မယ္ဆိုင္ဂူအတြင္း ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနခ်ိန္ ေႏွာင့္ေႏွးမႈမ်ား မျဖစ္ေစေရးအတြက္ လာေရာက္ၾကည့္သူမ်ား အိမ္တြင္းမွာသာ ေနၿပီး သတင္းထုတ္ျပန္ခ်က္မ်ားကိုသာ ေစာင့္ၾကည့္ရန္ ေမတၱာရပ္ခံ

မယ္ဆိုင္ဂူအတြင္း ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနခ်ိန္ ေႏွာင့္ေႏွးမႈမ်ား မျဖစ္ေစေရးအတြက္ လာေရာက္ၾကည့္သူမ်ား အိမ္တြင္းမွာသာ ေနၿပီး သတင္းထုတ္ျပန္ခ်က္မ်ားကိုသာ ေစာင့္ၾကည့္ရန္ ေမတၱာရပ္ခံ
ဇွန် 26, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္၊ ထိုင္းႏိုင္ငံ(ေျမာက္ပိုင္း)၊ ခ်င္း႐ိုင္းခ႐ိုင္၊ မယ္ဆိုင္ၿမိဳ႕၊ ပုံဖာရပ္ကြက္ရွိ ဒြိဳင္းနန္းႏြန္းေတာင္ေျခ အနီး ဇြန္လ (၂၃)ရက္ေန႔ ကတည္းက လူငယ္(၁၃)ဦး ပိတ္မိေနသည့္ ထမ့္လြမ္လွိဳဏ္ဂူ အတြင္း ရွာေဖြကယ္ဆယ္မႈ လုပ္ငန္းမ်ားကို ႏိုင္ငံေတာ္အဆင့္ သတ္မွတ္ကာ ေဆာင္ရြက္ေနသည္ ျဖစ္သည့္ အတြက္ ဂူအနီးအထိ လာေရာက္ ၾကည့္သူမ်ားေၾကာင့္ ကယ္ဆယ္ေရး အဖြဲ႔၏ လုပ္ငန္းေဆာင္ရြက္မႈ ေႏွာင့္ေႏွးမႈမ်ား ျဖစ္ေစႏိုင္သျဖင့္ ဂူအနီး ႏွင့္ ဂူသတ္မွတ္ ဧရိယာအတြင္း ကယ္ဆယ္ေရး အဖြဲ႔မွ လြဲ၍ အျခားသူမ်ား မလာေရာက္ၾကရန္ ဇြန္လ(၂၆)ရက္ေန႔တြင္ ေမတၱာရပ္ခံကာ ကန္႔သတ္လိုက္ေၾကာင္း သိရသည္။

"အားလံုးက ကိုယ္စီကိုယ္စီ ကယ္ဆယ္ေရးအတြက္ အလုပ္ရႈပ္ေနၾက၊ သြားလာေနၾကတာ၊ ဂူအ၀ထိ လာၾကည့္တဲ့ သူေတြကို ေရွာင္ေနရတာနဲ႔ အလုပ္မျဖစ္ဘူး၊ ကြ်န္ေတာ္တို႔ ထူးျခားခ်က္ေတြကို သတင္းထုတ္ျပန္ေရး စင္တာကေန အသိေပး ထုတ္ျပန္သြားမွာပါ။ ေတာင္းဆိုခ်င္တာက အားလံုးပဲ အိမ္မွာေနၿပီး သတင္းေတြကို ေစာင့္ၾကည့္ပါ။ ေနာက္ၿပီး သတင္းအမွားေတြကိုလည္း မျဖန္႔ၾကဖို႔ ေတာင္းဆိုပါရေစ၊ ကယ္ဆယ္ေရး လုပ္ငန္းနဲ႔ မဆိုင္တဲ့ သူမ်ားအေနနဲ႔ ဂူကိုမလာပဲ အိမ္မွာပဲ သတင္းေတြကို ေစာင့္ၾကည့္ေနတာက ကြ်န္ေတာ္တို႔ကို ကူညီရာ ေရာက္ပါတယ္"ဟု ထိုင္းႏိုင္ငံ အမွတ္(၃၇ ) ေခ်မွဳန္းေရးတပ္မမွဴး ဗိုလ္မွဴးခ်ဳပ္ ဘန္ခ်ား ဒူလိယဖန္းက ဇြန္လ(၂၆)ရက္ေန႔ နံနက္ပိုင္းတြင္ မီဒီယာမ်ားမွ တစ္ဆင့္ ေျပာၾကားလိုက္ျခင္း ျဖစ္သည္။

ကယ္ဆယ္ေရး လုပ္ငန္းမ်ားကို ႏိုင္ငံေတာ္အဆင့္ သတ္မွတ္ကာ ေဆာင္ရြက္ေနရာတြင္ ထိုင္းႏိုင္ငံ ေတာ္၀င္ေရတပ္၊ ေတာ္၀င္ ေလတပ္ ႏွင့္ ေတာ္၀င္တပ္မေတာ္တို႔မွ အထူးကယ္ဆယ္ေရးအဖြဲ႔မ်ား အပါအ၀င္ ဘန္ေကာက္၊ ခ်င္းမိုင္း၊ ခ်င္းရိုင္း ႏွင့္ မယ္ဆိုင္တို႔မွ ကယ္ဆယ္ေရးအဖြဲ႔မ်ား အျပင္ လႈိဏ္ဂူႏွင့္ပတ္သက္၍ ကြ်မ္းက်င္သူမ်ားႏွင့္ပါ ပူးေပါင္း၍ေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရသည္။

"သူတို႔ လမ္းပိတ္ထားတာက အကုန္လံုးကို တစ္လမ္းသြား လုပ္ထားတယ္၊ အခုလို လုပ္ထားတာက အကယ္၍ ကေလးေတြကို ရွာေဖြကယ္ဆယ္ရခဲ့ရင္ နီးစပ္ရာ ေဆးရံုကို အျမန္သြားႏုိင္ရန္အတြက္ လမ္းရွင္းထားတဲ့အေနနဲ႔ ကန္႔သတ္လိုက္တာလည္းျဖစ္သလို ကယ္ဆယ္ေရးေဆာင္ရြက္ေနသူေတြကို အေႏွာက္အယွက္မျဖစ္ေစလိုတဲ့အတြက္ အခုလို ကန္႔သတ္လိုက္တာလို႔ သိရပါတယ္"ဟု ဂူအနီးသို႔ သြားေရာက္ၾကည့္ရွဳခဲ့သူ တာခ်ီလိတ္ၿမိဳ႕ေန ကိုစည္သူေမာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ပိုမိုထိေရာက္စြာ ေဆာင္ရြက္ႏိုင္ေရးအတြက္ ၂၀၁၈ခုႏွစ္ ဇြန္လ(၂၆)ရက္ေန႔ နံနက္(၁၀)နာရီ၀န္းက်င္က အဆိုပါ ဂူရွိရာ ကယ္ဆယ္ေရးစခန္းသို႔ ထိုင္းႏုိင္ငံ ျပည္ထဲေရး၀န္ႀကီး ဗိုလ္ခ်ဳပ္ႀကီး အႏုဖုန္း ေဖာင္က်င္ဒါးကိုယ္တိုင္ ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။

လူငယ္(၁၄)ဦးအား ရွာေဖြကယ္ဆယ္မႈမ်ား ျပဳလုပ္ရာတြင္ ဂူအတြင္းအျပင္ ဂူ၏ ျပင္ပျဖစ္သည့္ ေတာင္ထိပ္သို႔လည္း ထိုင္းတပ္မေတာ္ ေျခလ်င္တပ္ဖြဲ႔က လမ္းျပမ်ားျဖင့္ သြားေရာက္ကာ အစားအစာမ်ား ပစ္ခ်ေပးႏုိင္မည့္ ဂူေပါက္မ်ားကို ရွာေဖြကာ အစားအစာႏွင့္အေထာက္အပံ့ပစၥည္းမ်ား ပစ္ခ်ေပးေၾကာင္း သိရသည္။

"ေနာက္တစ္ခုက ဒြိဳင္ဖာမီရဲ႕ ေတာင္ထိပ္တည့္တည့္ကို ထိုင္း ေျခလ်င္တပ္ဖြဲ႔က လမ္းျပေတြနဲ႔အတူ  ႀကိဳးနဲ႔တက္ၿပီး အေပၚက ဂူေပါက္ေတြကို လိုက္ရွာၿပီး တကယ္လို႔မ်ား ကေလးေတြအေနနဲ႔ ေတြ႔ရွိရင္ စားႏိုင္ရန္ နဲ႔ အကူအညီ ေတာင္းႏုိင္ရန္ အတြက္ အစားအစာေတြ၊ မီးက်ည္ေတြကိုလည္း ခ်ေပးထားသလို၊ လက္ရွိ ရွာေဖြ ကယ္ဆယ္ေရးေတြ လုပ္ေနတဲ့ အေျခအေနေတြကိုလည္း သိႏိုင္ရန္အတြက္ စာေလးေတြပါ ေရးၿပီး အထုပ္ေတြနဲ႔ ပစ္ပစ္ခ်ေပးထားတယ္လို႔ သိရတယ္"ဟု ကိုစည္သူေမာင္က ေျပာျပသည္။

ဇြန္လ(၂၃)ရက္ေန႔ ေန႔လယ္ပိုင္းက စ၍ ဂူအတြင္းသို႔ ၀င္ေရာက္သြားသည့္ ေက်ာင္းေပါင္းစံုမွ အားကစားသမား ေက်ာင္းသား လူငယ္(၁၂)ဦး ႏွင့္ နည္းျပ (၁)ဦး စုစုေပါင္း လူငယ္(၁၃)ဦးသည္ အသက္အႀကီးဆံုးမွာ (၂၅)ႏွစ္အထိ ရွိၿပီး အသက္အငယ္ဆံုးမွာ (၁၁)ႏွစ္အထိ ပါ၀င္ေၾကာင္း သိရသည္။

၎တို႔သည္ ဂူအတြင္း မွ ျပန္လည္မထြက္လာႏုိင္ပဲ ပိတ္မိေနျခင္းေၾကာင့္ (၃)ညေက်ာ္ (၄)ရက္ေျမာက္ေန႔ျဖစ္သည့္ ဇြန္လ(၂၆)ရက္ေန႔ ေန႔လယ္(၂)နာရီအထိ ကယ္ဆယ္ရွာေဖြမႈမ်ား ျပဳလုပ္ေနလ်က္ရွိၿပီး ရွာေဖြေတြ႔ရွိရျခင္း မရွိေသးေၾကာင္း သိရသည္။

သတင္း - ကိုေဇာင္း
Photo: kaokrai 


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ(မြောက်ပိုင်း)၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့၊ ပုံဖာရပ်ကွက်ရှိ ဒွိုင်းနန်းနွန်းတောင်ခြေ အနီး ဇွန်လ (၂၃)ရက်နေ့ ကတည်းက လူငယ်(၁၃)ဦး ပိတ်မိနေသည့် ထမ့်လွမ်လှိုဏ်ဂူ အတွင်း ရှာဖွေကယ်ဆယ်မှု လုပ်ငန်းများကို နိုင်ငံတော်အဆင့် သတ်မှတ်ကာ ဆောင်ရွက်နေသည် ဖြစ်သည့် အတွက် ဂူအနီးအထိ လာရောက် ကြည့်သူများကြောင့် ကယ်ဆယ်ရေး အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးမှုများ ဖြစ်စေနိုင်သဖြင့် ဂူအနီး နှင့် ဂူသတ်မှတ် ဧရိယာအတွင်း ကယ်ဆယ်ရေး အဖွဲ့မှ လွဲ၍ အခြားသူများ မလာရောက်ကြရန် ဇွန်လ(၂၆)ရက်နေ့တွင် မေတ္တာရပ်ခံကာ ကန့်သတ်လိုက်ကြောင်း သိရသည်။

"အားလုံးက ကိုယ်စီကိုယ်စီ ကယ်ဆယ်ရေးအတွက် အလုပ်ရှုပ်နကြေ၊ သွားလာနကြေတာ၊ ဂူအဝထိ လာကြည့်တဲ့ သူတွေကို ရှောင်နေရတာနဲ့ အလုပ်မဖြစ်ဘူး၊ ကျွန်တော်တို့ ထူးခြားချက်တွေကို သတင်းထုတ်ပြန်ရေး စင်တာကနေ အသိပေး ထုတ်ပြန်သွားမှာပါ။ တောင်းဆိုချင်တာက အားလုံးပဲ အိမ်မှာနပြေီး သတင်းတွေကို စောင့်ကြည့်ပါ။ နောက်ပြီး သတင်းအမှားတွေကိုလည်း မဖြန့်ကြဖို့ တောင်းဆိုပါရစေ၊ ကယ်ဆယ်ရေး လုပ်ငန်းနဲ့ မဆိုင်တဲ့ သူများအနေနဲ့ ဂူကိုမလာပဲ အိမ်မှာပဲ သတင်းတွေကို စောင့်ကြည့်နေတာက ကျွန်တော်တို့ကို ကူညီရာ ရောက်ပါတယ်"ဟု ထိုင်းနိုင်ငံ အမှတ်(၃၇ ) ချေမှုန်းရေးတပ်မမှူး ဗိုလ်မှူးချုပ် ဘန်ချား ဒူလိယဖန်းက ဇွန်လ(၂၆)ရက်နေ့ နံနက်ပိုင်းတွင် မီဒီယာများမှ တစ်ဆင့် ပြောကြားလိုက်ခြင်း ဖြစ်သည်။

ကယ်ဆယ်ရေး လုပ်ငန်းများကို နိုင်ငံတော်အဆင့် သတ်မှတ်ကာ ဆောင်ရွက်နေရာတွင် ထိုင်းနိုင်ငံ တော်ဝင်ရေတပ်၊ တော်ဝင် လေတပ် နှင့် တော်ဝင်တပ်မတော်တို့မှ အထူးကယ်ဆယ်ရေးအဖွဲ့များ အပါအဝင် ဘန်ကောက်၊ ချင်းမိုင်း၊ ချင်းရိုင်း နှင့် မယ်ဆိုင်တို့မှ ကယ်ဆယ်ရေးအဖွဲ့များ အပြင် လှိုဏ်ဂူနှင့်ပတ်သက်၍ ကျွမ်းကျင်သူများနှင့်ပါ ပူးပေါင်း၍ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

"သူတို့ လမ်းပိတ်ထားတာက အကုန်လုံးကို တစ်လမ်းသွား လုပ်ထားတယ်၊ အခုလို လုပ်ထားတာက အကယ်၍ ကလေးတွေကို ရှာဖွေကယ်ဆယ်ရခဲ့ရင် နီးစပ်ရာ ဆေးရုံကို အမြန်သွားနိုင်ရန်အတွက် လမ်းရှင်းထားတဲ့အနေနဲ့ ကန့်သတ်လိုက်တာလည်းဖြစ်သလို ကယ်ဆယ်ရေးဆောင်ရွက်နေသူတွေကို အနှောက်အယှက်မဖြစ်စေလိုတဲ့အတွက် အခုလို ကန့်သတ်လိုက်တာလို့ သိရပါတယ်"ဟု ဂူအနီးသို့ သွားရောက်ကြည့်ရှုခဲ့သူ တာချီလိတ်မြို့နေ ကိုစည်သူမောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကယ်ဆယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၈ခုနှစ် ဇွန်လ(၂၆)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်က အဆိုပါ ဂူရှိရာ ကယ်ဆယ်ရေးစခန်းသို့ ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး အနုဖုန်း ဖောင်ကျင်ဒါးကိုယ်တိုင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

လူငယ်(၁၄)ဦးအား ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်ရာတွင် ဂူအတွင်းအပြင် ဂူ၏ ပြင်ပဖြစ်သည့် တောင်ထိပ်သို့လည်း ထိုင်းတပ်မတော် ခြေလျင်တပ်ဖွဲ့က လမ်းပြများဖြင့် သွားရောက်ကာ အစားအစာများ ပစ်ချပေးနိုင်မည့် ဂူပေါက်များကို ရှာဖွေကာ အစားအစာနှင့်အထောက်အပံ့ပစ္စည်းများ ပစ်ချပေးကြောင်း သိရသည်။

"နောက်တစ်ခုက ဒွိုင်ဖာမီရဲ့ တောင်ထိပ်တည့်တည့်ကို ထိုင်း ခြေလျင်တပ်ဖွဲ့က လမ်းပြတွေနဲ့အတူ ကြိုးနဲ့တက်ပြီး အပေါ်က ဂူပေါက်တွေကို လိုက်ရှာပြီး တကယ်လို့များ ကလေးတွေအနေနဲ့ တွေ့ရှိရင် စားနိုင်ရန် နဲ့ အကူအညီ တောင်းနိုင်ရန် အတွက် အစားအစာတွေ၊ မီးကျည်တွေကိုလည်း ချပေးထားသလို၊ လက်ရှိ ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်နေတဲ့ အခြေအနေတွေကိုလည်း သိနိုင်ရန်အတွက် စာလေးတွေပါ ရေးပြီး အထုပ်တွေနဲ့ ပစ်ပစ်ချပေးထားတယ်လို့ သိရတယ်"ဟု ကိုစည်သူမောင်က ပြောပြသည်။

ဇွန်လ(၂၃)ရက်နေ့ နေ့လယ်ပိုင်းက စ၍ ဂူအတွင်းသို့ ဝင်ရောက်သွားသည့် ကျောင်းပေါင်းစုံမှ အားကစားသမား ကျောင်းသား လူငယ်(၁၂)ဦး နှင့် နည်းပြ (၁)ဦး စုစုပေါင်း လူငယ်(၁၃)ဦးသည် အသက်အကြီးဆုံးမှာ (၂၅)နှစ်အထိ ရှိပြီး အသက်အငယ်ဆုံးမှာ (၁၁)နှစ်အထိ ပါဝင်ကြောင်း သိရသည်။

၎င်းတို့သည် ဂူအတွင်း မှ ပြန်လည်မထွက်လာနိုင်ပဲ ပိတ်မိနခြေင်းကြောင့် (၃)ညကျော် (၄)ရက်မြောက်နေ့ဖြစ်သည့် ဇွန်လ(၂၆)ရက်နေ့ နေ့လယ်(၂)နာရီအထိ ကယ်ဆယ်ရှာဖွေမှုများ ပြုလုပ်နေလျက်ရှိပြီး ရှာဖွေတွေ့ရှိရခြင်း မရှိသေးကြောင်း သိရသည်။

သတင်း - ကိုဇောင်း
Photo: kaokrai

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~