တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုႀကီး၌ ဇြန္လ(၁၄)ရက္ေန႔တြင္ က်င္းပမည့္ ေသြးလွဴရွင္ဂုဏ္ျပဳပြဲသို႔ တာခ်ီလိတ္ေဆးရံုတြင္ (၅) ႀကိမ္ႏွင့္အထက္ ေသြးလွဴဒါန္းထားသူမ်ား တက္ေရာက္ေပးႏိုင္ရန္ ဖိတ္ၾကား

တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုႀကီး၌ ဇြန္လ(၁၄)ရက္ေန႔တြင္ က်င္းပမည့္ ေသြးလွဴရွင္ဂုဏ္ျပဳပြဲသို႔ တာခ်ီလိတ္ေဆးရံုတြင္ (၅) ႀကိမ္ႏွင့္အထက္ ေသြးလွဴဒါန္းထားသူမ်ား တက္ေရာက္ေပးႏိုင္ရန္ ဖိတ္ၾကား
ဇွန် 12, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုႀကီးတြင္ ေသြးလွဴဒါန္းမႈ (၅)ႀကိမ္မွ (၅)ႀကိမ္အထက္ လွဴဒါန္းခဲ့သူမ်ားအား အခမ္းအနားျဖင့္ ဂုဏ္ျပဳလႊာ ေပးအပ္ခ်ီးျမႇင့္လိုသျဖင့္ စာရင္းေပးသြင္းထားသည္ ျဖစ္ေစ၊ စာရင္းေပးထားျခင္း မရိွသည္ျဖစ္ေစ ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၄)ရက္ေန႔ နံနက္ (၉)နာရီတြင္ တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုႀကီး၏ အေပၚထပ္၌ က်င္းပမည့္ အခမ္းအနားသို႔ တက္ေရာက္ၾကရန္ ဖိတ္ၾကားထားသည္။

ေသြးလွဴဒါန္းသူမ်ားအား ဂုဏ္ျပဳလႊာေပးအပ္မည့္ အျပင္ အမွတ္တရလက္ေဆာင္မ်ား ေပးအပ္ျခင္း၊ ဘီပိုးကာကြယ္ေဆး ထိုးေပးျခင္းတို႔ကိုလည္း ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း တာခ်ီလိတ္ခရိုင္ခုတင္(၁၀၀)ဆံ့ျပည္သူ႔ေဆးရံုႀကီးမွ ဓါတ္ခြဲခန္းမွဴး ဦးသိန္းေရႊထံက သိရသည္။

၂၀၁၈ခုႏွစ္ ဇြန္လ (၁၄)ရက္ေန႔တြင္ က်ေရာက္မည့္ ကမၻာ့ေသြးလွဴရွင္မ်ားေန႔ အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္ခရိုင္ ျပည္သူ႔ေဆးရုံႀကီးတြင္ (၅) ႀကိမ္ႏွင့္အထက္ ေသြးလွဴဒါန္းထားသူမ်ားကုိ ဂုဏ္ျပဳဆုမ်ား ခ်ီးျမႇင့္လို၍ ေဆးရံုသို႔ ဆက္သြယ္စာရင္းေပးသြင္းၾကရန္ ဖိတ္ေခၚထားျခင္းျဖစ္ၿပီး စာရင္းေပးသြင္းထားရန္ က်န္ရိွသူမ်ားလည္း တက္ေရာက္ႏုိင္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် သွေးလှူဒါန်းမှု (၅)ကြိမ်မှ (၅)ကြိမ်အထက် လှူဒါန်းခဲ့သူများအား အခမ်းအနားဖြင့် ဂုဏ်ပြုလွှာ ပေးအပ်ချီးမြှင့်လိုသဖြင့် စာရင်းပေးသွင်းထားသည် ဖြစ်စေ၊ စာရင်းပေးထားခြင်း မရှိသည်ဖြစ်စေ ၂၀၁၈ ခုနှစ် ဇွန်လ (၁၄)ရက်နေ့ နံနက် (၉)နာရီတွင် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီး၏ အပေါ်ထပ်၌ ကျင်းပမည့် အခမ်းအနားသို့ တက်ရောက်ကြရန် ဖိတ်ကြားထားသည်။

သွေးလှူဒါန်းသူများအား ဂုဏ်ပြုလွှာပေးအပ်မည့် အပြင် အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်း၊ ဘီပိုးကာကွယ်ဆေး ထိုးပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တာချီလိတ်ခရိုင်ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးမှ ဓာတ်ခွဲခန်းမှူး ဦးသိန်းရွှေထံက သိရသည်။

၂၀၁၈ခုနှစ် ဇွန်လ (၁၄)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် (၅) ကြိမ်နှင့်အထက် သွေးလှူဒါန်းထားသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်လို၍ ဆေးရုံသို့ ဆက်သွယ်စာရင်းပေးသွင်းကြရန် ဖိတ်ခေါ်ထားခြင်းဖြစ်ပြီး စာရင်းပေးသွင်းထားရန် ကျန်ရှိသူများလည်း တက်ရောက်နိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~