တာချီလိတ်မြို့ရှိ နဂါးနှစ်ကောင်ကျောင်းတိုက်တွင် ပထမအကြိမ်အဖြစ် ပင့်သံဃာအပါး(၁၀၀၀)စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဇွန်လ(၁၇)ရက်နေ့ နံနက်တွင် ကျင်းပပြုလုပ်မည်

တာချီလိတ်မြို့ရှိ နဂါးနှစ်ကောင်ကျောင်းတိုက်တွင် ပထမအကြိမ်အဖြစ် ပင့်သံဃာအပါး(၁၀၀၀)စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဇွန်လ(၁၇)ရက်နေ့ နံနက်တွင် ကျင်းပပြုလုပ်မည်
ဇှနျ 15, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းရှိ နဂါးနှစ်ကောင် ကျောင်းတိုက်တွင် ပထမအကြိမ်အဖြစ် ပင့်သံဃာအပါး (၁၀၀၀) စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ၂၀၁၈ခုနှစ် ဇွန်လ(၁၇)ရက်နေ့ နံနက်(၇)နာရီခွဲတွင် ကျင်းပပြုလုပ်မည် ဖြစ်သည့် အတွက် တာချီလိတ်မြို့မှ စေတနာရှင် အလှူရှင်များ အနေဖြင့် လာရောက်၍ လောင်းလှူနိုင်မည် ဖြစ်ကြောင်း သိရသည်။


ဆွမ်းဆန်စိမ်းလောင်းပွဲသို့ လာရောက် လောင်းလှူမည့် အလှူရှင်များ အနေဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည့် နဂါးနှစ်ကောင်ကျောင်းတိုက် အတွင်း ကား/ဆိုင်ကယ်များအား ရပ်တန့်ခြင်း မပြုလုပ်ပဲ နဂါးနှစ်ကောင်ကျောင်းတိုက်ရှေ့ရှိ အထက(ဆန်ဆိုင်း)အတွင်း၌သာ ရပ်တန့်ထားရမည်ဖြစ်ပြီး ယာဉ်များရပ်တန့်ထားနိုင်ရန်အတွက် စီစဉ်ထားရှိကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းရှိ နဂါးနှစ်ကောင် ကျောင်းတိုက်တွင် ပထမအကြိမ်အဖြစ် ပင့်သံဃာအပါး (၁၀၀၀) စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ၂၀၁၈ခုနှစ် ဇွန်လ(၁၇)ရက်နေ့ နံနက်(၇)နာရီခွဲတွင် ကျင်းပပြုလုပ်မည် ဖြစ်သည့် အတွက် တာချီလိတ်မြို့မှ စေတနာရှင် အလှူရှင်များ အနဖြေင့် လာရောက်၍ လောင်းလှူနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန နာယက ဆရာတော်၊ နိုင်ငံတော် သြဝါဒစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရ ဘဒ္ဒန္တဓမ္မသီရိ နဂါးနှစ်ကောင်ဆရာတော်၏ သြဝါဒမိန့်ကြားချက်ဖြင့် ကျင်းပရန် အတွက် စီစဉ်ခြင်း ဖြစ်ရာ ဆွမ်းဆန်စိမ်းလောင်းပွဲသို့ တာချီလိတ်မြို့နယ်အတွင်းရှိ ရှမ်းဘုန်းကြီးကျောင်းများ နှင့် မြန်မာဘုန်းကြီးကျောင်းများမှ စုစုပေါင်း အပါး(၁၀၀၀) ကြွရောက်တော်မူမည်ဖြစ်ကြောင်း သိရသည်။

ဆွမ်းဆန်စိမ်းလောင်းပွဲသို့ လာရောက် လောင်းလှူမည့် အလှူရှင်များ အနဖြေင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည့် နဂါးနှစ်ကောင်ကျောင်းတိုက် အတွင်း ကား/ဆိုင်ကယ်များအား ရပ်တန့်ခြင်း မပြုလုပ်ပဲ နဂါးနှစ်ကောင်ကျောင်းတိုက်ရှေ့ရှိ အထက(ဆန်ဆိုင်း)အတွင်း၌သာ ရပ်တန့်ထားရမည်ဖြစ်ပြီး ယာဉ်များရပ်တန့်ထားနိုင်ရန်အတွက် စီစဉ်ထားရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~