မယ်ဆိုင်ဂူအတွင်း ကယ်ဆယ်ရေးနှင့် ပတ်သက်၍ ဇွန်လ(၂၇)ရက်နေ့တွင် သတင်းကောင်းပေးနိုင်တော့မည်ဟု ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးပြော

မယ်ဆိုင်ဂူအတွင်း ကယ်ဆယ်ရေးနှင့် ပတ်သက်၍ ဇွန်လ(၂၇)ရက်နေ့တွင် သတင်းကောင်းပေးနိုင်တော့မည်ဟု ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးပြော
ဇွန် 27, 2018
By Tachileik News Agency


ယနေ့ ဇွန်လ(၂၆)ရက်နေ့ ညတွင် ဂူအတွင်းဝင်လာသမျှ ရေအားလုံးကို ရေစုပ်စက် (၁၀)လုံးဖြင့် တစ်ညလုံး စုပ်ထုတ်သွားမည် ဖြစ်ပြီး ဂူအတွင်းသို့ လျှပ်စစ်မီးကြိုးသွယ်တန်းနေမှုမှာ (၆) ကီလိုမီတာအထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ကွန်မန်ဒို အထူးတပ်ဖွဲ့ကလည်း ရိက္ခာ(၃)ရက်စာဖြင့် ဂူအနီးဝန်းကျင် တောင်ကြောပတ်ပတ်လည်တွင် ရှာဖွေမှုများ ပြုလုပ်နေပြီး ရှာဖွေကယ်ဆယ်ရေးအဖြစ် သုံးနေသည့် ရဟတ်ယာဉ်ကိုလည်း လေဒဏ် ခံနိုင်မည့် ရဟတ်ယာဉ်အကြီး အမျိုးအစားကို ပြောင်းလဲအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။



သတင်း - စည်သူမောင်


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းလူငယ်(၁၃)ဦး ပိတ်မိနေသည့် မြန်မာ - ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ထမ့်လွမ်လှိုဏ် အတွင်း (၄)ရက်မြောက်နေ့ဖြစ်သည့် ၂၀၁၈ ခုနှစ် ဇွန်လ(၂၆)ရက်နေ့ ညပိုင်းအထိ ရှာဖွေနေဆဲဖြစ်ပြီး ဇွန်လ (၂၇)ရက်နေ့ နံနက်ပိုင်းတွင် တောင်ထိပ်မှ တွေ့ရသည့် ဂူပေါက်အတွင်း ရဟတ်ယာဉ်မှ ကြိုးဖြင့်ဆင်း၍ ရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ ဇွန်လ(၂၆)ရက်နေ့ ညတွင် ဂူအတွင်းဝင်လာသမျှ ရေအားလုံးကို ရေစုပ်စက် (၁၀)လုံးဖြင့် တစ်ညလုံး စုပ်ထုတ်သွားမည် ဖြစ်ပြီး ဂူအတွင်းသို့ လျှပ်စစ်မီးကြိုးသွယ်တန်းနေမှုမှာ (၆) ကီလိုမီတာအထိ ရောက်ရှိနပြေီ ဖြစ်ကြောင်း သိရသည်။

ကွန်မန်ဒို အထူးတပ်ဖွဲ့ကလည်း ရိက္ခါ(၃)ရက်စာဖြင့် ဂူအနီးဝန်းကျင် တောင်ကြောပတ်ပတ်လည်တွင် ရှာဖွေမှုများ ပြုလုပ်နပြေီး ရှာဖွေကယ်ဆယ်ရေးအဖြစ် သုံးနေသည့် ရဟတ်ယာဉ်ကိုလည်း လေဒဏ် ခံနိုင်မည့် ရဟတ်ယာဉ်အကြီး အမျိုးအစားကို ပြောင်းလဲအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ပိတ်မိနေသူများ အသက်ရှင်နေဆဲဖြစ်သည်ဟု ယုံကြည်ထားပြီး ဇွန်လ(၂၇)ရက်နေ့တွင် ထူးခြားသည့် သတင်းကောင်း ပေးနိုင်တော့မည် ဖြစ်ကြောင်း ယနေ့ဇွန်လ(၂၆)ရက်နေ့ ည(၁၀) နာရီအချိန်တွင် ချင်းရိုင်းခရိုင်အုပ်ရေးမှူးက သတင်းထောက်များကို ပြောကြားလိုက်သည်။

လက်ရှိညပိုင်းတွင် ရေတပ်မှ အထူးအဖွဲ့နှင့် ခြေလျင်တပ်အဖွဲ့၏ ထပ်တိုးအင်အားများဖြင့် လှိုဏ်ဂူအတွင်း ရှာဖွေနေလျှက်ရှိကြောင်း သိရှိရသည်။

သတင်း - စည်သူမောင်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~