မိုင်းယောင်းမြို့နယ် ဝမ်ဘိုးစံပြရွာသို့ စပါးနှင့် အစေ့ထုတ်ပြောင်းများ ပံ့ပိုး

မိုင်းယောင်းမြို့နယ် ဝမ်ဘိုးစံပြရွာသို့ စပါးနှင့် အစေ့ထုတ်ပြောင်းများ ပံ့ပိုး
မေ 17, 2018
By Tachileik News Agency


တောင်သူများ စပါးအထွက်တိုး စေရန် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနည်း၊ မြေဆီလွှာ ဖွံ့ဖြိုး တိုးတက်ရန် လုပ်ဆောင်နည်းနှင့် လယ်ယာစွန့်ပစ်ပစ္စည်းကောက်ရိုးမှ မြေဆွေးပြုလုပ် အသုံးပြုနည်းများကို ခရိုင်မျိုးစေ့တာဝန်ခံ ဦးအေးကိုနှင့် ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်မြဥမ္မာတို့က ရှင်းလင်းခြင်းအပြင် မြေဆီလွှာ တိုးတက် ကောင်းမွန်ရေး မြေအချဉ်ဓာတ်၊ မြေအငန်ဓာတ် စမ်းသပ်နည်းများကို လက်တွေ့ မျက်မြင် သိရှိစေရန် သရုပ်ပြသပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးဆိုင်ရာ နံရံကပ် စာစောင်များ ခင်းကျင်းပြသကာ အသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ခုနှစ် မိုးစပါးရာသီ အတွက် ဘက်စုံ အဆင့်မြင့် နည်းပညာသုံး ဝမ်ဘိုးစံပြကျေးရွာမှ တောင်သူများ အတွက် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနက စပါးနှင့် အစေ့ထုတ်ပြောင်းများကို မေလ (၁၇)ရက်နေ့က ပံ့ပိုးပေးကြောင်း သိရသည်။

တောင်သူများ စပါးအထွက်တိုး စေရန် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနည်း၊ မြေဆီလွှာ ဖွံ့ဖြိုး တိုးတက်ရန် လုပ်ဆောင်နည်းနှင့် လယ်ယာစွန့်ပစ်ပစ္စည်းကောက်ရိုးမှ မြေဆွေးပြုလုပ် အသုံးပြုနည်းများကို ခရိုင်မျိုးစေ့တာဝန်ခံ ဦးအေးကိုနှင့် ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်မြဥမ္မာတို့က ရှင်းလင်းခြင်းအပြင် မြေဆီလွှာ တိုးတက် ကောင်းမွန်ရေး မြေအချဉ်ဓာတ်၊ မြေအငန်ဓာတ် စမ်းသပ်နည်းများကို လက်တွေ့ မျက်မြင် သိရှိစေရန် သရုပ်ပြသပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးဆိုင်ရာ နံရံကပ် စာစောင်များ ခင်းကျင်းပြသကာ အသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝခြေင်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး မြို့နယ်လဝကဦးစီမှူး ဦးဝင်းအောင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့်အတူ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - အားချာ (မိုင်းယောင်း)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~