ထုိင္းႏုိင္ငံတြင္း ဖမ္းဆီးရမိသည့္ ေရႊ႕ေျပာင္းျမန္မာလုပ္သား (၇)ဦးကို တာခ်ီလိတ္သို႔ ျပန္လည္လႊဲေျပာင္း

ထုိင္းႏုိင္ငံတြင္း ဖမ္းဆီးရမိသည့္ ေရႊ႕ေျပာင္းျမန္မာလုပ္သား (၇)ဦးကို တာခ်ီလိတ္သို႔ ျပန္လည္လႊဲေျပာင္း
ဇွန် 27, 2018
By Tachileik News Agency

ထိုင္းႏုိင္ငံတြင္း ဖမ္းဆီးခံရသည့္ ျမန္မာေရႊ႕ေျပာင္းလုပ္သား အမ်ိဳးသား(၅)ဦးႏွင့္ အမ်ိဳးသမီး (၂)ဦးကို ထုိင္းႏုိင္ငံတာဝန္ရိွသူမ်ားက ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၈ ခုႏွစ္ ဇြန္လ (၂၇)ရက္ေန႔တြင္ လႊဲေျပာင္းေပးလာေၾကာင္း သိရသည္။

အဆိုပါ လႊဲေျပာင္းလာသူမ်ားတြင္ မႏၱေလးတုိင္းေဒသႀကီးမွ (၂)ဦး၊ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ ( ၂ )ႏွင့္ ရွမ္းျပည္နယ္ေတာင္ပိုင္းမွ (၃)ဦးတို႔ ျဖစ္ၾကၿပီး နယ္ေျမေက်ာ္လြန္သြားေရာက္ျခင္း၊ ခြင့္ျပဳရက္ထက္ ေက်ာ္လြန္ေနထုိင္ျခင္းတုိ႔ေၾကာင့္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျမန္မာႏုိင္ငံသားမ်ားအား ထုိင္းႏုိင္ငံမွ တာဝန္ရိွသူမ်ားက ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ အမွတ္(၂)ခ်စ္ၾကည္ေရးတံတားတြင္ ျပန္လည္လႊဲေျပာင္းလာရာ ျမန္မာႏုိင္ငံဘက္မွ တာခ်ီလိတ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူဝင္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာဌာန၊ လူကုန္ကူးမွဳ တုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕၊ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညိႇႏွိဳင္းေရးေကာ္မတီဝင္ (CNCMC) တုိ႔က လက္ခံႀကိဳဆုိခဲ့ၾကေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံတြင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသားမ်ားအား ျမန္မာ - ထုိင္း နယ္စပ္ၿမိဳ႕မ်ားသို႔ ထုိင္းႏုိင္ငံက လႊဲေျပာင္းေပးေလ့ရိွရာ တာခ်ီလိတ္ၿမိဳ႕သို႔ လႊဲေျပာင္းေပးလာသည့္ဦးေရမွာ ၂၀၁၈ ခုႏွစ္၊ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ဇြန္လ(၂၇)ရက္ေန႔အထိ အမ်ိဳးသား(၃၂၂)ဦး၊ အမ်ိဳးသမီး(၁၅၅)ဦးႏွင့္ ကေလး(၁၉) ဦး၊ စုစုေပါင္း ( ၄၉၆) ဦးရိွၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း -  စိုင္းေဇယ်ာ
ဓါတ္ပံု -  ၿမိဳ႕နယ္ေထြ/အုပ္



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား(၅)ဦးနှင့် အမျိုးသမီး (၂)ဦးကို ထိုင်းနိုင်ငံတာဝန်ရှိသူများက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ၂၀၁၈ ခုနှစ် ဇွန်လ (၂၇)ရက်နေ့တွင် လွှဲပြောင်းပေးလာကြောင်း သိရသည်။

အဆိုပါ လွှဲပြောင်းလာသူများတွင် မန္တလေးတိုင်းဒေသကြီးမှ (၂)ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ( ၂ )နှင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ (၃)ဦးတို့ ဖြစ်ကြပြီး နယ်မြေကျော်လွန်သွားရောက်ခြင်း၊ ခွင့်ပြုရက်ထက် ကျော်လွန်နေထိုင်ခြင်းတို့ကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ အမှတ်(၂)ချစ်ကြည်ရေးတံတားတွင် ပြန်လည်လွှဲပြောင်းလာရာ မြန်မာနိုင်ငံဘက်မှ တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီဝင် (CNCMC) တို့က လက်ခံကြိုဆိုခဲ့ကြကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား မြန်မာ - ထိုင်း နယ်စပ်မြို့များသို့ ထိုင်းနိုင်ငံက လွှဲပြောင်းပေးလေ့ရှိရာ တာချီလိတ်မြို့သို့ လွှဲပြောင်းပေးလာသည့်ဦးရေမှာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ ဇွန်လ(၂၇)ရက်နေ့အထိ အမျိုးသား(၃၂၂)ဦး၊ အမျိုးသမီး(၁၅၅)ဦးနှင့် ကလေး(၁၉) ဦး၊ စုစုပေါင်း ( ၄၉၆) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - မြို့နယ်ထွေ/အုပ် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~