မူဆယ္ၿမိဳ႕တြင္ ပစ္ခတ္မႈမ်ားေၾကာင့္ ဒဏ္ရာရသူ ၆ ဦးႏွင့္ ေသဆံုး ၁ ဦးရိွေနၿပီး ပစ္ခတ္မႈအတြင္း အရပ္သားမ်ား ပိတ္မိေန

မူဆယ္ၿမိဳ႕တြင္ ပစ္ခတ္မႈမ်ားေၾကာင့္ ဒဏ္ရာရသူ ၆ ဦးႏွင့္ ေသဆံုး ၁ ဦးရိွေနၿပီး ပစ္ခတ္မႈအတြင္း အရပ္သားမ်ား ပိတ္မိေန
မေ 12, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕ ပန္ခမ္းတံတားဘက္တြင္ ၂၀၁၈ ခုႏွစ္ ေမလ (၁၂)ရက္ေန႔ နံနက္ (၅)နာရီဝန္းက်င္က ပစ္ခတ္မႈျဖစ္ပြားေန၍ ဒဏ္ရာရသူ (၆)ဦးႏွင့္ ေသဆံုး (၁)ဦး မူဆယ္ျပည္သူ႔ေဆးရံုသို႔ ေရာက္ရိွလာၿပီး ပစ္ခတ္မႈျဖစ္ပြားရာ စြမ္ေဆာ္ရပ္ကြက္တြင္ အရပ္သားမ်ားပိတ္မိေနေၾကာင္း သိရသည္။

“သူတုိ႔ရြာသားေတြ သူတို႔ဘာသာ လာပို႔တာ (၅)ေယာက္။ ဂရုဏာအသင္းက သြားေကာက္ေပးတာက ဆံုးတဲ့တစ္ေယာက္နဲ႔ ဒဏ္ရာရတစ္ေယာက္။ ျပည္သူ႔စစ္က တစ္ေယာက္ေကာက္ေပးတယ္။ အခု ကၽြန္ေတာ္တုိ႔ ခ်ယ္ရီေျမလူငယ္အသင္းကို ဒဏ္ရာရတဲ့သူက ဖုန္းဆက္လာတယ္။ ဒါေပမဲ့ အဲဒီေနရာက ဝင္လုိ႔မရေသးဘူး။ နယ္ေျမမရွင္းေသးဘူး။ ပစ္ေနၾကတုန္း။ ေျမနီကားႀကီးကြင္းထဲေပါ့။ အဲဒါက ပန္ခမ္းဆိုေတာ့ မူဆယ္က နမ့္ခမ္းသြားတဲ့ဘက္ေပါ့။ ကၽြန္ေတာ္တုိ႔ ၾကားသေလာက္ေတာ့ TNLA နဲ႔ပစ္ေနတယ္လို႔ၾကားတာပဲ”ဟု ပစ္ခတ္မႈျဖစ္ပြားရာေနရာတြင္ ဒဏ္ရာရလူနာမ်ားကို ကူညီရန္ေဆာင္ရြက္ေနသည့္ မူဆယ္ၿမိဳ႕မွ လူမႈကူညီေရးအဖြဲ႕တစ္ခုျဖစ္သည့္ ခ်ယ္ရီေျမလူငယ္အသင္းမွ ဦးခင္ေမာင္လြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါပစ္ခတ္မႈမ်ားေၾကာင့္ မူဆယ္ၿမိဳ႕ စြမ္ေဆာ္ရပ္ကြက္တြင္ ရပ္ကြက္ေနျပည္သူမ်ား ပိတ္မိေနၿပီး ရဲတပ္ဖြဲ႕ႏွင့္ သက္ဆုိင္ရာဌာနတာဝန္ရိွသူမ်ားက ေဘးကင္းရာေရႊ႕ေျပာင္းေပးႏုိင္ေရး ကူညီေနေၾကာင္း သိရသည္။

“ေလာေလာဆယ္ေတာ့ ေတာ္ေတာ္မ်ားမ်ားပိတ္မိေနတယ္။ ထြက္ဖို႔လမ္းေတြရွာေနတယ္။ ကၽြန္ေတာ္တို႔လည္း ပိတ္မိေနတယ္။ အခုေဆးရံုကိုသြားေနတယ္။ ဒဏ္ရာရတ့ဲသူေတြရွိတယ္။ အရပ္သား ဘာညာေတာ့ ေသခ်ာမသိေသးဘူး။ စြန္ေဆာ္ဘက္မွာျဖစ္တာ။ မနက္ (၅) နာရီ (၂၀) ေလာက္မွာအသံေတြ စၾကားတာပဲ။ ဘယ္အဖြဲ႕နဲ႕ဘယ္အဖြဲ႕လည္းေတာ့ အတိက်မေျပာႏိုင္ေသးဘူး”ဟု မူဆယ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ ရဲတပ္ၾကပ္ႀကီး ရဲေအာင္က တာခီ်လိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွအခ်ိန္ထိ ပစ္ခတ္မႈျဖစ္ပြားေနသည့္ လက္နက္ကိုင္အဖြဲ႕မ်ားကို အတည္ျပဳႏုိင္ျခင္းမရိွေသးဘဲ အရပ္သားမ်ား ေဘးကင္းရာေရႊ႕ေျပာင္းေရးကို ရဲတပ္ဖြဲ႕က ေဆာင္ရြက္ေပးေနေၾကာင္း မူဆယ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ထံမွ သိရသည္။

ပစ္ခတ္မႈအေျခအေနမွာ နံနက္ (၉)နာရီဝနး္က်င္တြင္ အနည္းငယ္ၿငိမ္သက္လာၿပီး စြမ္ေဆာ္ရပ္ကြက္တြင္ ဌာနဆိုင္ရာမွ တာဝန္ရိွသူမ်ားက ေဒသခံမ်ားအား လိုအပ္သည္မ်ားကူညီေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

သတင္း #ခ်ယ္ရီထိုက္၊ေနၿဖိဳးျမင့္
ဓါတ္ပံု #Zar Ni

~~~~~~~~⊰❂ unicode ~~~~~~~~
မူဆယ်မြို့တွင် ပစ်ခတ်မှုများကြောင့် ဒဏ်ရာရသူ ၆ ဦးနှင့် သေဆုံး ၁ ဦးရှိနေပြီး ပစ်ခတ်မှုအတွင်း အရပ်သားများ ပိတ်မိနေ
****************
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ ပန်ခမ်းတံတားဘက်တွင် ၂၀၁၈ ခုနှစ် မေလ (၁၂)ရက်နေ့ နံနက် (၅)နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားနေ၍ ဒဏ်ရာရသူ (၆)ဦးနှင့် သေဆုံး (၁)ဦး မူဆယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာပြီး ပစ်ခတ်မှုဖြစ်ပွားရာ စွမ်ဆော်ရပ်ကွက်တွင် အရပ်သားများပိတ်မိနေကြောင်း သိရသည်။

“သူတို့ရွာသားတွေ သူတို့ဘာသာ လာပို့တာ (၅)ယောက်။ ဂရုဏာအသင်းက သွားကောက်ပေးတာက ဆုံးတဲ့တစ်ယောက်နဲ့ ဒဏ်ရာရတစ်ယောက်။ ပြည်သူ့စစ်က တစ်ယောက်ကောက်ပေးတယ်။ အခု ကျွန်တော်တို့ ချယ်ရီမြေလူငယ်အသင်းကို ဒဏ်ရာရတဲ့သူက ဖုန်းဆက်လာတယ်။ ဒါပေမဲ့ အဲဒီနေရာက ဝင်လို့မရသေးဘူး။ နယ်မြေမရှင်းသေးဘူး။ ပစ်နေကြတုန်း။ မြေနီကားကြီးကွင်းထဲပေါ့။ အဲဒါက ပန်ခမ်းဆိုတော့ မူဆယ်က နမ့်ခမ်းသွားတဲ့ဘက်ပေါ့။ ကျွန်တော်တို့ ကြားသလောက်တော့ TNLA နဲ့ပစ်နေတယ်လို့ကြားတာပဲ”ဟု ပစ်ခတ်မှုဖြစ်ပွားရာနေရာတွင် ဒဏ်ရာရလူနာများကို ကူညီရန်ဆောင်ရွက်နေသည့် မူဆယ်မြို့မှ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သည့် ချယ်ရီမြေလူငယ်အသင်းမှ ဦးခင်မောင်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါပစ်ခတ်မှုများကြောင့် မူဆယ်မြို့ စွမ်ဆော်ရပ်ကွက်တွင် ရပ်ကွက်နေပြည်သူများ ပိတ်မိနေပြီး ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ဘေးကင်းရာရွှေ့ပြောင်းပေးနိုင်ရေး ကူညီနေကြောင်း သိရသည်။

“လောလောဆယ်တော့ တော်တော်များများပိတ်မိနေတယ်။ ထွက်ဖို့လမ်းတွေရှာနေတယ်။ ကျွန်တော်တို့လည်း ပိတ်မိနေတယ်။ အခုဆေးရုံကိုသွားနေတယ်။ ဒဏ်ရာရတဲ့သူတွေရှိတယ်။ အရပ်သား ဘာညာတော့ သေချာမသိသေးဘူး။ စွန်ဆော်ဘက်မှာဖြစ်တာ။ မနက် (၅) နာရီ (၂၀) လောက်မှာအသံတွေ စကြားတာပဲ။ ဘယ်အဖွဲ့နဲ့ဘယ်အဖွဲ့လည်းတော့ အတိကျမပြောနိုင်သေးဘူး”ဟု မူဆယ်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး ရဲအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိအချိန်ထိ ပစ်ခတ်မှုဖြစ်ပွားနေသည့် လက်နက်ကိုင်အဖွဲ့များကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ အရပ်သားများ ဘေးကင်းရာရွှေ့ပြောင်းရေးကို ရဲတပ်ဖွဲ့က ဆောင်ရွက်ပေးနေကြောင်း မူဆယ်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပစ်ခတ်မှုအခြေအနေမှာ နံနက် (၉)နာရီဝန်းကျင်တွင် အနည်းငယ်ငြိမ်သက်လာပြီး စွမ်ဆော်ရပ်ကွက်တွင် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ဒေသခံများအား လိုအပ်သည်များကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

သတင်း #ချယ်ရီထိုက်၊နေဖြိုးမြင့်
ဓါတ်ပုံ #Zar Ni

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~