မယ္ဆုိင္၊ ဘန္ေကာက္ႏွင့္ ခ်င္းမုိင္ၿမိဳ႕မ်ားတြင္ တရားမဝင္ေနထုိင္သည့္ ျမန္မာႏိုင္ငံသား (၄)ဦးအား တာခ်ီလိတ္သို႔ လႊဲေျပာင္း

မယ္ဆုိင္၊ ဘန္ေကာက္ႏွင့္ ခ်င္းမုိင္ၿမိဳ႕မ်ားတြင္ တရားမဝင္ေနထုိင္သည့္ ျမန္မာႏိုင္ငံသား (၄)ဦးအား တာခ်ီလိတ္သို႔ လႊဲေျပာင္း
ဇွန် 5, 2018
By Tachileik News Agency

ထိုင္းႏုိင္ငံ ဘန္ေကာက္ ၊ ခ်င္းမုိင္ ႏွင့္ မယ္ဆုိင္ၿမိဳ႕မ်ားတြင္ တရားမဝင္ ေနထုိင္သည့္ ျမန္မာေရႊ႕ေျပာင္း လုပ္သား (၄)ဦးကို ထုိင္းႏုိင္ငံတာဝန္ရိွသူမ်ားက ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၈ ခုႏွစ္ ဇြန္လ (၅)ရက္ေန႔ နံနက္(၁၁)နာရီခြဲတြင္ လႊဲေျပာင္းလာေၾကာင္း သိရသည္။

လႊဲေျပာင္းလာသည့္ အမ်ိဳးသား(၃)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦးတြင္ ကခ်င္ျပည္နယ္မွ (၁)ဦး၊ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ (၂)ဦးႏွင့္ မေကြးတိုင္းေဒသႀကီးမွ (၁)ဦးပါဝင္ေၾကာင္း သိရသည္။

အဆိုပါ လႊဲေျပာင္းလာသူမ်ားအား တာခ်ီလိတ္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမားလူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဆုိင္ရာဌာန၊ လူကုန္ကူးမွဳ တုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕၊ ထုိင္းႏုိင္ငံမယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရး ေကာ္မတီ၀င္( CNCMC )တုိ႔က လက္ခံႀကိဳဆုိကာ စိစစ္လက္ခံခဲ့ၾကေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံတြင္း တရားမဝင္ေနထိုင္မႈျဖင့္ ဖမ္းဆီးထိန္းသိမ္းခံရသည့္ ျမန္မာႏုိင္ငံသားမ်ားအား ျမန္မာ - ထုိင္းနယ္စပ္ၿမိဳ႕မ်ားသို႔ ထုိင္းႏုိင္ငံက လႊဲေျပာင္းေပးေလ့ရိွရာ တာခ်ီလိတ္ၿမိဳ႕သို႔ လႊဲေျပာင္းေပးလာသည့္ ဦးေရမွာ ၂၀၁၈ခုႏွစ္၊ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ဇြန္လ(၅)ရက္ေန႔အထိ အမ်ိဳးသား(၂၃၁)ဦး၊ အမ်ိဳးသမီး(၁၀၂)ဦးႏွင့္ ကေလး(၁၅) ဦး၊ စုစုေပါင္း ( ၃၄၈) ဦး ရိွၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - CNCMC


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင် နှင့် မယ်ဆိုင်မြို့များတွင် တရားမဝင် နေထိုင်သည့် မြန်မာရွှေ့ပြောင်း လုပ်သား (၄)ဦးကို ထိုင်းနိုင်ငံတာဝန်ရှိသူများက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ၂၀၁၈ ခုနှစ် ဇွန်လ (၅)ရက်နေ့ နံနက်(၁၁)နာရီခွဲတွင် လွှဲပြောင်းလာကြောင်း သိရသည်။

လွှဲပြောင်းလာသည့် အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၁)ဦးတွင် ကချင်ပြည်နယ်မှ (၁)ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ (၂)ဦးနှင့် မကွေးတိုင်းဒေသကြီးမှ (၁)ဦးပါဝင်ကြောင်း သိရသည်။

အဆိုပါ လွှဲပြောင်းလာသူများအား တာချီလိတ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင်( CNCMC )တို့က လက်ခံကြိုဆိုကာ စိစစ်လက်ခံခဲ့ကြကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသားများအား မြန်မာ - ထိုင်းနယ်စပ်မြို့များသို့ ထိုင်းနိုင်ငံက လွှဲပြောင်းပေးလေ့ရှိရာ တာချီလိတ်မြို့သို့ လွှဲပြောင်းပေးလာသည့် ဦးရေမှာ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ ဇွန်လ(၅)ရက်နေ့အထိ အမျိုးသား(၂၃၁)ဦး၊ အမျိုးသမီး(၁၀၂)ဦးနှင့် ကလေး(၁၅) ဦး၊ စုစုပေါင်း ( ၃၄၈) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - CNCMC 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~