တာချီလိတ်မြို့ တာချီလိတ် - ကျိုင်းတုံလမ်းတွင် သေနတ်တစ်လက်နှင့်အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိ

တာချီလိတ်မြို့ တာချီလိတ် - ကျိုင်းတုံလမ်းတွင် သေနတ်တစ်လက်နှင့်အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိ
ဇှနျ 20, 2018
By Tachileik News Agency


ဟောင်လိတ်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်ဆန်းဦး နှင့် တပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ ညနေ(၄)နာရီခွဲဝန်းကျင်က ဖန်မင်ကျေးရွာအုပ်စု၊ ဧဒင်ရွာအဝင်အနီး၊ တာချီလိတ် - ကျိုင်းတုံ ကားလမ်းမဘေး၌  စိုင်းလောင်ဆိုသူကို ရှာဖွေစစ်ဆေးရာ ၎င်းလွယ်ထားသည့် အနက်ရောင် အိတ်ထဲမှ (.45) အမျိုးအစား၊ Model အမှတ်- 199 -A1 (ငွေ/နက်) ရောင် ပစ္စတိုတစ်လက်ကို ကျည်ကပ် တပ်ဆင်လျှက် (၃၈) ဗို့ကျည်တစ်တောင့်နှင့်အတူ ရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ ဧဒင်ရွာအဝင်အနီး တာချီလိတ် - ကျိုင်းတုံ ကားလမ်းမဘေးတွင် ၂၀၁၈ ခုနှစ်၊ ဇွန်လ(၂၀)ရက်နေ့ ညနေပိုင်းက သတင်းအရ ရဲတပ်ဖွဲ့က ရှာဖွေရာ သေနတ်တစ်လက်နှင့်အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

ဟောင်လိတ်နယ်မြေရဲစခန်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ညနေ(၄)နာရီခွဲဝန်းကျင်က ဖန်မင်ကျေးရွာအုပ်စု၊ ဧဒင်ရွာအဝင်အနီး၊ တာချီလိတ်-ကျိုင်းတုံ ကားလမ်းမဘေး၌ စိုင်းလောင်ဆိုသူကို ရှာဖွေစစ်ဆေးရာ၎င်းလွယ်ထားသည့် အနက်ရောင် အိတ်ထဲမှ (.45) အမျိုးအစား၊ Model အမှတ်- 199 -A1 (ငွေ/နက်) ရောင် ပစ္စတိုတစ်လက်ကို ကျည်ကပ် တပ်ဆင်လျှက် (၃၈) ဗို့ကျည်တစ်တောင့်နှင့်အတူ ရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

တရားမဝင်လက်နက်ဖြင့် ဖမ်းဆီးရမိသည့် အသက်(၂၈)နှစ်အရွယ် စိုင်းလောင်အား တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ)၂၀၂ /၂၀၁၈၊ ရှမ်းပြည်နယ်လက်နက် အမိန့် ၁၂ (က) အရ အမှုဖွင့်ထားကြောင်း သိရသည်။

ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~