ကျိုင်းတုံမြို့ ပန်စွန်ရွာတွင် လူငယ်တစ်ဦးထံက စိတ်ကြွဆေးပြား (၁၁)ပြား ဖမ်းဆီးသိမ်းဆည်းရမိ

ကျိုင်းတုံမြို့ ပန်စွန်ရွာတွင် လူငယ်တစ်ဦးထံက စိတ်ကြွဆေးပြား (၁၁)ပြား ဖမ်းဆီးသိမ်းဆည်းရမိ
ဇွန် 14, 2018
By Tachileik News Agency






~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်စွန်ရွာအတွင်းရှိ နေအိမ်အား မူးယစ်သတင်းအရ ၂၀၁၈ ခုနှစ် ဇွန်လ (၁၃)ရက်နေ့ နံနက် (၁၂)နာရီခွဲတွင် ဝင်ရောက်ရှာဖွေရာ လူငယ်တစ်ဦးအား စိတ်ကြွဆေးပြား (၁၁)ပြားနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ကျိုင်းတုံမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ စိုင်းလုံ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိုင်းလုံအား နေအိမ် အိပ်ယာတွင် တွေ့ရပြီး၎င်းအိပ်နေသည့် အိပ်ယာအောက်မှ WY စာတမ်းပါ စိတ်ကြွဆေးပြား (၁၁)ပြားကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၁၆)နှစ်အရွယ် စိုင်းလုံအား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၈၈/ ၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(၈)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~