မယ်ဆိုင် ထမ့်လုံခွန်နမ့် ဂူထွက်ပေါက်နှင့် ဆက်စပ်နိုင်ခြေရှိသည့် နေရာများကို တာချီလိတ်တွင် တတိယနေ့အဖြစ် မြန်မာဘက်က ကူညီကာ ဆက်လက်ရှာဖွေ

မယ်ဆိုင် ထမ့်လုံခွန်နမ့် ဂူထွက်ပေါက်နှင့် ဆက်စပ်နိုင်ခြေရှိသည့် နေရာများကို တာချီလိတ်တွင် တတိယနေ့အဖြစ် မြန်မာဘက်က ကူညီကာ ဆက်လက်ရှာဖွေ
ဇှနျ 30, 2018
By Tachileik News Agency

ทีมกู้ภัยเมียนมาร์ หาช่องทางช่วยเหลือเด็กไทย 13 ชีวิตติดถ้ำ โดยมีแผนปูพรมหาจากปากถ้ำเทือกเขานางนอน ที่เชื่อมต่อออกมาทางเขตท่าขี้เหล็ก ประเทศพม่า เป็นวันที่สาม



လူငယ်(၁၃)ဦးပိတ်မိနေသည့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ ဂူ၏ထွက်ပေါက်မှာ အိမ်နီးချင်း မြန်မာနိုင်ငံ တာချီလိတ်ခရိုင်အတွင်းရှိသည်ဟု ယူဆသဖြင့် ထိုင်းနိုင်ငံက မြန်မာနိုင်ငံဘက်ခြမ်းမှ ကူညီရှာဖွေပေးရန် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့တွင် အကူအညီတောင်းခံလာသဖြင့် ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ၏ ညွှန်ကြားချက်ဖြင့် ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာန၊ ပုန်းထွန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဖွဲ့များနှင့် လူမှုရေးအဖွဲ့များ ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေမှု လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ လူမှုကူညီရေးအဖွဲ့၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးတို့ ပါဝင်သည့် အဖွဲ့ဖြင့် ရှာဖွေမှုများကို လုပ်ဆောင်နေခြင်းဖြစ်ပြီး ဇွန်လ(၂၈)ရက်နေ့တွင် ငွေတောင်ဦး ငွေစေတီကုန်းနှင့် ဇွန်လ (၂၉)ရက်နေ့တွင် သီရိရတနာဂူတို့တွင် ရှာဖွေခဲ့သော်လည်း ဂူထွက်ပေါက်လမ်းကြောင်းများ ပိတ်နေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။



မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့သို့ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့တွင် ညွှန်ကြားလိုက်ပြီးနောက် မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်ခရိုင်တာဝန်ရှိသူများက မြန်မာ - ထိုင်းနှစ်နိုင်ငံ နယ်ခြားကော်မတီချင်း ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မယ်ဆိုင်မြို့ရှိ ထမ့်လုံခွန်နမ့်လိုဏ်ဂူအတွင်း ဇွန်လ (၂၃)ရက်နေ့ကတည်းက ဝင်သွားသည့် ကျောင်းသားလူငယ် (၁၃)ဦးကို ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ၊ လူမှုကူညီရေးအဖွဲ့များ၊ နိုင်ငံတကာက ပူးပေါင်းကူညီသူများဖြင့် နည်းလမ်းမျိုးစုံသုံး၍ ရှာဖွေနေဆဲဖြစ်ပြီး ဇွန်လ (၃၀)ရက်နေ့ တွင် ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်သည်။

သတင်း - ချယ်ရီထိုက်


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ ထမ့်လုံခွန်နမ့်ဂူ၏ ထွက်ပေါက်ရှိနိုင်ခြေရှိသည့် နေရာများကို အိမ်နီးချင်း မြန်မာနိုင်ငံရှိ တာချီလိတ်ခရိုင်အတွင်း တတိယနေ့အဖြစ် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့က ဆက်လက်ရှာဖွေနေကြောင်း သိရသည်။

 “ကျောက်တောင် ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းရှေ့က တရားရိပ်သာမှာရှိတဲ့ ဂူထဲကို ဒီနေ့ ဝင်ရှာတာ ဘာမှမတွေ့ပါဘူး။ ဂူအပိတ်ဖြစ်နေတယ်”ဟု တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ဦးစိုင်းဆမ်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လူငယ်(၁၃)ဦးပိတ်မိနေသည့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ ဂူ၏ထွက်ပေါက်မှာ အိမ်နီးချင်း မြန်မာနိုင်ငံ တာချီလိတ်ခရိုင်အတွင်းရှိသည်ဟု ယူဆသဖြင့် ထိုင်းနိုင်ငံက မြန်မာနိုင်ငံဘက်ခြမ်းမှ ကူညီရှာဖွေပေးရန် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့တွင် အကူအညီတောင်းခံလာသဖြင့် ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ညွှန်ကြားချက်ဖြင့် ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာန၊ ပုန်းထွန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့များနှင့် လူမှုရေးအဖွဲ့များ ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေမှု လုပ်ဆောင်နခြေင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ လူမှုကူညီရေးအဖွဲ့၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးတို့ ပါဝင်သည့် အဖွဲ့ဖြင့် ရှာဖွေမှုများကို လုပ်ဆောင်နခြေင်းဖြစ်ပြီး ဇွန်လ(၂၈)ရက်နေ့တွင် ငွေတောင်ဦး ငွေစေတီကုန်းနှင့် ဇွန်လ (၂၉)ရက်နေ့တွင် သီရိရတနာဂူတို့တွင် ရှာဖွေခဲ့သော်လည်း ဂူထွက်ပေါက်လမ်းကြောင်းများ ပိတ်နေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် တာချီလိတ်ခရိုင်အတွင်းရှိ ဒေသတာဝန်ရှိသူများက ကြီးကြပ်၍ လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ပြည်နယ်အစိုးရ ပံ့ပိုးမှုဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီက ဦးဆောင်၍ ဒေသတွင်း တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုကူညီရေးအဖွဲ့များက ဒေသတွင်းမှ နယ်မြေကျွမ်းကျင်သူများ အကူအညီဖြင့် ဖြစ်နိုင်ချေရှိသည့် နေရာများကို ထပ်မံရှာဖွေပေးသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံဘက်မှ ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးသွားရန် အသင့်ပြင်ဆင်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံအနဖြေင့် ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့သို့ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့တွင် ညွှန်ကြားလိုက်ပြီးနောက် မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်ခရိုင်တာဝန်ရှိသူများက မြန်မာ - ထိုင်းနှစ်နိုင်ငံ နယ်ခြားကော်မတီချင်း ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မယ်ဆိုင်မြို့ရှိ ထမ့်လုံခွန်နမ့်လိုဏ်ဂူအတွင်း ဇွန်လ (၂၃)ရက်နေ့ကတည်းက ဝင်သွားသည့် ကျောင်းသားလူငယ် (၁၃)ဦးကို ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ၊ လူမှုကူညီရေးအဖွဲ့များ၊ နိုင်ငံတကာက ပူးပေါင်းကူညီသူများဖြင့် နည်းလမ်းမျိုးစုံသုံး၍ ရှာဖွေနေဆဲဖြစ်ပြီး ဇွန်လ (၃၀)ရက်နေ့ တွင် ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နခြေင်းဖြစ်သည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - ပုန်းထွန်ရပ်ကွက်ရုံး

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~