ကား ႏွင့္ ဆိုင္ကယ္တိုက္မိရာမွ ဆိုင္ကယ္ေမာင္းလာသည့္ (၄)ဘာသာဂုဏ္ထူးရွင္ ေက်ာင္းသားတစ္ဦး ေသဆံုးမႈ ျမစ္ႀကီးနားတြင္ ျဖစ္ပြား

ကား ႏွင့္ ဆိုင္ကယ္တိုက္မိရာမွ ဆိုင္ကယ္ေမာင္းလာသည့္ (၄)ဘာသာဂုဏ္ထူးရွင္ ေက်ာင္းသားတစ္ဦး ေသဆံုးမႈ ျမစ္ႀကီးနားတြင္ ျဖစ္ပြား
ဇွန် 10, 2018
By Tachileik News Agency

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕တြင္ ကားႏွင့္ဆိုင္ကယ္ မေတာ္တဆ တိုက္မိရာမွာ ဆိုင္ကယ္ ေမာင္းလာသည့္ (၄)ဘာသာဂုဏ္ထူးရွင္ ေက်ာင္းသားတစ္ဦးေသဆံုးမႈ ဇြန္လ(၉)ရက္ေန႔က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျမစ္ႀကီးနားၿမိဳ႕၊ ရန္ႀကီးေအာင္ရပ္ကြက္၊ နယ္ေျမ(၁)၊ စိမ္းျမဧရာလမ္း ႏွင့္ ရန္ေအာင္ျမင္လမ္းဆံုတြင္ ၂၀၁၈ခုႏွစ္ ဇြန္လ(၁၀)ရက္ေန႔ နံနက္(၁၀)နာရီ ၀န္းက်င္အခ်ိန္က အသက္(၂၅)ႏွစ္ရွိ ေဇာ္ထြန္းဦး ေမာင္းလာေသာ ေမာ္ေတာ္ကားသည္ စိမ္းျမဧရာပန္းၿခံဘက္အေကြ႔ အေရာက္၌ ယာဥ္ေၾကာတူဘက္မွ တစ္ဦးတည္း ေမာင္းလာသည့္ ေမာ္ေတာ္ဆိုင္ကယ္အား အရွိန္လြန္ၿပီး တိုက္မိရာမွ ဆိုင္ကယ္ ေမာင္းလာသူမွာ ဒဏ္ရာမ်ားရရွိကာ ေဆးရံုတြင္ ေသဆံုးသြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ယာဥ္တိုက္မိမႈေၾကာင့္ ေသဆံုးသြားသူ အသက္(၁၆)ႏွစ္ရွိ ေမာင္ဆြတ္ဆိုင္းေအာင္သည္ ျမစ္ႀကီးနားၿမိဳ႕ရွိ အေျခခံပညာအထက္တန္းေက်ာင္း(၉)တြင္ (၄)ဘာသာဂုဏ္ထူးျဖင့္ မၾကာေသးမီက တကၠသုိလ္၀င္တန္း ေအာင္ျမင္ထားသူျဖစ္ေၾကာင္း သိရသည္။

ယာဥ္တိုက္မႈျဖစ္စဥ္ႏွင့္ ပတ္သက္၍ လမ္းလယ္မွ ယာဘက္ယာဥ္ေၾကာသို႔ ယာဥ္ေၾကာေျပာင္းခ်ဳိးေကြ႕ ေမာင္းႏွင္သူျဖစ္သည့္ ေဇာ္ထြန္းဦးအား အေရးယူေဆာင္ရြက္ရန္အတြက္ ျမစ္ႀကီးနား ယာဥ္ထိန္းရဲတပ္ဖြဲ႔မွ ေဆာင္ရြက္ေနၿပီး စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရွိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကားနှင့်ဆိုင်ကယ် မတော်တဆ တိုက်မိရာမှာ ဆိုင်ကယ် မောင်းလာသည့် (၄)ဘာသာဂုဏ်ထူးရှင် ကျောင်းသားတစ်ဦးသေဆုံးမှု ဇွန်လ(၉)ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ နယ်မြေ(၁)၊ စိမ်းမြဧရာလမ်း နှင့် ရန်အောင်မြင်လမ်းဆုံတွင် ၂၀၁၈ခုနှစ် ဇွန်လ(၁၀)ရက်နေ့ နံနက်(၁၀)နာရီ ဝန်းကျင်အချိန်က အသက်(၂၅)နှစ်ရှိ ဇော်ထွန်းဦး မောင်းလာသော မော်တော်ကားသည် စိမ်းမြဧရာပန်းခြံဘက်အကွေ့ အရောက်၌ ယာဉ်ကြောတူဘက်မှ တစ်ဦးတည်း မောင်းလာသည့် မော်တော်ဆိုင်ကယ်အား အရှိန်လွန်ပြီး တိုက်မိရာမှ ဆိုင်ကယ် မောင်းလာသူမှာ ဒဏ်ရာများရရှိကာ ဆေးရုံတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မိမှုကြောင့် သေဆုံးသွားသူ အသက်(၁၆)နှစ်ရှိ မောင်ဆွတ်ဆိုင်းအောင်သည် မြစ်ကြီးနားမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(၉)တွင် (၄)ဘာသာဂုဏ်ထူးဖြင့် မကြာသေးမီက တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ လမ်းလယ်မှ ယာဘက်ယာဉ်ကြောသို့ ယာဉ်ကြောပြောင်းချိုးကွေ့ မောင်းနှင်သူဖြစ်သည့် ဇော်ထွန်းဦးအား အရေးယူဆောင်ရွက်ရန်အတွက် မြစ်ကြီးနား ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဆောင်ရွက်နပြေီး စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~