မုိင္းတံုၿမိဳ႕ရိွ ခလရ ၂၂၅ တပ္ရင္းရံုးအေဆာက္အဦ မီးေလာင္ကၽြမ္းမႈျဖစ္ပြား

မုိင္းတံုၿမိဳ႕ရိွ ခလရ ၂၂၅ တပ္ရင္းရံုးအေဆာက္အဦ မီးေလာင္ကၽြမ္းမႈျဖစ္ပြား
မေ 4, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းတံုၿမိဳ႕ရိွ ခလရ (၂၂၅) တပ္ရင္းရံုးအေဆာက္အဦးတစ္လံုး ၂၀၁၈ ခုႏွစ္ ေမလ (၃)ရက္ေန႔ညက မီးေလာင္ကၽြမ္းမႈျဖစ္ပြားေၾကာင္း သိရသည္။

အေဆာက္အဦမီးေလာင္မႈျဖစ္ပြားေၾကာင္း မိုင္းတံုၿမိဳ႕မရဲစခန္းသို႔ ည(၁၁)နာရီ (၃၅)မိနစ္တြင္ သတင္းေရာက္လာသျဖင့္ မိုင္းတံုၿမိဳ႕နယ္ရဲစခန္းမွဴး ရဲမွဴးေသာမတ္၊ ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴးသန္းလြင္ဦးစီးတပ္ဖြဲ႕ဝင္မ်ားသည္ မိုင္းတံုမီးသတ္ဦးစီးဌာနမွ ဒုဦးစီးမွဴး ဦးေက်ာ္သူလြင္ ဦးစီးတပ္ဖြဲ႕ဝင္မ်ားႏွင့္အတူ မီးသတ္ယာဥ္ (၂)စီးျဖင့္ သြားေရာက္ၿငိႇမ္းသတ္ရာ ခလရ (၂၂၅)မွ အရာရိွ၊ စစ္သည္မ်ား ပူးေပါင္း ၿငိႇမ္းသတ္ေပးၾကၿပီး ေမလ (၄)ရက္ေန႔အကူး (၁)နာရီမထိုးမီတြင္ ၿငိႇမ္းသတ္ႏုိင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါတပ္ရင္းရံုး၌ ရံုးအဖြဲ႕သည္ ည (၁၁)နာရီအထိ အလုပ္လုပ္ကိုင္ၿပီး ရိပ္သာႏွင့္ လုိင္းခန္းမ်ားသို႔ ျပန္သြားခဲ့ၿပီးေနာက္ ည (၁၁)နာရီခြဲဝန္းက်င္တြင္ မီးစတင္ေလာင္ကၽြမ္းျခင္းျဖစ္ေၾကာင္းသိရၿပီး မီးေလာင္ရသည့္အေၾကာင္းရင္းကို စစ္ေဆးဆဲျဖစ္ေၾကာင္း သိရသည္။

မီးေလာင္ကၽြမ္းမႈေၾကာင့္ တပ္ရင္းရံုးအေဆာက္အဦတစ္လံုးႏွင့္ ရံုးအတြင္းပစၥည္းမ်ား မီးေလာင္ဆံုးရံႈးသြားသျဖင့္ စံု/ခံုဖြဲ႕စည္း စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းတုံမြို့ရှိ ခလရ ၂၂၅ တပ်ရင်းရုံးအဆောက်အဦ မီးလောင်ကျွမ်းမှုဖြစ်ပွား
********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့ရှိ ခလရ (၂၂၅) တပ်ရင်းရုံးအဆောက်အဦးတစ်လုံး ၂၀၁၈ ခုနှစ် မေလ (၃)ရက်နေ့ညက မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သိရသည်။

အဆောက်အဦမီးလောင်မှုဖြစ်ပွားကြောင်း မိုင်းတုံမြို့မရဲစခန်းသို့ ည(၁၁)နာရီ (၃၅)မိနစ်တွင် သတင်းရောက်လာသဖြင့် မိုင်းတုံမြို့နယ်ရဲစခန်းမှူး ရဲမှူးသောမတ်၊ မြို့မရဲစခန်းမှူး ဒုရဲမှူးသန်းလွင်ဦးစီးတပ်ဖွဲ့ဝင်များသည် မိုင်းတုံမီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးကျော်သူလွင် ဦးစီးတပ်ဖွဲ့ဝင်များနှင့်အတူ မီးသတ်ယာဉ် (၂)စီးဖြင့် သွားရောက်ငြှိမ်းသတ်ရာ ခလရ (၂၂၅)မှ အရာရှိ၊ စစ်သည်များ ပူးပေါင်း ငြှိမ်းသတ်ပေးကြပြီး မေလ (၄)ရက်နေ့အကူး (၁)နာရီမထိုးမီတွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတပ်ရင်းရုံး၌ ရုံးအဖွဲ့သည် ည (၁၁)နာရီအထိ အလုပ်လုပ်ကိုင်ပြီး ရိပ်သာနှင့် လိုင်းခန်းများသို့ ပြန်သွားခဲ့ပြီးနောက် ည (၁၁)နာရီခွဲဝန်းကျင်တွင် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်းသိရပြီး မီးလောင်ရသည့်အကြောင်းရင်းကို စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် တပ်ရင်းရုံးအဆောက်အဦတစ်လုံးနှင့် ရုံးအတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးသွားသဖြင့် စုံ/ခုံဖွဲ့စည်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~