ရခုိင္ကမ္းရိုးတန္းေဒသကို အနီေရာင္အေရးေပၚအေျခအေန သတ္မွတ္ သတိေပးႏႈိးေဆာ္ခ်က္ထုတ္ျပန္

ရခုိင္ကမ္းရိုးတန္းေဒသကို အနီေရာင္အေရးေပၚအေျခအေန သတ္မွတ္ သတိေပးႏႈိးေဆာ္ခ်က္ထုတ္ျပန္
မေ 29, 2018
By 🌸
ဘဂၤလား ပင္လယ္ေအာ္အေရွ႕အလယ္ပိုင္းတြင္ ျဖစ္ေပၚေနေသာ မုန္တိုင္းငယ္သည္ ျမန္မာႏိုင္ငံ ရခိုင္ကမ္း႐ိုးတန္းေဒသကို စစ္ေတြၿမိဳ႕ႏွင့္ ေက်ာက္ျဖဴၿမိဳ႕ၾကားမွ ေနာက္(၉)နာရီ အတြင္း ျဖတ္ေက်ာ္ဝင္ေရာက္မည္ဟု ခန္႔မွန္းရပါသျဖင့္ အနီေရာင္အေရးေပၚအေျခအေန ဟု သတ္မွတ္ထားသည္ဟု မိုးေလဝသႏွင့္ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနက ၂၀၁၈ ခုႏွစ္၊ ေမလ (၂၉)ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ ေန႔လယ္(၂)နာရီအခ်ိန္က ထုတ္ျပန္သည့္ " မုန္တိုင္းငယ္ သတိေပးခ်က္ "တြင္ ေဖၚျပထားသည္။

အဆိုပါေဒသတြင္ မုန္တိုင္းငယ္ ျဖတ္ေက်ာ္စဥ္ အျမင့္ဆုံး ေလတိုက္ႏႈန္းမွာ တစ္နာရီလၽွင္ (၄၅)မိုင္မွ မိုင္(၅၀)အထိ တိုက္ခတ္ႏိုင္သည္ဟု ခန္႔မွန္းထားၿပီး မုန္တိုင္းဒီေရမွာ ရခိုင္ကမ္း႐ိုးတန္းေဒသ မာန္ေအာင္ၿမိဳ႕၊ ေက်ာက္ျဖဴၿမိဳ႕ႏွင့္ စစ္ေတြၿမိဳ႕တို႔၏ ကမ္းေျခေဒသမ်ားတြင္ (၅)ေပမွ (၇)ေပခန္႔ႏွင့္ ဧရာဝတီတိုင္းေဒသႀကီး ကမ္းေျခေဒသမ်ားတြင္ (၃)ေပခန္႔အထိ ျမင့္တက္လာႏိုင္ေၾကာင္း ခန္႔မွန္းထားသည္။

အဆိုပါ မုန္တိုင္းငယ္၏အရွိန္ေၾကာင့္ ေလျပင္းတိုက္ခတ္ျခင္း၊ မိုးႀကီးျခင္း၊ ႐ုတ္တရက္ ေရႀကီးျခင္းႏွင့္အတူ ေျမၿပိဳျခင္းမ်ား ျဖစ္ေပၚႏိုင္ပါသျဖင့္ ကုန္းျမင့္ ေဒသ အနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေျမၿပိဳမႈအႏၲရာယ္ကိုလည္းေကာင္း၊ ျမန္မာ့ ကမ္း႐ိုးတန္းတစ္ေလၽွာက္ႏွင့္ ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ားအနီးတြင္ ေနထိုင္ၾကသူမ်ား အေနျဖင့္ ေရႀကီး၊ ေရလၽွံမႈမ်ား ျဖစ္ေပၚႏိုင္ေသာေၾကာင့္ ႀကိဳတင္သတိျပဳေနထိုင္ ၾကပါရန္ႏွင့္ ျပည္တြင္းေလေၾကာင္းပ်ံသန္းေရး၊ ျမန္မာ့ကမ္း႐ိုးတန္း တစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔ရွိ ကမ္းနီး၊ ကမ္းေဝးငါးဖမ္းေရယာဥ္မ်ား၊ သေဘၤာမ်ားအေန ျဖင့္လည္း ႀကိဳတင္သတိျပဳႏိုင္ပါရန္ အႀကံျပဳထားသည္။

အဆိုပါ မုန္တုိင္းအရွိန္ေၾကာင့္ ၂၀၁၈ ခုႏွစ္ ေမလ(၂၉)ရက္ေန႔မွ (၃၁)ရက္ေန႔ အတြင္း ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္း ေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ေနရာကြက္၍ မိုးႀကီးျခင္းႏွင့္ ေဒသအလိုက္ မိုးႀကီးျခင္းမ်ားျဖစ္ေပၚမည္ျဖစ္ေၾကာင္း ခန္႔မွန္းထားသည္။

စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာ ဝတီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္ ႏွင့္ မြန္ျပည္နယ္တို႔တြင္ (၂၄)နာရီအတြင္း (၇၇)မီလီမီတာ(၃-လက္မ)ႏွင့္အထက္၊ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မေကြးတိုင္းေဒသႀကီးႏွင့္ မႏၲေလး တိုင္းေဒသႀကီးတို႔တြင္ (၃၈)မီလီမီတာ(၁.၅-လက္မ)ႏွင့္ အထက္ ႐ြာသြန္းႏိုင္ေၾကာင္း ခန္႔မွန္းထားသည္။

ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ မၾကာခဏ မိုးသက္ ေလျပင္းမ်ားက်ေရာက္ၿပီး၊ လႈိင္းႀကီးရာမွ လႈိင္းအလြန္ႀကီးမည္ျဖစ္ကာ မိုးသက္ ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလၽွင္ (၄၅)မိုင္အထိ တိုက္ခတ္ႏိုင္ၿပီး လႈိင္းအျမင့္မွာ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၁၀)ေပမွ (၁၆)ေပခန္႔ရွိႏိုင္သည္ဟု ခန္႔မွန္းထားသည္။

ျမန္မာစံေတာ္ခ်ိန္ ေန႔လယ္ (၁)နာရီခြဲအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလား ပင္လယ္ေအာ္အေရွ႕အလယ္ပိုင္းတြင္ ျဖစ္ေပၚေနေသာ မုန္တိုင္းငယ္သည္ အေရွ႕ ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားခဲ့ၿပီး၊ ျမန္မာႏိုင္ငံ မာန္ေအာင္ၿမိဳ႕၏ အေနာက္ဘက္မိုင္ (၄၀)ခန္႔၊ စစ္ေတြၿမိဳ႕၏ ေတာင္ဘက္ မိုင္(၈၀)ခန္႔၊ ေက်ာက္ျဖဴၿမိဳ႕၏ အေနာက္ ေတာင္ဘက္မိုင္(၅၀)ခန္႔အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနပါသည္။ အဆိုပါ မုန္တိုင္း ငယ္သည္ အေရွ႕ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားမည္ဟု ခန္႔မွန္းထားသည္။

အဆိုပါ မုန္တိုင္းငယ္သည္ ျမန္မာစံေတာ္ခ်ိန္ (၁၃:၃၀)နာရီအခ်ိန္တြင္ ေျမာက္ လတၱီက်ဳ (၁၈.၈)ဒီဂရီႏွင့္ အေရွ႕ေလာင္ဂ်ီက်ဳ (၉၃.၀)ဒီဂရီတြင္ရွိၿပီး၊ ဗဟိုခ်က္ ေလဖိအား (၉၉၆)ဟက္တိုပါစကယ္ႏွင့္ အျမင့္ဆုံးေလတိုက္ႏႈန္းမွာ တစ္နာရီလၽွင္ (၄၅)မိုင္ႏႈန္း ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

Source:မိုး/ဇလ

~~~~~~~~⊰❂ unicode ~~~~~~~~
ရခိုင်ကမ်းရိုးတန်းဒေသကို အနီရောင်အရေးပေါ်အခြေအနေ သတ်မှတ် သတိပေးနှိုးဆော်ချက်ထုတ်ပြန်
*****************
ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသကို စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ကြားမှ နောက်(၉)နာရီ အတွင်း ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရပါသဖြင့် အနီရောင်အရေးပေါ်အခြေအနေ ဟု သတ်မှတ်ထားသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂၀၁၈ ခုနှစ်၊ မေလ (၂၉)ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ်(၂)နာရီအချိန်က ထုတ်ပြန်သည့် " မုန်တိုင်းငယ် သတိပေးချက် "တွင် ဖေါ်ပြထားသည်။

အဆိုပါဒေသတွင် မုန်တိုင်းငယ် ဖြတ်ကျော်စဉ် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်မှ မိုင်(၅၀)အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းထားပြီး မုန်တိုင်းဒီရေမှာ ရခိုင်ကမ်းရိုးတန်းဒေသ မာန်အောင်မြို့၊ ကျောက်ဖြူမြို့နှင့် စစ်တွေမြို့တို့၏ ကမ်းခြေဒေသများတွင် (၅)ပေမှ (၇)ပေခန့်နှင့် ဧရာဝတီတိုင်းဒေသကြီး ကမ်းခြေဒေသများတွင် (၃)ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။

အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့် ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင် ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေ ဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားသည်။

အဆိုပါ မုန်တိုင်းအရှိန်ကြောင့် ၂၀၁၈ ခုနှစ် မေလ(၂၉)ရက်နေ့မှ (၃၁)ရက်နေ့ အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် ဒေသအလိုက် မိုးကြီးခြင်းများဖြစ်ပေါ်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် (၂၄)နာရီအတွင်း (၇၇)မီလီမီတာ(၃-လက်မ)နှင့်အထက်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် (၃၈)မီလီမီတာ(၁.၅-လက်မ)နှင့် အထက် ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက် လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်ဖြစ်ကာ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၆)ပေခန့်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

မြန်မာစံတော်ချိန် နေ့လယ် (၁)နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အရှေ့ မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ မာန်အောင်မြို့၏ အနောက်ဘက်မိုင် (၄၀)ခန့်၊ စစ်တွေမြို့၏ တောင်ဘက် မိုင်(၈၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက် တောင်ဘက်မိုင်(၅၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်း ငယ်သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားမည်ဟု ခန့်မှန်းထားသည်။

အဆိုပါ မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန်တွင် မြောက် လတ္တီကျု (၁၈.၈)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၃.ဝ)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား (၉၉၆)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Source:မိုး/ဇလ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~