ထုိင္းႏုိင္ငံတြင္း တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသား ၁၈ ဦးကို တာခ်ီလိတ္သို႔ လာေရာက္လႊဲေျပာင္း

ထုိင္းႏုိင္ငံတြင္း တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသား ၁၈ ဦးကို တာခ်ီလိတ္သို႔ လာေရာက္လႊဲေျပာင္း
မေ 11, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ထုိင္းႏုိင္ငံတြင္ တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသား ကေလး (၄)ဦးအပါအဝင္ စုစုေပါင္း (၁၈)ဦးကို ၂၀၁၈ ခုႏွစ္ ေမလ (၁၁)ရက္ေန႔ နံနက္ပိုင္းတြင္ ထုိင္းႏုိင္ငံမွ တာဝန္ရိွသူမ်ားက လာေရာက္လႊဲေျပာင္းေပးေၾကာင္း သိရသည္။

တာခ်ီလိတ္သို႔ လႊဲေျပာင္းေပးလာသည့္ ျမန္မာႏုိင္ငံသား အမ်ိဳးသား (၇)ဦး၊ အမ်ိဳးသမီး (၇)ဦးႏွင့္ ကေလး (၄)ဦး စုစုေပါင္း (၁၈)ဦးကို ျမန္မာႏုိင္ငံဖက္မွ တာခ်ီလိတ္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန၊ အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အား ဆုိင္ရာဌာန၊  လူကုန္ကူးမွဳတုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕၊ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ား ကူညီေစာင့္ေရွာက္ေရး ႏွင့္ ေစ့စပ္ညိႇႏွိဳင္းေရး ေကာ္မတီ
( CNCMC ) တုိ႔က လက္ခံႀကိဳဆိုၾကၿပီး ၎တို႔၏ေနရပ္အသီးသီးျပန္ႏုိင္ေရး ကူညီေဆာင္ရြက္ေပးေၾကာင္း သိရသည္။

ထိုင္းႏုိင္ငံတြင္း တရားမဝင္ေနထိုင္မႈျဖင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသားမ်ားအား ထုိင္းႏုိင္ငံမွ တာဝန္ရိွသူမ်ားက ျမန္မာ - ထုိင္းနယ္စပ္ၿမိဳ႕မ်ားျဖစ္သည့္ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ႏွင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕မ်ားတြင္ ျမန္မာတာဝန္ရိွသူမ်ားထံ လႊဲေျပာင္းေလ့ရိွရာ ၂၀၁၇ ခုႏွစ္က တာခ်ီလိတ္ၿမိဳ႕သို႔ ထုိင္းႏုိင္ငံမွ လႊဲေျပာင္းလာသည့္ ျမန္မာႏို္င္ငံသားဦးေရမွာ အမ်ိဳးသား (၇၆၂)ဦး၊ အမ်ိဳးသမီး (၃၄၃)ဦးႏွင့္ ကေလး (၅၉)ဦး စုစုေပါင္း (၁၁၆၄)ဦးရိွခဲ့ၿပီး ၂၀၁၈ ခုႏွစ္အတြင္း ေမလ (၁၁)ရက္ေန႔အထိ အမ်ိဳးသား (၁၈၅)ဦး၊ အမ်ိဳးသမီး( ၈၆)ဦးႏွင့္ ကေလး(၁၁) ဦး စုစုေပါင္း ( ၂၈၂) ဦးရွိၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #ၿမိဳ႕နယ္ေထြ/အုပ္

~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ၁၈ ဦးကို တာချီလိတ်သို့ လာရောက်လွှဲပြောင်း
****************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ကလေး (၄)ဦးအပါအဝင် စုစုပေါင်း (၁၈)ဦးကို ၂၀၁၈ ခုနှစ် မေလ (၁၁)ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက လာရောက်လွှဲပြောင်းပေးကြောင်း သိရသည်။

တာချီလိတ်သို့ လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသား အမျိုးသား (၇)ဦး၊ အမျိုးသမီး (၇)ဦးနှင့် ကလေး (၄)ဦး စုစုပေါင်း (၁၈)ဦးကို မြန်မာနိုင်ငံဖက်မှ တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဌာန၊  လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေး နှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ
( CNCMC ) တို့က လက်ခံကြိုဆိုကြပြီး ၎င်းတို့၏နေရပ်အသီးသီးပြန်နိုင်ရေး ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက မြန်မာ - ထိုင်းနယ်စပ်မြို့များဖြစ်သည့် ကရင်ပြည်နယ် မြဝတီမြို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့များတွင် မြန်မာတာဝန်ရှိသူများထံ လွှဲပြောင်းလေ့ရှိရာ ၂၀၁၇ ခုနှစ်က တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံမှ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားဦးရေမှာ အမျိုးသား (၇၆၂)ဦး၊ အမျိုးသမီး (၃၄၃)ဦးနှင့် ကလေး (၅၉)ဦး စုစုပေါင်း (၁၁၆၄)ဦးရှိခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်း မေလ (၁၁)ရက်နေ့အထိ အမျိုးသား (၁၈၅)ဦး၊ အမျိုးသမီး( ၈၆)ဦးနှင့် ကလေး(၁၁) ဦး စုစုပေါင်း ( ၂၈၂) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #မြို့နယ်ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~