မယ္ဆုိင္ဂူအတြင္းမွ လူငယ္ (၁၃)ဦး ရွာေဖြေရး ႏုိင္ငံတကာအဖြဲ႕တြင္ (၇)ႏုိင္ငံေျမာက္အျဖစ္ ၾသစေတးလ်မွ ကယ္ဆယ္ေရးအဖြဲ႔ေစလႊတ္

မယ္ဆုိင္ဂူအတြင္းမွ လူငယ္ (၁၃)ဦး ရွာေဖြေရး ႏုိင္ငံတကာအဖြဲ႕တြင္ (၇)ႏုိင္ငံေျမာက္အျဖစ္ ၾသစေတးလ်မွ ကယ္ဆယ္ေရးအဖြဲ႔ေစလႊတ္
ဇွန် 30, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ မယ္ဆိုင္ၿမိဳ႕ ဒြိဳင္းနန္းႏြန္းေတာင္ေျခ အနီးရွိ ဂူအတြင္း ပိတ္မိေနသည့္ လူငယ္(၁၃)ဦးကို ရွာေဖြေနသည့္ ထုိင္းအစိုးရ၏ ကယ္ဆယ္ေရး လုပ္ငန္းတြင္ ပူးေပါင္းကူညီရန္ ကယ္ဆယ္ေရး ပစၥည္းမ်ားႏွင့္ (၆)ဦးပါသည့္ ကယ္ဆယ္ေရးအဖြဲ႕တစ္ဖြဲ႔ကို ၾသစေတးလ်အစိုးရက ဇြန္လ (၃၀)ရက္ေန႔တြင္ ေစလႊတ္လုိက္ေၾကာင္း ၾသစေတးလ်ႏုိင္ငံ ကာကြယ္ေရး ဝန္ႀကီးဌာနက ထုတ္ျပန္လုိက္သည္။

ၾသစေတးလ်ဖက္ဒရယ္ရဲတပ္ဖြဲ႕၏ အထူးတပ္ဖြဲ႕ဝင္(၆)ဦး ပါဝင္သည့္ ကယ္ဆယ္ေရးအဖြဲ႕ႏွင့္ ကယ္ဆယ္ေရး ပစၥည္းမ်ားကို ၾသစေတးလ်ကာကြယ္ေရးတပ္ဖြဲ႕၏ ေတာ္ဝင္ၾသစေတးလ်ေလတပ္ ေလယာဥ္ျဖင့္ ပို႔ေဆာင္ေပးလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ထုိင္းေတာ္ဝင္တပ္မေတာ္ ဦးေဆာင္ေနသည့္ ရွာေဖြေရးလုပ္ငန္းမ်ားတြင္ ထိုင္းအစိုးရႏွင့္အတူ ၾသစေတးလ်က အနီးကပ္ ပူးေပါင္းေဆာင္ရြက္ေနေၾကာင္းလည္း ေဖၚျပထားသည္။

မယ္ဆိုင္ဂူအတြင္း ကယ္ဆယ္ေရးလုပ္ငန္းမ်ားတြင္ ဂရိတ္ၿဗိတိန္၊ အေမရိကန္ျပည္ေထာင္စု၊ ျမန္မာ၊ လာအို၊ ဂ်ပန္ႏွင့္ တရုတ္ႏုိင္ငံမ်ားမွ ပူးေပါင္းကူညီေနၾကၿပီး ဇြန္လ (၃၀)ရက္ေန႔တြင္ (၈)ရက္ေျမာက္ေန႔ ရွာေဖြမႈမ်ား လုပ္ေဆာင္ေနၾကျခင္းျဖစ္သည္။


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ မယ်ဆိုင်မြို့ ဒွိုင်းနန်းနွန်းတောင်ခြေ အနီးရှိ ဂူအတွင်း ပိတ်မိနေသည့် လူငယ်(၁၃)ဦးကို ရှာဖွေနေသည့် ထိုင်းအစိုးရ၏ ကယ်ဆယ်ရေး လုပ်ငန်းတွင် ပူးပေါင်းကူညီရန် ကယ်ဆယ်ရေး ပစ္စည်းများနှင့် (၆)ဦးပါသည့် ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို သြစတေးလျအစိုးရက ဇွန်လ (၃၀)ရက်နေ့တွင် စေလွှတ်လိုက်ကြောင်း သြစတေးလျနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

သြစတေးလျဖက်ဒရယ်ရဲတပ်ဖွဲ့၏ အထူးတပ်ဖွဲ့ဝင်(၆)ဦး ပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့နှင့် ကယ်ဆယ်ရေး ပစ္စည်းများကို သြစတေးလျကာကွယ်ရေးတပ်ဖွဲ့၏ တော်ဝင်သြစတေးလျလေတပ် လေယာဉ်ဖြင့် ပို့ဆောင်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းတော်ဝင်တပ်မတော် ဦးဆောင်နေသည့် ရှာဖွေရေးလုပ်ငန်းများတွင် ထိုင်းအစိုးရနှင့်အတူ သြစတေးလျက အနီးကပ် ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ဖော်ပြထားသည်။

မယ်ဆိုင်ဂူအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများတွင် ဂရိတ်ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု၊ မြန်မာ၊ လာအို၊ ဂျပန်နှင့် တရုတ်နိုင်ငံများမှ ပူးပေါင်းကူညီနကြပြေီး ဇွန်လ (၃၀)ရက်နေ့တွင် (၈)ရက်မြောက်နေ့ ရှာဖွေမှုများ လုပ်ဆောင်နကြခြေင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~