မယ်ဆိုင်ဂူအတွင်း လူငယ်(၁၃)ဦး ရှာဖွေကယ်ဆယ်ရေးကို နိုင်ငံတော်အဆင့်သတ်မှတ် ဆောင်ရွက်

မယ်ဆိုင်ဂူအတွင်း လူငယ်(၁၃)ဦး ရှာဖွေကယ်ဆယ်ရေးကို နိုင်ငံတော်အဆင့်သတ်မှတ် ဆောင်ရွက်
ဇှနျ 26, 2018
By Tachileik News Agency

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင်  ဂူအတွင်းပိတ်မိနေသည့် လူငယ်(၁၃)ဦး ရှာဖွေရေးကို (၄)ရက်မြောက်နေ့အဖြစ် ၂၀၁၈ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့ ၌ ဆက်လက် လုပ်ဆောင်နေပြီး ဇွန်လ(၂၅)ရက်နေ့ည ကတည်းက အဆိုပါ ရှာဖွေကယ်ဆယ်ရေးအား နိုင်ငံတော်အဆင့် သတ်မှတ်လိုက်ကာ ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီး ကိုယ်တိုင် ဇွန်လ(၂၆)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်တွင် လာရောက်၍ကြီးကြပ် ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ ကယ်ဆယ်ရေး လုပ်ငန်းများကို ထိုင်းဘုရင်ကလည်း သတင်းများ၊ အစီရင်ခံစာများမှ စောင့်ကြည့်နေပြီး အမြန်ဆုံး ကယ်ဆယ်နိုင်ရန် မိန့်ကြားထားကြောင်း သိရသည်။

လက်ရှိတွင် ဒေသတာဝန်ရှိသူများအပြင် ထိုင်းတော်ဝင်ရေတပ်၊ တော်ဝင်လေတပ်များပါ ဇွန်လ(၂၅)ရက်နေ့ကတည်းက အားဖြည့်ဆောင်ရွက်နေပြီး ဂူအတွင်းရေငုပ်ရှာဖွေခြင်းအပြင် လေတပ်က ဂူရှိရာ ကျောက်တောင်ပေါ်မှနေ၍ လမ်းကြောနှင့်အခြေအနေ စောင့်ကြည့်ရှာဖွေခြင်းကို နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

ရဟတ်ယာဉ်ဖြင့် ဝေဟင်မှနေ၍ ဂူထိပ်အထက်ဘက်ရှိ တောင်ကြောတစ်ဝိုက် အနီးပတ်ဝန်းကျင်တွင် ဂူထွက်ပေါက်များ ရှာဖွေနေပြီး ထွက်ပေါက်ရှာဖွေတွေ့ရှိပါက အထူးကယ်ဆယ်ရေးအဖွဲ့များ ဆင်းသက်ကြမည်ဖြစ်ကာ ဝက်ဝံတောင်ထိပ် ( ဒွိုင်ဖာမီ) သစ်တောတစ်ဝိုက် ရိက္ခာနှင့်မုန့်များ ဖြန့်ကျဲထားပြီး ကလေးများ အနေဖြင့် ကံကောင်းစွာ ထွက်လာနိုင်ပါက အားအင်ပြည့်ဖြိုးရန် အဆင်သင့် စားသုံးနိုင်ရန်နှင့်  အချက်ပြစနစ်များ အသုံးပြုနည်းများလည်း လမ်းညွှန်ပေးထားကြောင်း သိရသည်။


ဇွန်လ (၂၆)ရက်နေ့ နံနက်(၄)နာရီအချိန်တွင် အထူးအဖွဲ့များ ဂူအတွင်းသို့ ဝင်ရောက်သွားပြီဖြစ်ပြီး ခြေလျင်အထူးတပ်ဖွဲ့နှင့် သစ်တောအဖွဲ့များ၊ နယ်မြေကျွမ်းကျင်သည့် ဒေသခံလမ်းပြများပါဝင်သည့် အဖွဲ့များကလည်းဖြန့်ခွဲကာ ဂူအနီးဝန်းကျင်တွင် ဂူပေါက်( ဂယ်ပေါက်) ငယ်များရှာဖွေနေကြကြောင်း သိရသည်။

ဘန်ကောက်၊ ချင်းမိုင်၊ ချင်းရိုင်း၊ မယ်ဆိုင်မှ အထူးကယ်ဆယ်ရေးအဖွဲ့များ၊ လာရောက်လှူဒါန်းသူများလည်း ရောက်ရှိနေကြပြီး ပျောက်ဆုံးနေသူများအား ရှာဖွေတွေ့ရှိပါက ရေငုပ်ဝတ်စုံများ အကူအညီဖြင့် (၅)မီတာအနက်တွင် ရှိနေသည့် ဂူပေါက်မှ ကယ်ဆယ်ရန် ရေငုပ်ဝတ်စုံများ အဆင်သင့်ထားရှိပြီး အနီးဆုံး ဆေးရုံသို့ ပို့ဆောင်ရန် ဟယ်လီကော်ပတာကိုလည်း အဆင်သင့်ထားရှိထားကြောင်း သိရသည်။



Photo Crd: kaokrai  สำนักข่าวไทย၊ ชุมชนคนแม่สาย၊



~~~~~~~~⊰❂ unicode ~~~~~~~~


ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် ဂူအတွင်းပိတ်မိနေသည့် လူငယ်(၁၃)ဦး ရှာဖွေရေးကို (၄)ရက်မြောက်နေ့အဖြစ် ၂၀၁၈ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့၌ ဆက်လက် လုပ်ဆောင်နပြေီး ဇွန်လ(၂၅)ရက်နေ့ည ကတည်းက အဆိုပါ ရှာဖွေကယ်ဆယ်ရေးအား နိုင်ငံတော်အဆင့် သတ်မှတ်လိုက်ကာ ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီး ကိုယ်တိုင် ဇွန်လ(၂၆)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်တွင် လာရောက်၍ကြီးကြပ် ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ ကယ်ဆယ်ရေး လုပ်ငန်းများကို ထိုင်းဘုရင်ကလည်း သတင်းများ၊ အစီရင်ခံစာများမှ စောင့်ကြည့်နပြေီး အမြန်ဆုံး ကယ်ဆယ်နိုင်ရန် မိန့်ကြားထားကြောင်း သိရသည်။

လက်ရှိတွင် ဒေသတာဝန်ရှိသူများအပြင် ထိုင်းတော်ဝင်ရေတပ်၊ တော်ဝင်လေတပ်များပါ ဇွန်လ(၂၅)ရက်နေ့ကတည်းက အားဖြည့်ဆောင်ရွက်နပြေီး ဂူအတွင်းရေငုပ်ရှာဖွခြေင်းအပြင် လေတပ်က ဂူရှိရာ ကျောက်တောင်ပေါ်မှနေ၍ လမ်းကြောနှင့်အခြေအနေ စောင့်ကြည့်ရှာဖွခြေင်းကို နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်နခြေင်းဖြစ်သည်။

ရဟတ်ယာဉ်ဖြင့် ဝေဟင်မှနေ၍ ဂူထိပ်အထက်ဘက်ရှိ တောင်ကြောတစ်ဝိုက် အနီးပတ်ဝန်းကျင်တွင် ဂူထွက်ပေါက်များ ရှာဖွေနပြေီး ထွက်ပေါက်ရှာဖွေတွေ့ရှိပါက အထူးကယ်ဆယ်ရေးအဖွဲ့များ ဆင်းသက်ကြမည်ဖြစ်ကာ ဝက်ဝံတောင်ထိပ် ( ဒွိုင်ဖာမီ) သစ်တောတစ်ဝိုက် ရိက္ခါနှင့်မုန့်များ ဖြန့်ကျဲထားပြီး ကလေးများ အနဖြေင့် ကံကောင်းစွာ ထွက်လာနိုင်ပါက အားအင်ပြည့်ဖြိုးရန် အဆင်သင့် စားသုံးနိုင်ရန်နှင့် အချက်ပြစနစ်များ အသုံးပြုနည်းများလည်း လမ်းညွှန်ပေးထားကြောင်း သိရသည်။

ဂူ၏အထက်ဘက် လူတစ်ကိုယ်စာ ဂူပေါက်ငယ်များရှိနေရာ ကျောက်မိုင်းခွဲသင့်၊ မခွဲသင့်ဆွေးနွေးဆဲဖြစ်ပြီး လက်ရှိတွင် ဂူတွင်းရေများ စုပ်ထုတ်ရာ၌ ဂူအတွင်းအောက်ဆီဂျင် မပြတ်စေရန် မီးစက်အသုံးပြုခြင်း မရှိဘဲ လျှပ်စစ်မီးကို အသုံးပြုခြင်းဖြစ်ရာ မီးကြိုးသွယ်တန်းသည့် မီးကြိုးအရှည်(၁) ကီလိုမီတာလျှင် ထိုင်းဘတ်ငွေ(၃) သိန်း ကုန်ကျကြောင်း နှင့် ဆက်လက်၍ ပေပေါင်း (၂၇၀၀)ကျော်အထိ လျှပ်စစ်မီးကြိုးများ သွယ်တန်း ရန် လုပ်ငန်းဆောင်ရွက်နေကြောင်း သိရသည်။

ဇွန်လ (၂၆)ရက်နေ့ နံနက်(၄)နာရီအချိန်တွင် အထူးအဖွဲ့များ ဂူအတွင်းသို့ ဝင်ရောက်သွားပြီဖြစ်ပြီး ခြေလျင်အထူးတပ်ဖွဲ့နှင့် သစ်တောအဖွဲ့များ၊ နယ်မြေကျွမ်းကျင်သည့် ဒေသခံလမ်းပြများပါဝင်သည့် အဖွဲ့များကလည်းဖြန့်ခွဲကာ ဂူအနီးဝန်းကျင်တွင် ဂူပေါက်( ဂယ်ပေါက်) ငယ်များရှာဖွေနကြေကြောင်း သိရသည်။

ဘန်ကောက်၊ ချင်းမိုင်၊ ချင်းရိုင်း၊ မယ်ဆိုင်မှ အထူးကယ်ဆယ်ရေးအဖွဲ့များ၊ လာရောက်လှူဒါန်းသူများလည်း ရောက်ရှိနကြပြေီး ပျောက်ဆုံးနေသူများအား ရှာဖွေတွေ့ရှိပါက ရေငုပ်ဝတ်စုံများ အကူအညီဖြင့် (၅)မီတာအနက်တွင် ရှိနေသည့် ဂူပေါက်မှ ကယ်ဆယ်ရန် ရေငုပ်ဝတ်စုံများ အဆင်သင့်ထားရှိပြီး အနီးဆုံး ဆေးရုံသို့ ပို့ဆောင်ရန် ဟယ်လီကော်ပတာကိုလည်း အဆင်သင့်ထားရှိထားကြောင်း သိရသည်။

ကယ်ဆယ်ရေးအဖွဲ့သည် ဇွန်လ (၂၅)ရက်နေ့က ဂူအတွင်းရေဝင်ရောက်မှု လျော့နည်းစေရန်အတွက် လှိုဏ်ဂူအနီးရှိ ဝက်ဝံတောင်ကမ်းပါးယံ ( ဒွိုင်ဖာမီ ) ထိပ်မှနေ၍ ဂူထဲရေစီးဝင်ရောက်လာနိုင်သော လမ်းကြောင်းများ ပိတ်ဆို့လမ်းလွှဲခြင်းကိုပါ လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

လူငယ်(၁၃)ဦးပိတ်မိနေသည့် ဂူအတွင်းရှာဖွေရေးအား ၂၄ နာရီဆောင်ရွက်နေသော်လည်း လှိုဏ်ဂူအတွင်း မှောင်လွန်းခြင်း၊ အချို့အပိုင်းများတွင် အောက်ဆီဂျင်အလွန်နည်းပါးခြင်းနှင့် မိုးများပြီးဂူအတွင်းရေများလာခြင်းတို့ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အခက်အခဲဖြစ်နေကြောင်း သိရသည်။

သတင်း - စည်သူမောင်၊ Tachileik News Agency
Photo Crd: kaokrai สำนักข่าวไทย၊ ชุมชนคนแม่สาย၊

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~