မန္တလေး - မူဆယ် ခရီးသည်တင်ယာဉ်တစ်စီးဖြင့် သယ်ဆောင်လာသည့် ကျောက်စိမ်းတုံး ၆၀၀ ကျော်ကို ဖမ်းဆီးသိမ်းဆည်း

မန္တလေး - မူဆယ် ခရီးသည်တင်ယာဉ်တစ်စီးဖြင့် သယ်ဆောင်လာသည့် ကျောက်စိမ်းတုံး ၆၀၀ ကျော်ကို ဖမ်းဆီးသိမ်းဆည်း
ဇှနျ 27, 2018
By Tachileik News Agency


ကျောက်မဲမြို့ရှိ အမှတ် (၅၀၂) ခြေမြန်တပ်ရင်း၊ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့နှင့် ကျောက်မဲမြို့ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က အဆိုပါ မော်တော်ယာဉ်အား ကျောက်မဲမြို့ အိုရီယမ်တယ်တိုးဂိတ်တွင် နံနက် (၃) နာရီခွဲဝန်းကျင်က စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် ယာဉ်မောင်းနှင့် လိုက်ပါလာသည့် အမျိုးသားတစ်ဦးကို တွေ့ရပြီး ယာဉ်ပေါ်လိုက်ပါလာသည့်အမျိုးသား၏ အိတ်အတွင်းမှ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဘောင်ချာတစ်ခု၊ ကျောက်အရောင်းအဝယ်ပြုလုပ်သည့် စာရွက် တစ်ခုတို့အား တွေ့ရှိရသည့် အတွက် ယာဉ်အား ဆက်လက်ရှာဖွေရာမှ မော်တော်ယာဉ် ဝမ်းဗိုက်အတွင်း ထည့်သွင်းသယ်ဆောင်လာသည့် ကျောက်စိမ်းများကို စစ်ဆေးတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။



သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ- ရဲတပ်ဖွဲ့


~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေး - မူဆယ်ပြေးဆွဲနေသည့် ရှမ်းမင်းသားခရီးသည်တင်ယာဉ်လိုင်းမှ မော်တော်ယာဉ်တစ်စီးတွင် တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်းတုံး (၆၀၃)တုံးကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၇)ရက်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ အိုရီယမ်တယ်တိုးဂိတ်၌ ဖမ်းဆီးရမိကြောင်း သိရသည်။

ကျောက်မဲမြို့ရှိ အမှတ် (၅၀၂) ခြမြေန်တပ်ရင်း၊ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့နှင့် ကျောက်မဲမြို့ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က အဆိုပါ မော်တော်ယာဉ်အား ကျောက်မဲမြို့ အိုရီယမ်တယ်တိုးဂိတ်တွင် နံနက် (၃) နာရီခွဲဝန်းကျင်က စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် ယာဉ်မောင်းနှင့် လိုက်ပါလာသည့် အမျိုးသားတစ်ဦးကို တွေ့ရပြီး ယာဉ်ပေါ်လိုက်ပါလာသည့်အမျိုးသား၏ အိတ်အတွင်းမှ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဘောင်ချာတစ်ခု၊ ကျောက်အရောင်းအဝယ်ပြုလုပ်သည့် စာရွက် တစ်ခုတို့အား တွေ့ရှိရသည့် အတွက် ယာဉ်အား ဆက်လက်ရှာဖွေရာမှ မော်တော်ယာဉ် ဝမ်းဗိုက်အတွင်း ထည့်သွင်းသယ်ဆောင်လာသည့် ကျောက်စိမ်းများကို စစ်ဆေးတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

တိပ်အဝါများဖြင့် ပတ်ထားသော ကျောက်စိမ်းဟု ယူဆရသည့် အရွယ်စုံကျောက်တုံး(၆၀၀)၊ ကျောက်စိမ်း ခွဲခြမ်း (၂) တုံးနှင့် အတုံး(၁)တုံး စုစုပေါင်း ကျောက်စိမ်းတုံး (၆၀၃)တုံး၊ အလေးချိန် စုစုပေါင်း (၁၆၃၀.၃၅) ကီလိုဂရမ်တို့ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်း စိုးသန်းနှင့် မော်တော်ယာဉ်တွင် လိုက်ပါလာသည့် ခင်မောင်သန်းတို့အား မြန်မာ့ကျောက်မျက် ရတနာ ဥပဒေ ပုဒ်မ ၄၂/(က) ဖြင့် ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ- ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~