လူငယ် (၁၃)ဦး နှစ်ရက်ကြာပိတ်မိနေသည့် မယ်ဆိုင်ဂူတွင်း ရှာဖွေရေး ဆက်လက်လုပ်ဆောင်နေပြီး ဂူအတွင်း ရေထပ်မဝင်စေရန် ရေလွှဲများ၊ ရေတားများ ပြုလုပ်ခြင်းနှင့် ဂူအတွင်းမှ ရေစုပ်ထုတ်မှုများ လုပ်ဆောင်နေ

လူငယ် (၁၃)ဦး နှစ်ရက်ကြာပိတ်မိနေသည့် မယ်ဆိုင်ဂူတွင်း ရှာဖွေရေး ဆက်လက်လုပ်ဆောင်နေပြီး ဂူအတွင်း ရေထပ်မဝင်စေရန် ရေလွှဲများ၊ ရေတားများ ပြုလုပ်ခြင်းနှင့် ဂူအတွင်းမှ ရေစုပ်ထုတ်မှုများ လုပ်ဆောင်နေ
ဇှနျ 25, 2018
By Tachileik News Agency

ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့ ပုံဖာရပ်ကွက်ရှိ ဒွိုင်းနန်းနွန်းတောင်ခြေ အနီး ဇွန်လ (၂၃)ရက်နေ့ ကတည်းက လူငယ်(၁၃)ဦး ပိတ်မိနေသည့် ထမ့်လွမ်လိုဏ်ဂူအတွင်း ရေများလာသဖြင့် ရေစုပ်ထုတ်နေပြီး ရေဝင်ရောက်နိုင်သည့် ရေစီးလမ်းကြောင်းများအား ပိတ်ဆို့ လမ်းလွှဲခြင်းနှင့် တောင်ကြောတစ်လျှောက်မှ ကယ်ပေါက်များ ရှာဖွေခြင်းတို့ကို ဇွန်လ (၂၅)ရက်နေ့ ညပိုင်းအထိ ဆောင်ရွက်နေကြောင်း သိရသည်။

ထိုင်းတော်ဝင် ရေတပ်မတော်၏ အထူးတပ်ဖွဲ့ဝင်များဖြင့် အားဖြည့်ထားသည့် ကယ်ဆယ်ရေးအဖွဲ့သည် ဇွန်လ (၂၅)ရက်နေ့ည အထိ ရှာဖွေနေဆဲ ဖြစ်သော်လည်း မိုးရွာသွန်းပြီး လှိုဏ်ဂူအတွင်း ရေဝင်မှုများလာသဖြင့် ဝက်ဝံတောင်ကမ်းပါးယံ ( ဒွိုင်ဖာမီ ) ထိပ်မှနေ၍ ဂူထဲ ရေစီးဝင်ရောက်လာနိုင်သော လမ်းကြောင်းများ ပိတ်ဆို့ လမ်းလွှဲခြင်းကိုပါ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။



ဂူထဲတွင် ပိတ်မိနေချိန် ကြာမြင့်နေပြီဖြစ်သည့် အတွက် တွေ့ရှိခဲ့ပါက ချက်ချင်းကယ်ထုတ်နိုင်ရေးထက် အားအင်ကုန်ခမ်း နေနိုင်သဖြင့် အာဟာရပြည့်ဝစေရန် စောင့်ရှောက်ပြီးမှ ကယ်ဆယ်ခေါ်ထုတ်နိုင်မည် ဖြစ်ကြောင်း ရေတပ်ကွန်မန်ဒိုအထူးတပ်ဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ရေတပ်ဗိုလ်မှူးချုပ် Arkarkoorn YukhongKeaw က သတင်းထောက်များအား ပြောကြား သည်။


ထိုင်းတော်ဝင် ရေတပ်အထူးအဖွဲ့က ဇွန်လ(၂၅)ရက်နေ့တွင် ရေငုပ်ပြီး လှိုဏ်ဂူအတွင်းရှိ ဝင်ပေါက် လမ်းကြောင်းသို့ ရောက်ရန် ရေအနက် (၅)မီတာအထိ ငုပ်ခဲ့ရပြီး ဂူအတွင်းပိုင်း လမ်းကြောင်းတစ်ခုအား ဝင်ရောက်ရှာဖွေခဲ့ရာ ကလေးများ၏ လက်ရာ၊ခြေရာများ တွေ့ရှိခဲ့ရသော်လည်း ပျောက်ဆုံးနေသူများအား မတွေ့ရသဖြင့် ဝင်ပေါက်ကျဉ်းမြောင်းသည့် ကျန်လမ်းကြောင်းတွင် ဆက်လက်ရှာဖွေနေခြင်းဖြစ်ကြောင်း သိရသည်။







~~~~~~~~⊰❂ unicode ~~~~~~~~


ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့ ပုံဖာရပ်ကွက်ရှိ ဒွိုင်းနန်းနွန်းတောင်ခြေ အနီး ဇွန်လ (၂၃)ရက်နေ့ ကတည်းက လူငယ်(၁၃)ဦး ပိတ်မိနေသည့် ထမ့်လွမ်လိုဏ်ဂူအတွင်း ရေများလာသဖြင့် ရေစုပ်ထုတ်နပြေီး ရေဝင်ရောက်နိုင်သည့် ရေစီးလမ်းကြောင်းများအား ပိတ်ဆို့ လမ်းလွှဲခြင်းနှင့် တောင်ကြောတစ်လျှောက်မှ ကယ်ပေါက်များ ရှာဖွခြေင်းတို့ကို ဇွန်လ (၂၅)ရက်နေ့ ညပိုင်းအထိ ဆောင်ရွက်နေကြောင်း သိရသည်။

ထိုင်းတော်ဝင် ရေတပ်မတော်၏ အထူးတပ်ဖွဲ့ဝင်များဖြင့် အားဖြည့်ထားသည့် ကယ်ဆယ်ရေးအဖွဲ့သည် ဇွန်လ (၂၅)ရက်နေ့ည အထိ ရှာဖွေနေဆဲ ဖြစ်သော်လည်း မိုးရွာသွန်းပြီး လှိုဏ်ဂူအတွင်း ရေဝင်မှုများလာသဖြင့် ဝက်ဝံတောင်ကမ်းပါးယံ ( ဒွိုင်ဖာမီ ) ထိပ်မှနေ၍ ဂူထဲ ရေစီးဝင်ရောက်လာနိုင်သော လမ်းကြောင်းများ ပိတ်ဆို့ လမ်းလွှဲခြင်းကိုပါ လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

ပိတ်မိနေသော ကျောင်းသားများ၏ မိဘအုပ်ထိန်းသူများအား ခရိုင်အုပ်ချုပ်ရေးမှူး မစ္စတာနလုန်းက ည(၈)နာရီအချိန်တွင် အားပေးစကားပြောကြားခဲ့ပြီး ရှာဖွေရေးအတွက် အထူးစီမံချက်တစ်ရပ် ရေးဆွဲ တိုင်ပင်နေကြောင်း သိရသည်။

ထိုင်းဘုရင်မင်းမြတ်ကလည်း ကလေးများအတွက် စိုးရိမ်သောကစိတ်များကြောင့် သတင်းအား အချိန်ပြည့် စောင့်ကြည့်လျက်ရှိကာ ပိတ်မိနေသည့် ကလေးများ၏ မိဘဆွေမျိုးများအား အားပေးစကားပါး လိုက်ပြီး လူငယ်(၁၃) ဦးအား အသက်အန္တရာယ်ဘေးမှ လွတ်ကင်းစေရန် ဆုတောင်းမေတ္တာပို့သခြင်းနှင့် ကယ်ဆယ်ရေး ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းအားလုံးကိုလည်း အားပေးစကား မှာကြားလိုက်ကြောင်း သိရသည်။

ဂူထဲတွင် ပိတ်မိနေချိန် ကြာမြင့်နပြေီဖြစ်သည့် အတွက် တွေ့ရှိခဲ့ပါက ချက်ချင်းကယ်ထုတ်နိုင်ရေးထက် အားအင်ကုန်ခမ်း နေနိုင်သဖြင့် အာဟာရပြည့်ဝစေရန် စောင့်ရှောက်ပြီးမှ ကယ်ဆယ်ခေါ်ထုတ်နိုင်မည် ဖြစ်ကြောင်း ရေတပ်ကွန်မန်ဒိုအထူးတပ်ဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ရေတပ်ဗိုလ်မှူးချုပ် Arkarkoorn YukhongKeaw က သတင်းထောက်များအား ပြောကြား သည်။

ပျောက်ဆုံးနေသူများအား ရှာဖွေတွေ့ရှိပါက ရေငုပ်ဝတ်စုံ အသုံးပြုနည်းကို ကယ်ဆယ်ရေးအဖွဲ့များက နည်းလမ်းပြပေးပြီး ရေငုပ်ဝတ်စုံများ အကူအညီဖြင့် (၅)မီတာအနက်တွင် ရှိနေသည့် ဂူပေါက်မှ ကယ်ဆယ်ရန် ရေငုပ်ဝတ်စုံများ အဆင်သင့်ထားရှိပြီး အနီးဆုံး ဆေးရုံသို့ ပို့ဆောင်ရန် ဟယ်လီကော်ပတာကိုလည်း အဆင်သင့်ထားရှိ ထားကြောင်း သိရသည်။

ထိုင်းတော်ဝင် ရေတပ်အထူးအဖွဲ့က ဇွန်လ(၂၅)ရက်နေ့တွင် ရေငုပ်ပြီး လှိုဏ်ဂူအတွင်းရှိ ဝင်ပေါက် လမ်းကြောင်းသို့ ရောက်ရန် ရေအနက် (၅)မီတာအထိ ငုပ်ခဲ့ရပြီး ဂူအတွင်းပိုင်း လမ်းကြောင်းတစ်ခုအား ဝင်ရောက်ရှာဖွေခဲ့ရာ ကလေးများ၏ လက်ရာ၊ခြေရာများ တွေ့ရှိခဲ့ရသော်လည်း ပျောက်ဆုံးနေသူများအား မတွေ့ရသဖြင့် ဝင်ပေါက်ကျဉ်းမြောင်းသည့် ကျန်လမ်းကြောင်းတွင် ဆက်လက်ရှာဖွေနခြေင်းဖြစ်ကြောင်း သိရသည်။

ဂူအတွင်းရှာဖွေရေးအား ၂၄ နာရီ ဆောင်ရွက်နေသော်လည်း လှိုဏ်ဂူအတွင်း မှောင်လွန်းခြင်း၊ အချို့အပိုင်းများတွင် အောက်ဆီဂျင်အလွန် နည်းပါးခြင်းနှင့် မိုးများခြင်းတို့ကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများအတွက် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

အဆိုပါ လှိုဏ်ဂူမှာ မိုးရာသီတွင် အန္တရာယ်ရှိသဖြင့် အများပြည်သူ အသုံးပြုခွင့်ပေးထားခြင်း မရှိဘဲ ဂူအတွင်း ဝင်ရောက်လိုပါက ခွင့်ပြုချက် လိုအပ်ကြောင်းကိုလည်း ဂူအဝင်ဝတွင် သတိပေးဆိုင်းဘုတ် ကြေညာထားကြောင်း သိရသည်။

လှိုဏ်ဂူအတွင်း ပိတ်မိနေသည့် ဘောလုံးအသင်းမှ ကျောင်းသားများနှင့် အသက်(၂၅)နှစ်အရွယ် နည်းပြတို့သည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်းက အဆိုပါ လှိုဏ်ဂူအတွင်း ဝင်ရောက်ခဲ့ဖူးကြောင်း အဆိုပါ နည်းပြ၏ facebook တွင်တင်ထားသည့် ဓာတ်ပုံအရ သိရသည်ဟု မီဒီယာများတွင် ဖော်ပြထားသည်။

သတင်း - Tachileik News Agency
Photo Crd: สำนักข่าวไทย၊ ชุมชนคนแม่สาย၊ Narong Chaitarak‎၊ Kittikhun Khonsongsaen‎၊

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~