ဂူအတြင္းပိတ္မိေနသည့္လူငယ္ (၁၃)ဦးအတြက္ အလွဴခံသည့္ ထုိင္းႏုိင္ငံသားတစ္ဦးကို ရဲတပ္ဖြဲ႕ဖမ္းဆီး

ဂူအတြင္းပိတ္မိေနသည့္လူငယ္ (၁၃)ဦးအတြက္ အလွဴခံသည့္ ထုိင္းႏုိင္ငံသားတစ္ဦးကို ရဲတပ္ဖြဲ႕ဖမ္းဆီး
ဇွန် 29, 2018
By Tachileik News Agency

ထုိင္းႏုိင္ငံ မယ္ဆိုင္ဂူအတြင္း ပိတ္မိေနသည့္ လူငယ္(၁၃)ဦးကို ကူညီေထာက္ပံ့ရန္ ရဲတပ္ဖြဲ႕ဝင္ အေယာင္ေဆာင္၍ ဘဏ္စာရင္းဖြင့္လွစ္ အလွဴခံေနသည့္ ထုိင္းႏုိင္ငံသားတစ္ဦးကို အယုဒၶယျပည္နယ္ အတြင္း ရဲတပ္ဖြဲ႕က ဖမ္းဆီးလုိက္ေၾကာင္း Thai PBS ၏ ၂၀၁၈ ခုႏွစ္ ဇြန္လ (၂၉)ရက္ေန႔ သတင္းတြင္ ေဖၚျပထားသည္။

အလွဴခံရရိွေငြမ်ားကို လူငယ္(၁၃)ဦးထံ ေပးပို႔လွဴဒါန္းသြားမည္ျဖစ္ေၾကာင္း ဖမ္းဆီးခံရသူက ရဲတပ္ဖြဲ႕ကို ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးခံရသူမွာ အသက္ (၃၇)ႏွစ္အရြယ္ Panya Decha, alias Lithang ျဖစ္ေၾကာင္း သိရၿပီး ၎သည္ ထုိင္းႏုိင္ငံ Siam Commercial Bank တြင္ ဘဏ္စာရင္းဖြင့္၍ အလွဴခံေနသျဖင့္ အယုဒၶယၿမိဳ႕ေတာ္ဝန္ႏွင့္ ဘန္းဖအင္းခရိုင္မွ တာဝန္ရိွသူတို႔ ဦးေဆာင္သည့္ အဖြဲ႕ျဖင့္ ၎၏ ေနအိမ္အား ဝင္ေရာက္ ဖမ္းဆီးခဲ့ျခင္းျဖစ္ၿပီး မုိဘုိင္းဖုန္းတစ္လံုး၊ ကြန္ပ်ဴတာတစ္လံုးတို႔ကိုလည္း သိမ္းဆည္းထားေၾကာင္း သိရသည္။

၎သည္ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ရဲတပ္ဖြဲ႕မွ တပ္ၾကပ္  စြတ္လာ န အယုဒၵယား အမည္ျဖင့္ ရဲဝတ္စံုျဖင့္ ဓါတ္ပံုကို တင္ထားၿပီး မယ္ဆုိင္ဂူအတြင္း ပိတ္မိေနသူမ်ားကို ကူညီရန္အတြက္ ဘဏ္စာရင္းတြင္  ေငြလႊဲေပးပုိ႔လွဴဒါန္းႏုိင္ေၾကာင္း တင္ထားသျဖင့္ ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၎အား အမ်ားျပည္သူအား လိမ္လည္မႈႏွင့္ ရဲတပ္ဖြဲ႕အေယာင္ေဆာင္မႈတို႔ျဖင့္ အေရးယူ သြားမည္ျဖစ္ေၾကာင္း သိရသည္။

မယ္ဆုိင္ဂူအတြင္း ပိတ္မိေနသည့္လူငယ္(၁၃)ဦးႏွင့္ပတ္သက္၍ ၎တို႔၏ မိဘေဆြမ်ိဳးမ်ားကို ငဲ့ညႇာေသာအားျဖင့္ သတင္းမွား၊ ေကာလဟာလမ်ား မထုတ္ၾကရန္ႏွင့္ အလွဴခံျခင္းမ်ား မျပဳလုပ္ရန္ ထုိင္းနိုင္ငံ အာဏာပိုင္မ်ားက အသိေပးထားျခင္းျဖစ္သည္။

ျမန္မာ - ထိုင္းနယ္စပ္၊ ထိုင္းႏိုင္ငံ(ေျမာက္ပိုင္း)၊ ခ်င္း႐ိုင္းခ႐ိုင္၊ မယ္ဆိုင္ၿမိဳ႕ရွိ ဒြိဳင္းနန္းႏြန္းေတာင္ေျခ အနီး ဇြန္လ (၂၃)ရက္ေန႔ ကတည္းက လူငယ္(၁၃)ဦး ပိတ္မိေနသည့္ ဂူအတြင္း ရွာေဖြ ကယ္ဆယ္မႈ လုပ္ငန္းမ်ားကို ႏုိင္ငံေတာ္အဆင့္ သတ္မွတ္ၿပီး ႏုိင္ငံတကာ ကၽြမ္းက်င္သူမ်ား ပူးေပါင္းကူညီမႈျဖင့္ပါ နည္းလမ္းေပါင္းစံု သံုး၍ ေဆာင္ရြက္ေနျခင္းျဖစ္ၿပီး ဇြန္လ(၂၉)ရက္ေန႔တြင္ (၇)ရက္ေျမာက္ေန႔အျဖစ္ ဆက္လက္ရွာေဖြေနဆဲျဖစ္သည္။

သတင္း - ဇာႏွင္း
Ref;Thai PBS




~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ မယ်ဆိုင်ဂူအတွင်း ပိတ်မိနေသည့် လူငယ်(၁၃)ဦးကို ကူညီထောက်ပံ့ရန် ရဲတပ်ဖွဲ့ဝင် အယောင်ဆောင်၍ ဘဏ်စာရင်းဖွင့်လှစ် အလှူခံနေသည့် ထိုင်းနိုင်ငံသားတစ်ဦးကို အယုဒ္ဓယပြည်နယ် အတွင်း ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း Thai PBS၏ ၂၀၁၈ ခုနှစ် ဇွန်လ (၂၉)ရက်နေ့ သတင်းတွင် ဖော်ပြထားသည်။

အလှူခံရရှိငွေများကို လူငယ်(၁၃)ဦးထံ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း ဖမ်းဆီးခံရသူက ရဲတပ်ဖွဲ့ကို ပြောကြားခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူမှာ အသက် (၃၇)နှစ်အရွယ် Panya Decha, alias Lithang ဖြစ်ကြောင်း သိရပြီး၎င်းသည် ထိုင်းနိုင်ငံ Siam Commercial Bank တွင် ဘဏ်စာရင်းဖွင့်၍ အလှူခံနေသဖြင့် အယုဒ္ဓယမြို့တော်ဝန်နှင့် ဘန်းဖအင်းခရိုင်မှ တာဝန်ရှိသူတို့ ဦးဆောင်သည့် အဖွဲ့ဖြင့်၎င်း၏ နေအိမ်အား ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မိုဘိုင်းဖုန်းတစ်လုံး၊ ကွန်ပျူတာတစ်လုံးတို့ကိုလည်း သိမ်းဆည်းထားကြောင်း သိရသည်။

၎င်းသည် လူမှုကွန်ယက်စာမျက်နှာတွင် ရဲတပ်ဖွဲ့မှ တပ်ကြပ် စွတ်လာ န အယုဒ္ဒယား အမည်ဖြင့် ရဲဝတ်စုံဖြင့် ဓာတ်ပုံကို တင်ထားပြီး မယ်ဆိုင်ဂူအတွင်း ပိတ်မိနေသူများကို ကူညီရန်အတွက် ဘဏ်စာရင်းတွင် ငွေလွှဲပေးပို့လှူဒါန်းနိုင်ကြောင်း တင်ထားသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအား အများပြည်သူအား လိမ်လည်မှုနှင့် ရဲတပ်ဖွဲ့အယောင်ဆောင်မှုတို့ဖြင့် အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

မယ်ဆိုင်ဂူအတွင်း ပိတ်မိနေသည့်လူငယ်(၁၃)ဦးနှင့်ပတ်သက်၍၎င်းတို့၏ မိဘဆွေမျိုးများကို ငဲ့ညှာသောအားဖြင့် သတင်းမှား၊ ကောလဟာလများ မထုတ်ကြရန်နှင့် အလှူခံခြင်းများ မပြုလုပ်ရန် ထိုင်းနိုင်ငံ အာဏာပိုင်များက အသိပေးထားခြင်းဖြစ်သည်။

မြန်မာ - ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ(မြောက်ပိုင်း)၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့ရှိ ဒွိုင်းနန်းနွန်းတောင်ခြေ အနီး ဇွန်လ (၂၃)ရက်နေ့ ကတည်းက လူငယ်(၁၃)ဦး ပိတ်မိနေသည့် ဂူအတွင်း ရှာဖွေ ကယ်ဆယ်မှု လုပ်ငန်းများကို နိုင်ငံတော်အဆင့် သတ်မှတ်ပြီး နိုင်ငံတကာ ကျွမ်းကျင်သူများ ပူးပေါင်းကူညီမှုဖြင့်ပါ နည်းလမ်းပေါင်းစုံ သုံး၍ ဆောင်ရွက်နခြေင်းဖြစ်ပြီး ဇွန်လ(၂၉)ရက်နေ့တွင် (၇)ရက်မြောက်နေ့အဖြစ် ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။

သတင်း - ဇာနှင်း
Ref;Thai PBS

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~