
မေ 28, 2018
By 🌸


~~~~~~~~⊰❂ unicode ~~~~~~~~
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဗိုလ်ချုပ်အောင်သူကို ခန့်အပ်
***************
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနေရာတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်အောင်သူကို ၂၀၁၈ ခုနှစ် မေလ(၂၈)ရက်နေ့တွင် ခန့်အပ်လိုက်ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးကို ၂၀၁၈ ခုနှစ် မေလ (၂၈)ရက်နေ့ထုတ် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၂၆/၂၀၁၈ ဖြင့် စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေပြီး
နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၂၇/၂၀၁၈ ဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်အောင်သူကို ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးလိုက်ခြင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~