တုိင္းေဒသႀကီး ၅ ခု၊ ျပည္နယ္ ၃ ခုႏွင့္ ေနျပည္ေတာ္တြင္ သံုးရက္အတြင္း မိုးႀကီးမည့္ သတိေပးခ်က္ထုတ္ျပန္

တုိင္းေဒသႀကီး ၅ ခု၊ ျပည္နယ္ ၃ ခုႏွင့္ ေနျပည္ေတာ္တြင္ သံုးရက္အတြင္း မိုးႀကီးမည့္ သတိေပးခ်က္ထုတ္ျပန္
မေ 27, 2018
By 🌸
၂၀၁၈ ခုႏွစ္၊ ေမလ (၂၇)ရက္ေန႔၊ ျမန္မာစံေတာ္ခ်ိန္ ညေန (၇)နာရီအခ်ိန္ မိုးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာန၏ မိုးႀကီးမည့္ သတိေပးခ်က္ အမွတ္စဥ္(၀၆/၂၀၁၈)ျဖင့္ တိုင္းေဒသႀကီး(၅)ခု၊ ျပည္နယ္(၃)ခုႏွင့္ ေနျပည္ေတာ္တုိ႔တြင္ မိုးႀကီးမည့္သတိေပးခ်က္ ေၾကညာထားသည္။

ျမန္မာစံေတာ္ခ်ိန္ ညေန (၆)နာရီခြဲအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ေအာ္ အေရွ႕အလယ္ပိုင္းတြင္ ျဖစ္ေပၚေနေသာ ေလဖိအားနည္းရပ္ဝန္း၏ အရွိန္ေၾကာင့္ ေနာက္(၇၂)နာရီ(သံုးရက္)အတြင္း ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး ေဒသအလိုက္မိုးႀကီးမည္ဟု ေၾကညာထားသည္။

Source: မိုးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာန

~~~~~~~~⊰❂ unicode ~~~~~~~~
တိုင်းဒေသကြီး ၅ ခု၊ ပြည်နယ် ၃ ခုနှင့် နေပြည်တော်တွင် သုံးရက်အတွင်း မိုးကြီးမည့် သတိပေးချက်ထုတ်ပြန်
***************
၂၀၁၈ ခုနှစ်၊ မေလ (၂၇)ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ (၇)နာရီအချိန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မိုးကြီးမည့် သတိပေးချက် အမှတ်စဉ်(၀၆/၂၀၁၈)ဖြင့် တိုင်းဒေသကြီး(၅)ခု၊ ပြည်နယ်(၃)ခုနှင့် နေပြည်တော်တို့တွင် မိုးကြီးမည့်သတိပေးချက် ကြေညာထားသည်။

မြန်မာစံတော်ချိန် ညနေ (၆)နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် နောက်(၇၂)နာရီ(သုံးရက်)အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်မိုးကြီးမည်ဟု ကြေညာထားသည်။

Source: မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~