တာခ်ီလိတ္တြင္ ဆိုင္ကယ္တကၠစီကို ဓါးေထာက္၍ လုယူသြားသူအား ဆုိင္ကယ္ႏွင့္အတူ ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ ဆိုင္ကယ္တကၠစီကို ဓါးေထာက္၍ လုယူသြားသူအား ဆုိင္ကယ္ႏွင့္အတူ ဖမ္းဆီးရမိ
မေ 28, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ေမလ (၂၁)ရက္ေန႔က ဆိုင္ကယ္တကၠစီသမားကို ဓါးေထာက္၍ ဆုိင္ကယ္လုယူသြားသူအား  ေမလ (၂၇)ရက္ေန႔တြင္ ဆုိင္ကယ္ႏွင့္အတူ ျပန္လည္ဖမ္းဆီးရမိသျဖင့္ တရားစြဲဆိုႏုိင္ရန္ ဆက္လက္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ဝမ္မုိင္ရြာမွ ဝိန္းေက်ာက္ရပ္ကြက္ဘက္သုိ႔  ၂၀၁၈ ခုႏွစ္ ေမလ (၂၁)ရက္ေန႔ က ငွားရမ္းစီးနင္းသြားသည့္ ဆုိင္ကယ္တကၠစီအား ဝိန္းေက်ာက္ရပ္ကြက္ လြန္းက်ိဳင္းရြာ လူျပတ္သည့္ေနရာ အေရာက္တြင္ ဆိုင္ကယ္ငွားရမ္းလာသည့္အမ်ိဳးသားက ဆုိင္ကယ္တကၠစီေမာင္းႏွင္သူအား လည္ပင္းကို ဓါးျဖင့္ေထာက္၍ ဆုိင္ကယ္လုသြားသျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းသို႔ ေမလ (၂၄)ရက္ေန႔တြင္ လာေရာက္တုိင္တန္းခဲ့ရာ (ပ)၁၅၈/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၉၄ ျဖင့္ အမႈဖြင့္အေရးယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕မစခန္းမွဴး ဒုရဲမွဴး မ်ိဳးခုိင္ဦးစီးသည့္အဖြဲ႕က ဆုိင္ကယ္လုယူသြားသူအား ရွာေဖြစံုစမ္းျခင္းမ်ား ျပဳလုပ္ရာတြင္ ဆုိင္ကယ္တကၠစီ စတင္ငွားရမ္းသည့္ဝန္းက်င္ရိွ စီစီတီဗီမွတ္တမ္းအကူအညီျဖင့္ တရားခံအား အတည္ျပဳ  ရွာေဖြႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တရားခံျဖစ္သူ သားခ်ာအား လုယူသြားသည့္ဆုိင္ကယ္ႏွင့္အတူ ေမလ (၂၆)ရက္ေန႔ ေန႔လယ္တြင္ ေတြ႔ရသျဖင့္ လုိက္လံဖမ္းဆီးရာ ညေန (၃)နာရီဝန္းက်င္တြင္ တာခ်ီလိတ္မွ ရန္ကုန္သို႔ ရန္ကုန္အဲေဝးေလေၾကာင္းလိုင္းျဖင့္ လုိက္ပါတိမ္းေရွာင္သြားၿပီး ေမလ (၂၇)ရက္ေန႔တြင္ ျမန္မာ့ေလေၾကာင္းလုိင္းျဖင့္ ရန္ကုန္မွ တာခ်ီလိတ္သို႔ ျပန္လာေၾကာင္း သတင္းအရ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ေအးလြင္၊ နယ္ထိန္းတပ္ၾကပ္ႀကီး ေက်ာ္ေဇယ်၊ တပ္ၾကပ္ေအာင္သိန္းဦး၊ တပ္သားၿငိမး္ျမင့္သူတို႔က ေစာင့္ဆိုင္းဖမ္းဆီးရာ ေလဆိပ္အထြက္တြင္ သားခ်ာအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

၎အားစစ္ေမးရာ လုယူခဲ့ေၾကာင္းဝန္ခံခဲ့ၿပီး လုယူထားသည့္ဆိုင္ကယ္ႏွင့္အတူ အခင္းျဖစ္စဥ္တြင္ အသံုးျပဳခဲ့သည့္ ဓါးေျမာင္ကိုပါ သိမ္းဆည္းရမိသျဖင့္ တရားစြဲဆိုႏုိင္ေရး ဆက္လက္ေဆာင္ရြက္ေနေၾကာင္း သိရသည္။
သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် ဆိုင်ကယ်တက္ကစီကို ဓါးထောက်၍ လုယူသွားသူအား ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိ
***************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မေလ (၂၁)ရက်နေ့က ဆိုင်ကယ်တက္ကစီသမားကို ဓါးထောက်၍ ဆိုင်ကယ်လုယူသွားသူအား  မေလ (၂၇)ရက်နေ့တွင် ဆိုင်ကယ်နှင့်အတူ ပြန်လည်ဖမ်းဆီးရမိသဖြင့် တရားစွဲဆိုနိုင်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာမှ ဝိန်းကျောက်ရပ်ကွက်ဘက်သို့  ၂၀၁၈ ခုနှစ် မေလ (၂၁)ရက်နေ့ က ငှားရမ်းစီးနင်းသွားသည့် ဆိုင်ကယ်တက္ကစီအား ဝိန်းကျောက်ရပ်ကွက် လွန်းကျိုင်းရွာ လူပြတ်သည့်နေရာ အရောက်တွင် ဆိုင်ကယ်ငှားရမ်းလာသည့်အမျိုးသားက ဆိုင်ကယ်တက္ကစီမောင်းနှင်သူအား လည်ပင်းကို ဓါးဖြင့်ထောက်၍ ဆိုင်ကယ်လုသွားသဖြင့် တာချီလိတ်မြို့မရဲစခန်းသို့ မေလ (၂၄)ရက်နေ့တွင် လာရောက်တိုင်တန်းခဲ့ရာ (ပ)၁၅၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့မစခန်းမှူး ဒုရဲမှူး မျိုးခိုင်ဦးစီးသည့်အဖွဲ့က ဆိုင်ကယ်လုယူသွားသူအား ရှာဖွေစုံစမ်းခြင်းများ ပြုလုပ်ရာတွင် ဆိုင်ကယ်တက္ကစီ စတင်ငှားရမ်းသည့်ဝန်းကျင်ရှိ စီစီတီဗီမှတ်တမ်းအကူအညီဖြင့် တရားခံအား အတည်ပြု  ရှာဖွေနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရားခံဖြစ်သူ သားချာအား လုယူသွားသည့်ဆိုင်ကယ်နှင့်အတူ မေလ (၂၆)ရက်နေ့ နေ့လယ်တွင် တွေ့ရသဖြင့် လိုက်လံဖမ်းဆီးရာ ညနေ (၃)နာရီဝန်းကျင်တွင် တာချီလိတ်မှ ရန်ကုန်သို့ ရန်ကုန်အဲဝေးလေကြောင်းလိုင်းဖြင့် လိုက်ပါတိမ်းရှောင်သွားပြီး မေလ (၂၇)ရက်နေ့တွင် မြန်မာ့လေကြောင်းလိုင်းဖြင့် ရန်ကုန်မှ တာချီလိတ်သို့ ပြန်လာကြောင်း သတင်းအရ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးလွင်၊ နယ်ထိန်းတပ်ကြပ်ကြီး ကျော်ဇေယျ၊ တပ်ကြပ်အောင်သိန်းဦး၊ တပ်သားငြိမ်းမြင့်သူတို့က စောင့်ဆိုင်းဖမ်းဆီးရာ လေဆိပ်အထွက်တွင် သားချာအား ဖမ်းဆီးရမိကြောင်း သိရသည်။

၎င်းအားစစ်မေးရာ လုယူခဲ့ကြောင်းဝန်ခံခဲ့ပြီး လုယူထားသည့်ဆိုင်ကယ်နှင့်အတူ အခင်းဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် ဓါးမြောင်ကိုပါ သိမ်းဆည်းရမိသဖြင့် တရားစွဲဆိုနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~