ေရလႊမ္းမိုး၍ ေန႔တစ္ပိုင္းအေက်ာ္ ယာယီပိတ္ထားရသည့္ တာခ်ီလိတ္ေလဆိပ္အား ေန႔လယ္ (၂)နာရီတြင္ ျပန္ဖြင့္

ေရလႊမ္းမိုး၍ ေန႔တစ္ပိုင္းအေက်ာ္ ယာယီပိတ္ထားရသည့္ တာခ်ီလိတ္ေလဆိပ္အား ေန႔လယ္ (၂)နာရီတြင္ ျပန္ဖြင့္
ဇွန် 27, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ေလဆိပ္ ေလယာဥ္ေျပးလမ္းတြင္ ေရ(၃)လက္မခန္႔ တက္လာသျဖင့္ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၇)ရက္ေန႔ နံနက္ပိုင္းမွစ၍ ယာယီပိတ္ထားၿပီး ေရမ်ား စုပ္ထုတ္ေနရာ ေန႔လယ္ (၂)နာရီဝန္းက်င္တြင္ ေရက်သြားၿပီျဖစ္သျဖင့္ ကြင္းျပန္ဖြင့္လိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တုိ႔ ေရစုပ္စက္နဲ႔ စုပ္ထုတ္လုိက္တာ ေျပးလမ္းမွာ ေရျပန္က်သြားပါၿပီ။ ဒီေန႔ ေန႔လယ္ (၂)နာရီမွာ ကြင္းျပန္ဖြင့္လိုက္ပါၿပီ”ဟု တာခ်ီလိတ္ေလဆိပ္ ေလေၾကာင္းထိန္းသိမ္းေရးတာ၀န္ခံ ဦး၀င္းျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဇြန္လ (၂၆)ရက္ေန႔မွစ၍ မိုးရြာသြန္းမႈေၾကာင့္ ဇြန္လ (၂၇)ရက္ေန႔ နံနက္ပိုင္းက ေလယာဥ္ေျပးလမ္းတြင္ ေရလႊမ္းမိုးမႈ စတင္ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်လေဆိပ် လေယာဉ်ပြေးလမ်းတွင် ရေ(၃)လက်မခန့် တက်လာသဖြင့် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၇)ရက်နေ့ နံနက်ပိုင်းမှစ၍ ယာယီပိတ်ထားပြီး ရေများ စုပ်ထုတ်နေရာ နေ့လယ် (၂)နာရီဝန်းကျင်တွင် ရေကျသွားပြီဖြစ်သဖြင့် ကွင်းပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ရေစုပ်စက်နဲ့ စုပ်ထုတ်လိုက်တာ ပြေးလမ်းမှာ ရပြေန်ကျသွားပါပြီ။ ဒီနေ့ နေ့လယ် (၂)နာရီမှာ ကွင်းပြန်ဖွင့်လိုက်ပါပြီ”ဟု တာချီလိတ်လေဆိပ် လေကြောင်းထိန်းသိမ်းရေးတာဝန်ခံ ဦးဝင်းမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဇွန်လ (၂၆)ရက်နေ့မှစ၍ မိုးရွာသွန်းမှုကြောင့် ဇွန်လ (၂၇)ရက်နေ့ နံနက်ပိုင်းက လေယာဉ်ပြေးလမ်းတွင် ရေလွှမ်းမိုးမှု စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~