ျမန္မာ - တရုတ္ နယ္စပ္ဂိတ္အသစ္ဖြင့္လွစ္ႏုိင္ေရး ေဆြးေႏြး

ျမန္မာ - တရုတ္ နယ္စပ္ဂိတ္အသစ္ဖြင့္လွစ္ႏုိင္ေရး ေဆြးေႏြး
မေ 27, 2018
By 🌸
ျမန္မာ - တရုတ္နယ္စပ္ဂိတ္အသစ္ ဖြင့္လွစ္ႏုိင္ေရးအပါအဝင္ ႏွစ္ႏုိင္ငံၾကား စီးပြားေရးတိုးျမႇင့္ လုပ္ေဆာင္ႏုိင္ေရးအတြက္ တရုတ္ႏိုင္ငံ လင္ခ်န္းျပည္နယ္အစိုးရ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးအဖြဲ႕ႏွင့္ ရွမ္းျပည္နယ္ စားသုံးသူေရးရာဦးစီးဌာနတို႔ ေတြ႔ဆံုေဆြးေႏြးေၾကာင္း သိရသည္။

လက္ရိွ ခ်င္းေရႊေဟာ္နယ္စပ္ဂိတ္သည္ က်ဥ္းေျမာင္းသည့္အတြက္ ႏွစ္ႏိုင္ငံသေဘာတူညီခ်က္ျဖင့္ နယ္စပ္ဂိတ္အသစ္တစ္ေနရာ တည္ေဆာက္ေရးအတြက္ ေနရာအသစ္ေရြးခ်ယ္ၿပီး အျပည္ျပည္ဆိုင္ရာ နယ္စပ္ဂိတ္အျဖစ္ တိုးခ်ဲ႕သြားေရး၊ ႏွစ္ႏုိင္ငံနယ္စပ္ဂိတ္တြင္ အထူးစီးပြားေရးဇုန္တည္ေဆာက္သြားေရး၊ လန္ခ်န္းျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ခရီးသြားက႑ျမွင့္တင္သြားေရး၊ လန္ခ်န္းျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ ေလယာဥ္တိုက္ရိုက္ခရီးစဥ္တိုးခ်ဲ႕ပ်ံသန္းႏိုင္ေရး၊ လက္ရိွ နယ္စပ္ျဖတ္ေက်ာ္ခရီးသြားမ်ားကို လန္ခ်န္းျပည္နယ္မွ လားရိႈးအထိ သြားလာခြင့္ရရိွေရးႏွင့္ ဗီဇာတိုးျမွင့္ေပးေရး၊ လန္ခ်န္းျပည္နယ္မွ လားရိႈးၿမိဳ႕နယ္ႏွင့္ ကြမ္းလုံၿမိဳ႕နယ္တို႔တြင္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးလုပ္ငန္းမ်ား ရင္းႏွီးျမဳပ္ႏွံလုပ္ကိုင္ႏုိင္ေရးႏွင့္ ႏွစ္ဖက္ျပည္နယ္အစိုးရအဖြဲ႕ဝင္မ်ား စီးပြားေရးႏွင့္ သက္ဆိုင္ေသာဌာနမ်ား (၃)လလွ်င္(၁)ႀကိမ္ အလွည့္က် ပုံမွန္ေတြ႕ဆုံေဆြးေႏြးပြဲမ်ား က်င္းပႏိုင္ေရးစသည့္ အခ်က္(၇)ခ်က္ကို ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည ္။

တရုတ္ႏိုင္ငံ လင္ခ်န္းျပည္နယ္အစိုးရ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးအဖြဲ႕မွ Mr Ruan Jinming ဦးေဆာင္ေသာအဖြဲ႕ႏွင့္ ရွမ္းျပည္နယ္ စားသုံးသူေရးရာဦးစီးဌာနမွ ျပည္နယ္ဦးစီးမွဴး ဦးေက်ာ္ဝင္း၊ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္ႏွင့္ တာ၀န္ရိွသူမ်ားသည္ ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ရိွ စားသုံးသူေရးရာဦးစီးဌာန ျပည္နယ္ဦးစီးမွဴးရုံးခန္းမတြင္ ၂၀၁၈ ခုႏွစ္ ေမလ (၂၄)ရက္ေန႔က ေတြ႔ဆံုေဆြးေႏြးၾကျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာ - တရုတ် နယ်စပ်ဂိတ်အသစ်ဖွင့်လှစ်နိုင်ရေး ဆွေးနွေး
****************
မြန်မာ - တရုတ်နယ်စပ်ဂိတ်အသစ် ဖွင့်လှစ်နိုင်ရေးအပါအဝင် နှစ်နိုင်ငံကြား စီးပွားရေးတိုးမြှင့် လုပ်ဆောင်နိုင်ရေးအတွက် တရုတ်နိုင်ငံ လင်ချန်းပြည်နယ်အစိုးရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးအဖွဲ့နှင့် ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာနတို့ တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။

လက်ရှိ ချင်းရွှေဟော်နယ်စပ်ဂိတ်သည် ကျဉ်းမြောင်းသည့်အတွက် နှစ်နိုင်ငံသဘောတူညီချက်ဖြင့် နယ်စပ်ဂိတ်အသစ်တစ်နေရာ တည်ဆောက်ရေးအတွက် နေရာအသစ်ရွေးချယ်ပြီး အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်အဖြစ် တိုးချဲ့သွားရေး၊ နှစ်နိုင်ငံနယ်စပ်ဂိတ်တွင် အထူးစီးပွားရေးဇုန်တည်ဆောက်သွားရေး၊ လန်ချန်းပြည်နယ်နှင့် ရှမ်းပြည်နယ်ခရီးသွားကဏ္ဍမြှင့်တင်သွားရေး၊ လန်ချန်းပြည်နယ်နှင့် ရှမ်းပြည်နယ် လေယာဉ်တိုက်ရိုက်ခရီးစဉ်တိုးချဲ့ပျံသန်းနိုင်ရေး၊ လက်ရှိ နယ်စပ်ဖြတ်ကျော်ခရီးသွားများကို လန်ချန်းပြည်နယ်မှ လားရှိုးအထိ သွားလာခွင့်ရရှိရေးနှင့် ဗီဇာတိုးမြှင့်ပေးရေး၊ လန်ချန်းပြည်နယ်မှ လားရှိုးမြို့နယ်နှင့် ကွမ်းလုံမြို့နယ်တို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ရင်းနှီးမြုပ်နှံလုပ်ကိုင်နိုင်ရေးနှင့် နှစ်ဖက်ပြည်နယ်အစိုးရအဖွဲ့ဝင်များ စီးပွားရေးနှင့် သက်ဆိုင်သောဌာနများ (၃)လလျှင်(၁)ကြိမ် အလှည့်ကျ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပနိုင်ရေးစသည့် အချက်(၇)ချက်ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည ်။

တရုတ်နိုင်ငံ လင်ချန်းပြည်နယ်အစိုးရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးအဖွဲ့မှ Mr Ruan Jinming ဦးဆောင်သောအဖွဲ့နှင့် ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်ဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်နှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးခန်းမတွင် ၂၀၁၈ ခုနှစ် မေလ (၂၄)ရက်နေ့က တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~