တာခ်ီလိတ္ - တာေလ ကားလမ္းေပၚတြင္ ယာဥ္တိုက္မႈေၾကာင့္ ဆိုင္ကယ္ေမာင္းလာသူ အမ်ဳိးသားတစ္ဦး ေသဆံုး

တာခ်ီလိတ္ - တာေလ ကားလမ္းေပၚတြင္ ယာဥ္တိုက္မႈေၾကာင့္ ဆိုင္ကယ္ေမာင္းလာသူ အမ်ဳိးသားတစ္ဦး ေသဆံုး
မေ 10, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ - တာေလ သြားလမ္းတြင္ ေမလ (၁၀)ရက္ေန႔ ညေနပိုင္းက ကုန္တင္ကားအား ေက်ာ္တက္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီးႏွင့္ မ်က္ႏွာခ်င္းဆုိင္မွ ဆိုင္ကယ္တို႔ လမ္းအေကြ႕တြင္ တုိက္မိၿပီး ဆုိင္ကယ္ေမာင္းသူ ေသဆံုးသြားေၾကာင္း သိရသည္။

တာခ်ီလိတ္ဘက္မွ တာေလဘက္သို႔ ေမာင္းႏွင္လာသည့္ NISSAN ကုန္တင္ယာဥ္တစ္စီးအား အေနာက္မွ ေမာင္းႏွင္လာသည့္  TOYOTA RACTIS ေမာ္ေတာ္ယာဥ္က ေက်ာ္တက္လာစဥ္ တာေလဘက္မွ တာခ်ီလိတ္ ဘက္သို႔ ေမာင္းနွင္လာသည့္ ေမာ္ေတာ္ဆိုင္ကယ္ျဖင့္ တုိက္မိကာ ဆိုင္ကယ္ေမာင္းႏွင္ လာသူသည္ လြင့္စင္သြားၿပီး မ်က္ႏွာခ်င္းဆုိင္မွ ေမာင္းႏွင္လာသည့္ ကုန္တင္ယာဥ္ေအာက္ ေရာက္သြားကား ေနရာတြင္ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

“အေလာင္းကိုေတာ့ တာေလေဆးရံုကို ပို႔လုိက္ပါၿပီ။ ကၽြန္ေတာ္တို႔ကို ဖုန္းဆက္တာ ညေန (၅)နာရီ မိနစ္ (၂၀)ေလာက္ဆက္တယ္။ ရဲေတြကေတာ့ ဒိုင္နာသမားေရာ၊ ဆလြန္းသမားေရာ စစ္ေနတယ္”ဟု    တာေလၿမိဳ႕ ေလာကပါလပရဟိတ လူမႈကူညီေရးအင္အားစုမွ ဦးၿငိမ္းေသာင္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ေျပာသည္။

ေသဆံုးသြားသူမွာ တာေလၿမိဳ႕ ပါေနာ့ရြာ(၁)မွ အသက္ (၃၇)ႏွစ္အရြယ္ ကိုစိုးေပဆိုသူျဖစ္ေၾကာင္း သိရၿပီး ေမာ္ေတာ္ယာဥ္ေမာင္းႏွင္သူ စိုင္းဝီႏွစ္အား တာေလနယ္ေျမရဲစခန္းတြင္ ယာဥ္(ပ)၅/၂၀၁၈ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၄ ကျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - တာေလၿမိဳ႕ ေလာကပါလပရဟိတ လူမႈကူညီေရးအင္အားစု


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် - တာလေ သွားလမ်းတွင် မေလ (၁၀)ရက်နေ့ ညနေပိုင်းက ကုန်တင်ကားအား ကျော်တက်လာသည့် မော်တော်ယာဉ်တစ်စီးနှင့် မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်တို့ လမ်းအကွေ့တွင် တိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံးသွားကြောင်း သိရသည်။

တာချီလိတ်ဘက်မှ တာလေဘက်သို့ မောင်းနှင်လာသည့် NISSAN ကုန်တင်ယာဉ်တစ်စီးအား အနောက်မှ မောင်းနှင်လာသည့် TOYOTA RACTIS မော်တော်ယာဉ်က ကျော်တက်လာစဉ် တာလေဘက်မှ တာချီလိတ် ဘက်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ဖြင့် တိုက်မိကာ ဆိုင်ကယ်မောင်းနှင် လာသူသည် လွင့်စင်သွားပြီး မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် ကုန်တင်ယာဉ်အောက် ရောက်သွားကား နေရာတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“အလောင်းကိုတော့ တာလေဆေးရုံကို ပို့လိုက်ပါပြီ။ ကျွန်တော်တို့ကို ဖုန်းဆက်တာ ညနေ (၅)နာရီ မိနစ် (၂၀)လောက်ဆက်တယ်။ ရဲတွေကတော့ ဒိုင်နာသမားရော၊ ဆလွန်းသမားရော စစ်နေတယ်”ဟု တာလမြေို့ လောကပါလပရဟိတ လူမှုကူညီရေးအင်အားစုမှ ဦးငြိမ်းသောင်က တာချီလိတ်သတင်း အေဂျင်စီသို့ပြောသည်။

သေဆုံးသွားသူမှာ တာလမြေို့ ပါနော့ရွာ(၁)မှ အသက် (၃၇)နှစ်အရွယ် ကိုစိုးပေဆိုသူဖြစ်ကြောင်း သိရပြီး မော်တော်ယာဉ်မောင်းနှင်သူ စိုင်းဝီနှစ်အား တာလေနယ်မြေရဲစခန်းတွင် ယာဉ်(ပ)၅/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ ကဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - တာလမြေို့ လောကပါလပရဟိတ လူမှုကူညီရေးအင်အားစု

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~