လုပ္ရာတြင္ လည္းေကာင္း အသံုးျပဳေလ့ရိွၿပီး ပတ္ဝန္းက်င္အား အဆိပ္သင့္ေစတတ္သျဖင့္ သက္ဆုိင္ရာဌာနမ်ား၏ စိစစ္ၿပီး ခြင့္ျပဳခ်က္ျဖင့္သာ အသံုးျပဳခြင့္ရိွသည့္ ဓါတုပစၥည္းျဖစ္သည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၂)တံတားတွင် ဇွန်လ(၂)ရက်နေ့ နံနက်က ထိုင်းနိုင်ငံသား တစ်ဦး မောင်းလာသည့် (၁၀)ဘီး ယာဉ်အတွင်းက ခွင့်ပြုချက်မဲ့ တရားမဝင် သယ်ဆောင်လာသည့် ဆိုဒီယမ်ဆိုင်ရာနိုက် ပေပါ (၃၀၀)ပုံးကို ထိုင်းနိုင်ငံ ONCB နှင့် သတင်းဖလှယ်ဆက်သွယ်မှုဖြင့် မြန်မာနိုင်ငံ မူးယစ်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့က ဖမ်းဆီးသိမ်းဆည်း ရမိကြောင်း သိရသည်။

ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB)နှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့တို့ သတင်းဖလှယ်ဆက်သွယ်ချက်အရ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ နှင့် တာချီလိတ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သော သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့သည် ၂၀၁၈ခုနှစ် ဇွန်လ(၂)ရက်နေ့ နံနက်(၁၁)နာရီခွဲဝန်းကျင်အချိန်က ချစ်ကြည်ရေးအမှတ်(၂)တံတားတွင် ထိုင်းနိုင်ငံသား မောင်းနှင်လာသည့် (၁၀)ဘီးယာဉ်အတွင်းမှ ဆိုဒီယမ်ဆိုင်ရာနိုက်(Sodium Cyanide )များကို ဖမ်းဆီးရမိခြင်းဖြစ်သည်။

အဆိုပါ ပူးပေါင်းအဖွဲ့က မယ်ဆိုင်ဘက်မှ တာချီလိတ်ဘက်သို့ ထိုင်းနိုင်ငံသား Mr. Sawat Kaeodam မောင်းနှင်ဝင်ရောက်လာသော (၁၀)ဘီးယာဉ်အား ရပ်တန့်ရှာဖွေရာမှ ယာဉ်အနောက်ခန်းတွင် အနက်ရောင် မိုးကာဖြင့် အုပ်လျက် မသင်္ကာဖွယ် သံပုံးများကို တွေ့ရှိရ၍ ချစ်ကြည်ရေးအမှတ်(၂)တံတား အနီးရှိ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်ရုံးသို့ မောင်းနှင်ခေါ်ဆောင်လာပြီး ဖွင့်ဖောက်စစ်ဆေးရာမှ ဆိုဒီယမ်ဆိုင်ရာနိုက်(Sodium Cyanide )များဖြစ်နေကြောင်း သိရသည်။

ယာဉ်အတွင်း၌ အမြင့်(၂၀)လက်မ၊ အချင်း(၁၄)လက်မဝန်းကျင်ရှိ အနက်ရောင်သံပုံးများဖြင့် ဆိုဒီယမ်ဆိုင်ရာနိုက်(Sodium Cyanide )များထည့်ထားသည့် အလေးချိန် ကီလို(၅၀)ဝန်းကျင်စီပါသည့် သံပုံး(၃၀၀)အား တွေ့ရှိရာ စုစုပေါင်း အလေးချိန်မှာ ကီလို(၁၅၀၀၀)ရှိပြီး ဒေသတန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း (၉၀၀)ဝန်းကျင်ရှိကြောင်း မူးယစ်ရဲတပ်ဖွဲ့ထံက သိရသည်။

ဆိုဒီယမ်ဆိုင်ရာနိုက်(Sodium Cyanide )များသယ်ဆောင်လာသည့် ထိုင်းနိုင်ငံသားထံက ဘဏ်ကတ်များနှင့်နိုင်ငံကူးစာအုပ်များနှင့်အတူ လက်ကိုင်ဖုန်း(၁)လုံးတို့ကိုလည်း သိမ်းဆည်းရမိကြောင်း သိရသည်။

ဆက်လက်၍ ဆိုဒီယမ်ဆိုင်ရာနိုက်(Sodium Cyanide )များနှင့်အတူ ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံ ကျင်းရှဲန်မြို့တွင်နေထိုင်သူ အသက်(၄၂)နှစ်ရှိ ထိုင်းနိုင်ငံသား Mr. Sawat Kaeodam အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၆၉/၂၀၁၈၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၃၇ နှင့် ၃၈ တို့ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဆိုဒီယမ်ဆိုင်ရာနိုက်အား လက်ဝတ်ရတနာများ ပြုလုပ်ရာတွင် လည်းကောင်း၊ သွပ်ရည်စိမ်လုပ်ငန်းများတွင် စက္ကူ၊ ချည်မျှည်နှင့် အထည်လုပ်ငန်းများ၊ ပလတ်စတစ် လုပ်ငန်းများတွင် လည်းကောင်း၊ ရွှေ၊ကြေး သတ္ထုထုတ်လုပ်ရာတွင် လည်းကောင်း အသုံးပြုလေ့ရှိပြီး ပတ်ဝန်းကျင်အား အဆိပ်သင့်စေတတ်သဖြင့် သက်ဆိုင်ရာဌာနများ၏ စိစစ်ပြီး ခွင့်ပြုချက်ဖြင့်သာ အသုံးပြုခွင့်ရှိသည့် ဓာတုပစ္စည်းဖြစ်သည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~