သီေပါသီတဂူစကၡဳဒါနေဆးရံု၏ ၄၁ ႀကိမ္ေျမာက္ မ်က္စိအခမဲ့စမ္းသပ္ကုသမႈအတြက္ ေမ ၂၂ တြင္ စာရင္းေပးႏုိင္

သီေပါသီတဂူစကၡဳဒါနေဆးရံု၏ ၄၁ ႀကိမ္ေျမာက္ မ်က္စိအခမဲ့စမ္းသပ္ကုသမႈအတြက္ ေမ ၂၂ တြင္ စာရင္းေပးႏုိင္
မေ 5, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕ မဟာျမတ္မုနိဘုရားဝန္းအတြင္းရွိ သီတဂူစကၡဳဒါနေဆးရံုတြင္ ၂၀၁၈ ခုႏွစ္ ေမလ (၂၂) ရက္ေန႔မွ (၂၆) ရက္ေန႔အထိ မ်က္စိ အခမဲ့စမ္းသပ္ကုသမႈ ျပဳလုပ္ေပးမည္ျဖစ္ရာ ကုသမႈခံယူလိုသူမ်ား ေမလ (၂၂)ရက္ေန႔တြင္ စကၡဳဒါနေဆးရံုတြင္ လာေရာက္စာရင္းေပးႏိုင္ေၾကာင္း သိရသည္။

ယခု (၄၁)ႀကိမ္ေျမာက္ အခမဲ့ကုသမႈတြင္ ရန္ကုန္ၿမိဳ႕မွ (၂ ) ဦး၊ ျပင္ဦးလြင္ၿမိဳ႕မွ (၁) ဦး၊ မႏၱေလးၿမိဳ႕မွ (၁) ဦး ႏွင့္ ပုသိမ္ၿမိဳ႕မွ (၁) ဦးတို႔ပါဝင္သည့္ မ်က္စိအထူးကုဆရာဝန္အဖြဲ႕က လာေရာက္ကုသေပးမည္ျဖစ္ကာ အဆိုပါ ေဆးရံုတြင္ အႀကိမ္ (၄၀)ေျမာက္အထိ မ်က္စိေဝဒနာရွင္ (၂၂၇၆၁)ဦး လာေရာက္စမ္းသပ္မႈခံယူသည့္အနက္ (၄၅၈၉) ဦးကို ခြဲစိပ္ကုသေပးထားေၾကာင္း သိရသည္။

 “ရွမ္းျပည္နယ္(ေျမာက္ပိုင္း)အပါအဝင္ နယ္ေဒသအသီးသီးက မ်က္စိေဝဒနာရွင္ေတြကို အခမဲ့မ်က္စိစမ္းသပ္မႈ ကုသမႈျပဳလုပ္ေပးေနတာျဖစ္ပါတယ္။ အခက္အခဲကေတာ့ ေဒၚလာနဲ႔ဝယ္ရတဲ့ေဆးဝါးေတြက ေစ်းတက္သြား တာတစ္ခုပဲရွိတယ္။ ေဆးဖိုးအလွဴရွင္ေတြေတာ့ လိုအပ္မႈရွိပါတယ္” ဟု သီေပါၿမိဳ႕ရွိ သီတဂူစကၡဳဒါနေဆးရံုႏွင့္ ပတ္သက္၍ ဆရာေတာ္ ဦးပညာသီရိက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သီေပါၿမိဳ႕မဟာျမတ္မုနိဘုရားဝန္းအတြင္း တည္ရွိသည့္ သီတဂူစကၡဳဒါနေဆးရံုကို ၂၀၀၈ ခုႏွစ္ မတ္လ (၂၂) ရက္ေန႔တြင္ စတင္ခဲ့ျခင္းျဖစ္ၿပီး သံုးလတစ္ႀကိမ္ မ်က္စိအခမဲ့စမ္းသပ္ကုသမႈ ျပဳလုပ္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #သီတဂူစကၡဳဒါနေဆးရံု(သီေပါ)

~~~~~~~~⊰❂ unicode ~~~~~~~~
သီပေါသီတဂူစက္ခုဒါနဆေးရုံ၏ ၄၁ ကြိမ်မြောက် မျက်စိအခမဲ့စမ်းသပ်ကုသမှုအတွက် မေ ၂၂ တွင် စာရင်းပေးနိုင်
**************
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ မဟာမြတ်မုနိဘုရားဝန်းအတွင်းရှိ သီတဂူစက္ခုဒါနဆေးရုံတွင် ၂၀၁၈ ခုနှစ် မေလ (၂၂) ရက်နေ့မှ (၂၆) ရက်နေ့အထိ မျက်စိ အခမဲ့စမ်းသပ်ကုသမှု ပြုလုပ်ပေးမည်ဖြစ်ရာ ကုသမှုခံယူလိုသူများ မေလ (၂၂)ရက်နေ့တွင် စက္ခုဒါနဆေးရုံတွင် လာရောက်စာရင်းပေးနိုင်ကြောင်း သိရသည်။

ယခု (၄၁)ကြိမ်မြောက် အခမဲ့ကုသမှုတွင် ရန်ကုန်မြို့မှ (၂ ) ဦး၊ ပြင်ဦးလွင်မြို့မှ (၁) ဦး၊ မန္တလေးမြို့မှ (၁) ဦး နှင့် ပုသိမ်မြို့မှ (၁) ဦးတို့ပါဝင်သည့် မျက်စိအထူးကုဆရာဝန်အဖွဲ့က လာရောက်ကုသပေးမည်ဖြစ်ကာ အဆိုပါ ဆေးရုံတွင် အကြိမ် (၄၀)မြောက်အထိ မျက်စိဝေဒနာရှင် (၂၂၇၆၁)ဦး လာရောက်စမ်းသပ်မှုခံယူသည့်အနက် (၄၅၈၉) ဦးကို ခွဲစိပ်ကုသပေးထားကြောင်း သိရသည်။

 “ရှမ်းပြည်နယ်(မြောက်ပိုင်း)အပါအဝင် နယ်ဒေသအသီးသီးက မျက်စိဝေဒနာရှင်တွေကို အခမဲ့မျက်စိစမ်းသပ်မှု ကုသမှုပြုလုပ်ပေးနေတာဖြစ်ပါတယ်။ အခက်အခဲကတော့ ဒေါ်လာနဲ့ဝယ်ရတဲ့ဆေးဝါးတွေက ဈေးတက်သွား တာတစ်ခုပဲရှိတယ်။ ဆေးဖိုးအလှူရှင်တွေတော့ လိုအပ်မှုရှိပါတယ်” ဟု သီပေါမြို့ရှိ သီတဂူစက္ခုဒါနဆေးရုံနှင့် ပတ်သက်၍ ဆရာတော် ဦးပညာသီရိက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သီပေါမြို့မဟာမြတ်မုနိဘုရားဝန်းအတွင်း တည်ရှိသည့် သီတဂူစက္ခုဒါနဆေးရုံကို ၂၀၀၈ ခုနှစ် မတ်လ (၂၂) ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး သုံးလတစ်ကြိမ် မျက်စိအခမဲ့စမ်းသပ်ကုသမှု ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #သီတဂူစက္ခုဒါနဆေးရုံ(သီပေါ)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~