
မေ 7, 2018
By 🌸


ဓါတ်ပုံ #တာလေထွေ/အုပ်

~~~~~~~~⊰❂ unicode ~~~~~~~~
တာလေမြို့ နွေရာသီ ရှမ်းစာပေနှင့်ယဉ်ကျေးမှု သင်တန်းဆင်းပွဲတွင် ထူးချွန်သင်တန်းသား ၉၀ ကို ဆုချီးမြှင့်
***************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ တာလေမြို့တွင် နွေရာသီ ရှမ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်းမှ ထူးချွန်သူ (၉၀)ဦးနှင့် သင်တန်းနည်းပြများအား မေလ (၆)ရက်နေ့ညက သင်တန်းဆင်းပွဲတွင် ဂုဏ်ပြုဆုများ ချီးမြှင့်ကြောင်း သိရသည်။

တာလေမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းက စီစဉ်ဖွင့်လှစ်သည့် အဆိုပါသင်တန်းဆင်းပွဲအား မေလ (၆)ရက်နေ့ ညနေ (၅)နာရီအချိန်က တာလေမြို့၊ ရပ်ကွက် (၃) ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ တာလေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးခွန်စိုးသူ၊ တာလေမြို့ရှိဌာနဆိုင်ရာများ၊ တာလေမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌ ဦးစိုင်းသန့်ဇင်လတ်နှင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များ၊ တာလေမြို့နှင့်ကျိုင်းလပ်မြို့များမှ သင်တန်း တက်ရောက်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်းအင်အား (၆၀၀) ခန့် တက်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ #တာလေထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~