မုိင္းေယာင္းၿမိဳ႕နယ္တြင္ တပ္မေတာ္စစ္ေၾကာင္းအဖြဲ႔က ဖမ္းဆီးရမိသည့္ မူးယစ္ေဆးသယ္လာသူအား ရဲတပ္ဖြဲ႕ထံလႊဲေျပာင္း

မုိင္းေယာင္းၿမိဳ႕နယ္တြင္ တပ္မေတာ္စစ္ေၾကာင္းအဖြဲ႔က ဖမ္းဆီးရမိသည့္ မူးယစ္ေဆးသယ္လာသူအား ရဲတပ္ဖြဲ႕ထံလႊဲေျပာင္း
မေ 5, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရုိင္၊ မုိင္းေယာင္းၿမိဳ႕နယ္၊ မုန္းလုိက္ေက်းရြာအုပ္စုတြင္ ေမလ (၅)ရက္ေန႔ နံနက္ (၇)နာရီ ဝန္းက်င္က တပ္မေတာ္နယ္ေျမ စစ္ေၾကာင္းလွည့္စဥ္ စိတ္ၾကြရူးသြပ္ေဆးျပား (၁၃၄)ျပား သယ္ေဆာင္လာသူအား စစ္ေဆးေတြ႔ရိွသျဖင့္ ရဲတပ္ဖြဲ႕ထံ လႊဲေျပာင္းေပးလုိက္ေၾကာင္း သိရသည္။

အမွတ္(၃၃၅)ေျချမန္တပ္ရင္းမွ ဗုိလ္ႀကီး ထြန္းလင္းဦးစီးသည့္ နယ္ေျမစုိးမုိးေရးစစ္ေၾကာင္းအဖြဲ႕သည္ ေကာ့ခြယ္ေက်းရြာ အုပ္စုဘက္မွ မုန္းလုိက္ေက်းရြာအုပ္စုသုိ႔ လမ္းေလွ်ာက္လာေသာ
အုိက္ေကာင္ ဆုိသူအား မသကၤာသျဖင့္ ေခၚယူစစ္ေဆးရာ ၎လြယ္လာေသာ ေက်ာပုိးအိတ္အတြင္းမွ
WY စာတမ္းပါ ပန္းေရာင္ စိတ္ၾကြရူးသြပ္ေဆးျပား (၁၃၄)ျပားကုိ ရွာေဖြေတြ႕ရွိရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆုိပါ မူးယစ္ေဆးႏွင့္အတူ ဖမ္းဆီးရမိသူအား မုိင္းေယာင္းၿမိဳ႕မရဲစခန္းသုိ႔ လုပ္ထံုးလုပ္နည္းႏွင့္အညီ လႊဲေျပာင္းေပးထားၿပီး မုိင္းေယာင္းၿမိဳ႕မရဲစခန္းတြင္ အုိက္ေကာင္အား  မယ(ပ) ၂/၂၀၁၈ ၊ မူး/စိတ္ ဥပေဒ ပုဒ္မ ၁၉(က) ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

ဓါတ္ပံု - မုိင္းေယာင္းေထြ/အုပ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်ကျေးရွာအုပ်စုတွင် မေလ (၅)ရက်နေ့ နံနက် (၇)နာရီ ဝန်းကျင်က တပ်မတော်နယ်မြေ စစ်ကြောင်းလှည့်စဉ် စိတ်ကြွရူးသွပ်ဆေးပြား (၁၃၄)ပြား သယ်ဆောင်လာသူအား စစ်ဆေးတွေ့ရှိသဖြင့် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

အမှတ်(၃၃၅)ခြမြေန်တပ်ရင်းမှ ဗိုလ်ကြီး ထွန်းလင်းဦးစီးသည့် နယ်မြေစိုးမိုးရေးစစ်ကြောင်းအဖွဲ့သည် ကော့ခွယ်ကျေးရွာ အုပ်စုဘက်မှ မုန်းလိုက်ကျေးရွာအုပ်စုသို့ လမ်းလျှောက်လာသော
အိုက်ကောင် ဆိုသူအား မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေးရာ၎င်းလွယ်လာသော ကျောပိုးအိတ်အတွင်းမှ
WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၁၃၄)ပြားကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးနှင့်အတူ ဖမ်းဆီးရမိသူအား မိုင်းယောင်းမြို့မရဲစခန်းသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ လွှဲပြောင်းပေးထားပြီး မိုင်းယောင်းမြို့မရဲစခန်းတွင် အိုက်ကောင်အား မယ(ပ) ၂/၂၀၁၈၊ မူး/စိတ် ဥပဒေ ပုဒ်မ ၁၉(က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဓာတ်ပုံ - မိုင်းယောင်းထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~