ရာသီဥတုကောင်းမွန်ကာ ရေကျသွား၍ ဂူအတွင်း ရှာဖွေမှု ဆက်လက်လုပ်ဆောင်

ရာသီဥတုကောင်းမွန်ကာ ရေကျသွား၍ ဂူအတွင်း ရှာဖွေမှု ဆက်လက်လုပ်ဆောင်
ဇှနျ 27, 2018
By Tachileik News Agency

Update: 9:45PM ၊ 27/6/2018

(၅)ရက်မြောက်နေ့ဖြစ်သည့် ဇွန်လ(၂၇)ရက်နေ့ ညပိုင်းတွင် ရာသီဥတုအခြေအနေ ကောင်းမွန်လာပြီး ရေကျသွားသည့်အတွက် ဂူအတွင်း ဆက်လက်ရှာဖွေမှုကို အုပ်စုများခွဲကာ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

ညပိုင်းတွင် မိုးရွာသွန်းမှုမရှိ၊ ရေ၀င်ရောက်မှုမရှိပါက ဂူအတွင်း ကယ်ဆယ်ရေးအဖွဲ့များမှ သွားနိုင်သလောက် သွားရောက်ပြီး ရှာဖွေကြမည်ဖြစ်ကြောင်း ဆုံးဖြတ်ထားကြသည်။

ရှာဖွေကယ်ဆယ်ရာတွင် လူငယ်(၁၃)ဦးအား တွေ့ရှိရပါက ကျန်းမာရေးစောင့်ရှောက်မှုအတွက် အရေးပေါ်အနေဖြင့် လူနာတင်ယာဉ်များကိုလည်း အဆင်အသင့်ပြုလုပ်ထားပြီး၊ လူနာတင်ယာဉ်သွားမည့် လမ်းတစ်လျှောက်တွင်လည်း လမ်းရှင်းထားမှုကို ဇွန်လ(၂၇)ရက်နေ့ နေ့လည်ပိုင်းက စတင်၍ လုပ်ဆောင်ထားကြောင်းနှင့် သတင်းမီဒီယာများကိုလည်း သတ်မှတ်နေရာများမှသာ သတင်းရယူနိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံထိုင်းဘုရင်မင်းမြတ်ကိုယ်တိုင် မိန့်ကြားထားပြီး နိုင်ငံတော်အဆင့်အဖြစ်သတ်မှတ်ကာ ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။






~~~~~~~~⊰❂ unicode ~~~~~~~~

Update: 9:45PM၊ 27/6/2018

(၅)ရက်မြောက်နေ့ဖြစ်သည့် ဇွန်လ(၂၇)ရက်နေ့ ညပိုင်းတွင် ရာသီဥတုအခြေအနေ ကောင်းမွန်လာပြီး ရေကျသွားသည့်အတွက် ဂူအတွင်း ဆက်လက်ရှာဖွေမှုကို အုပ်စုများခွဲကာ လုပ်ဆောင်နပြေီဖြစ်ကြောင်း သိရသည်။

ညပိုင်းတွင် မိုးရွာသွန်းမှုမရှိ၊ ရေဝင်ရောက်မှုမရှိပါက ဂူအတွင်း ကယ်ဆယ်ရေးအဖွဲ့များမှ သွားနိုင်သလောက် သွားရောက်ပြီး ရှာဖွကြေမည်ဖြစ်ကြောင်း ဆုံးဖြတ်ထားကြသည်။

ရှာဖွေကယ်ဆယ်ရာတွင် လူငယ်(၁၃)ဦးအား တွေ့ရှိရပါက ကျန်းမာရေးစောင့်ရှောက်မှုအတွက် အရေးပေါ်အနဖြေင့် လူနာတင်ယာဉ်များကိုလည်း အဆင်အသင့်ပြုလုပ်ထားပြီး၊ လူနာတင်ယာဉ်သွားမည့် လမ်းတစ်လျှောက်တွင်လည်း လမ်းရှင်းထားမှုကို ဇွန်လ(၂၇)ရက်နေ့ နေ့လည်ပိုင်းက စတင်၍ လုပ်ဆောင်ထားကြောင်းနှင့် သတင်းမီဒီယာများကိုလည်း သတ်မှတ်နေရာများမှသာ သတင်းရယူနိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံထိုင်းဘုရင်မင်းမြတ်ကိုယ်တိုင် မိန့်ကြားထားပြီး နိုင်ငံတော်အဆင့်အဖြစ်သတ်မှတ်ကာ ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်နခြေင်းဖြစ်သည်။

မြန်မာ - ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ(မြောက်ပိုင်း)၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့၊ ပုံဖာရပ်ကွက်ရှိ ဒွိုင်းနန်းနွန်းတောင်ခြေ အနီး ဇွန်လ (၂၃)ရက်နေ့ ကတည်းက လူငယ်(၁၃)ဦး ပိတ်မိနေသည့် ဂူအတွင်း ရှာဖွေကယ်ဆယ်မှု လုပ်ငန်းများကို နည်းလမ်းများစွာဖြင့် ဇွန်လ(၂၃)ရက်နေ့ ညပိုင်းကတည်းကစ၍ ယနေ့ ဇွန်လ(၂၇)ရက်နေ့ ထိုင်းစံတော်ချိန် ညနေ(၉)နာရီကျော်အထိ ရှာဖွေမှုများ ပြုလုပ်နေလျက်ရှိရာ လူငယ်(၁၃)ဦးအား ရှာဖွေတွေ့ရှိရခြင်း မရှိသေးသဖြင့် ရှာဖွေကယ်ဆယ်မှုများကို ဆက်လက်လုပ်ဆောင်နေလျက်ရှိသည်။

Photo crd; watcharapeam

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~