တာခ်ီလိတ္ ဝမ္ပုံဆိပ္ကမ္းတြင္ မီးေလာင္သြားသည့္ ေရယာဥ္ႏွင့္ဆီတင္တြဲမွ ေရယာဥ္လုပ္သားေလးဦးအား ျပန္လည္ေတြ႕ရွိ

တာခ်ီလိတ္ ဝမ္ပုံဆိပ္ကမ္းတြင္ မီးေလာင္သြားသည့္ ေရယာဥ္ႏွင့္ဆီတင္တြဲမွ ေရယာဥ္လုပ္သားေလးဦးအား ျပန္လည္ေတြ႕ရွိ
မေ 26, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ ဝမ္ပံုဆိပ္ကမ္းတြင္ ေမလ (၂၅) ရက္ေန႔က မီးေလာင္ကၽြမ္းမႈျဖစ္ပြားသည့္ ငါးဖမ္းစက္ေလွတစ္စီးႏွင့္ ဆီတင္ေရယာဥ္တို႔မွ ေပ်ာက္ဆံုးေနသည့္  ေရယာဥ္လုပ္သား (၄)ဦးအား ထိခုိက္ဒဏ္ရာမရိွဘဲ ေမလ (၂၆)ရက္ေန႔ ျပန္ေတြ႔ရၿပီး ေန႔လယ္(၂)နာရီ ဝန္းက်င္တြင္ ဝမ္ပံုနယ္ေျမရဲစခန္း၌ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

မုိင္းဖုန္း(က)ေက်းရြာအုပ္စု၊ ဝမ္ပံုဆိပ္ကမ္း၊ လြန္းက်ိဳင္းေက်းရြာအနီး၊ ဘုရားေလးေရဆိပ္တြင္ ဆိုက္ကပ္ထားသည့္ ဆီတင္ေရယာဥ္ႏွင့္ တြဲထားသည့္ ငါးဖမ္းစက္ေလွတို႔ ေမလ (၂၅) ရက္ေန႔ ည (၇)နာရီ (၄၀) မိနစ္ဝန္းက်င္က မီးေလာင္ကၽြမ္းမႈျဖစ္ပြားရာ မီးေလာင္သည့္ ဆီတင္ယာဥ္ႏွင့္ ငါးဖမ္းစက္ေလွတုိ႔တြင္ ပဲ့နင္းႏွင့္ ေလွသား(၃)ဦး ပါဝင္သြားသျဖင့္ ရဲတပ္ဖြဲ႕က မီးၿငိမ္းသတ္ေရးႏွင့္ ကူူညီကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“စက္ေလွအလုပ္သမားအားလံုးကို ျပန္ေတြ႔ပါၿပီ။ ဒီေရယာဥ္ေပၚက ျမန္မာႏုိင္ငံသား လုပ္သားေတြပါပဲ။ မေန႔ညကေတာ့ သူတို႔လည္း ေၾကာက္အားလန္႔အားနဲ႔ ေရကူးထြက္ေျပးၾကတာ။ ဒီေန႔ ျပန္ေတြ႔ပါၿပီ။ ထိခုိက္ဒဏ္ရာမရိွၾကပါဘူး။ မီးေလာင္တဲ့အေၾကာင္းရင္းကေတာ့ တစ္ေနကုန္ ရာသီဥတုက ပူေနတာနဲ႔ ဆီေငြ႕ေတြနဲ႔ ျဖစ္ေနတဲ့အခ်ိန္ အင္ဂ်င္စက္ခန္းမွာ စက္ႏိႈးလုိက္ရာကေန အေငြ႔ေတြနဲ႔ဆိုေတာ့ မီးထေလာင္တယ္။ သေဘၤာကခ်ိတ္ထားေတာ့ မီးကကူးသြားတယ္။ အဲဒီလို ျဖစ္သြားေတာ့ လူေတြက ေရထဲခ်က္ခ်င္း ခုန္ဆင္းေျပးသြားၾကတယ္။ မီးသတ္ကားေတြလည္း လာေပမဲ့ မယ္ေခါင္ျမစ္ထဲဆိုေတာ့ မီးသတ္လည္း မရဘူးေလ။ အဲဒီမွာ ႀကိဳးျပတ္သြားၿပီး ကၽြန္းမွာသြားေသာင္တင္ၿပီး ေလာင္သြားတာ”ဟု ဝမ္ပံုနယ္ေျမရဲစခန္းမွ ေခတၱစခန္းမွဴး ရဲအုပ္ဝင္းေဇာ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဆိပ္ကမ္းတြင္ ဆုိက္ကပ္ထားသည့္ ဆီတင္ေရယာဥ္ႏွင့္ တြဲခ်ည္ထားေသာ ငါးဖမ္းစက္ေလွ၏ စက္ခန္းမွ မီးစတင္ေလာင္ကၽြမ္းကာ ဆီတင္ေရယာဥ္သို႔ ကူးစက္ေလာင္ကၽြမ္းကာ ေရယာဥ္ႏွစ္စီးသည္ ကမ္းေျခႏွင့္ ခ်ည္ထားသည့္ႀကိဳးမ်ားျပတ္ေတာက္ကာ ေရစီးႏွင့္ ေမွ်ာပါသြားၿပီး နတ္ေတာႀကီးအေရွ႕ ေရျပင္တြင္ ေသာင္တင္ခဲ့ၿပီး မီးဆက္လက္ေလာင္ကၽြမ္းသြားျခင္းျဖစ္ေၾကာင္းသိရသည္။

အဆုိပါ မီးေလာင္မႈႏွင့္ပတ္သက္၍ ေမလ (၂၆)ရက္ေန႔တြင္ ပဲ့နင္းျဖစ္သူ ဝင္းေဇာ္ထြန္းအား ဝမ္ပံုနယ္ေျမရဲစခန္းတြင္ (ပ) ၄/၂၀၁၈ ပုဒ္မ ၂၈၅ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း #ခ်ယ္ရီထုိက္
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ် ဝမ်ပုံဆိပ်ကမ်းတွင် မီးလောင်သွားသည့် ရေယာဉ်နှင့်ဆီတင်တွဲမှ ရေယာဉ်လုပ်သားလေးဦးအား ပြန်လည်တွေ့ရှိ
****************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဝမ်ပုံဆိပ်ကမ်းတွင် မေလ (၂၅) ရက်နေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားသည့် ငါးဖမ်းစက်လှေတစ်စီးနှင့် ဆီတင်ရေယာဉ်တို့မှ ပျောက်ဆုံးနေသည့်  ရေယာဉ်လုပ်သား(၄)ဦးအား ထိခိုက်ဒဏ်ရာမရှိဘဲ မေလ (၂၆)ရက်နေ့ ပြန်တွေ့ရပြီး နေ့လယ်(၂)နာရီ ဝန်းကျင်တွင် ဝမ်ပုံနယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံဆိပ်ကမ်း၊ လွန်းကျိုင်းကျေးရွာအနီး၊ ဘုရားလေးရေဆိပ်တွင် ဆိုက်ကပ်ထားသည့် ဆီတင်ရေယာဉ်နှင့် တွဲထားသည့် ငါးဖမ်းစက်လှေတို့ မေလ (၂၅) ရက်နေ့ ည (၇)နာရီ (၄၀) မိနစ်ဝန်းကျင်က မီးလောင်ကျွမ်းမှုဖြစ်ပွားရာ မီးလောင်သည့် ဆီတင်ယာဉ်နှင့် ငါးဖမ်းစက်လှေတို့တွင် ပဲ့နင်းနှင့် လှေသား(၃)ဦး ပါဝင်သွားသဖြင့် ရဲတပ်ဖွဲ့က မီးငြိမ်းသတ်ရေးနှင့် ကူူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စက်လှေအလုပ်သမားအားလုံးကို ပြန်တွေ့ပါပြီ။ ဒီရေယာဉ်ပေါ်က မြန်မာနိုင်ငံသား လုပ်သားတွေပါပဲ။ မနေ့ညကတော့ သူတို့လည်း ကြောက်အားလန့်အားနဲ့ ရေကူးထွက်ပြေးကြတာ။ ဒီနေ့ ပြန်တွေ့ပါပြီ။ ထိခိုက်ဒဏ်ရာမရှိကြပါဘူး။ မီးလောင်တဲ့အကြောင်းရင်းကတော့ တစ်နေကုန် ရာသီဥတုက ပူနေတာနဲ့ ဆီငွေ့တွေနဲ့ ဖြစ်နေတဲ့အချိန် အင်ဂျင်စက်ခန်းမှာ စက်နှိုးလိုက်ရာကနေ အငွေ့တွေနဲ့ဆိုတော့ မီးထလောင်တယ်။ သင်္ဘောကချိတ်ထားတော့ မီးကကူးသွားတယ်။ အဲဒီလို ဖြစ်သွားတော့ လူတွေက ရေထဲချက်ချင်း ခုန်ဆင်းပြေးသွားကြတယ်။ မီးသတ်ကားတွေလည်း လာပေမဲ့ မယ်ခေါင်မြစ်ထဲဆိုတော့ မီးသတ်လည်း မရဘူးလေ။ အဲဒီမှာ ကြိုးပြတ်သွားပြီး ကျွန်းမှာသွားသောင်တင်ပြီး လောင်သွားတာ”ဟု ဝမ်ပုံနယ်မြေရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်ဝင်းဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် ဆီတင်ရေယာဉ်နှင့် တွဲချည်ထားသော ငါးဖမ်းစက်လှေ၏ စက်ခန်းမှ မီးစတင်လောင်ကျွမ်းကာ ဆီတင်ရေယာဉ်သို့ ကူးစက်လောင်ကျွမ်းကာ ရေယာဉ်နှစ်စီးသည် ကမ်းခြေနှင့် ချည်ထားသည့်ကြိုးများပြတ်တောက်ကာ ရေစီးနှင့် မျှောပါသွားပြီး နတ်တောကြီးအရှေ့ ရေပြင်တွင် သောင်တင်ခဲ့ပြီး မီးဆက်လက်လောင်ကျွမ်းသွားခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ မေလ (၂၆)ရက်နေ့တွင် ပဲ့နင်းဖြစ်သူ ဝင်းဇော်ထွန်းအား ဝမ်ပုံနယ်မြေရဲစခန်းတွင် (ပ) ၄/၂၀၁၈ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း #ချယ်ရီထိုက်
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~