ကေနဒါအေျခစိုက္ကုမၸဏီက တာခ်ီလိတ္ခရိုင္အတြင္း ေျမဧကတစ္သိန္းေက်ာ္တြင္ သတၱဳသိုက္ရွာေဖြေရး လုပ္ေဆာင္ရန္ ႀကိဳးပမ္းေန

ကေနဒါအေျခစိုက္ကုမၸဏီက တာခ်ီလိတ္ခရိုင္အတြင္း ေျမဧကတစ္သိန္းေက်ာ္တြင္ သတၱဳသိုက္ရွာေဖြေရး လုပ္ေဆာင္ရန္ ႀကိဳးပမ္းေန
မေ 3, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရို္င္ တာေလႏွင့္ က်ဴိင္းလပ္ရိွ ဧကတစ္သိန္းေက်ာ္တြင္ ကေနဒါ အေျခစိုက္ကုမၸဏီတစ္ခုက ေရႊႏွင့္ ေၾကးနီသတၱဳသိုက္ ရွာေဖြေရးလုပ္ေဆာင္ရန္ ေဒသခံမ်ား  ကြင္းဆင္းရွင္းလင္းျခင္းမ်ားကို ဧၿပီလကုန္မွစ၍ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

Locrian Resources INC မွ တာဝန္ရိွသူမ်ားသည္ ဧၿပီလ (၃၀)ရက္ေန႔မွ စတင္၍ စမ္းသပ္တုိင္းတာမည့္ ေဒသမ်ားမွ ေဒသခံမ်ားအား ကြင္းဆင္းရွင္းလင္းျခင္းမ်ား လုပ္ေဆာင္ခြင့္ကို သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးဌာနမ်ားတြင္ ခြင့္ျပဳခ်က္ေတာင္း၍ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“သူတို႔လုပ္ရမယ့္ တာဝန္ေလးေတြရိွမွာေပါ့။ သူတုိ႔က လက္ရိွ လ်ာထားတာေပါ့။ အခုလက္ရိွ ကုမၸဏီေတြ ေလွ်ာက္ထားတဲ့ ေနရာေတြမပါ။ က်န္တာေတြကေတာ့ ေဒသခံေတြ ေျမေနရာ၊ စုိက္ေျမေတြပါခ်င္ပါမယ္။ အဲဒီမွာ ေျမသားေဖါက္ယူၿပီး သတၱဳသိုက္အရြယ္အစား ဘယ္ေလာက္ရိွသလဲဆိုတာ စမ္းသပ္မွာ။ အဲဒီထဲက မလိုအပ္တဲ့ ေနရာေတြကို အစိုးရကိုျပန္အပ္ရမယ္ေပါ့”ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကေနဒါအေျခစိုက္ Locrian Resources INC က တာေလ ႏွင့္ က်ိဳင္းလပ္ၿမိဳ႕တို႔ရွိ နမ့္ခင္း၊ မိုင္းလင္းအေရွ႕ေက်းရြာ အုပ္စု၊ မိုင္းလင္းအေနာက္ေက်းရြာအုပ္စု၊ နားေယာင္းေက်းရြာအုုပ္စုႏွင့္ မုိင္းကိုးေက်းရြာ အုပ္စုမ်ားရိွ စုစုေပါင္း ဧက (၁၁၉,၇၅၅)တြင္ သတၱဳသိုက္ရွာေဖြေရး စမ္းသပ္ တုိင္းတာျခင္းမ်ား လုပ္ေဆာင္ခြင့္ရရန္ ေဒသခံမ်ားအား လုပ္ငန္းအေျခအေန ရွင္းလင္းျခင္းမ်ား လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကုမၸဏီသည္ လာအိုႏွင့္ ျမန္မာႏုိင္ငံတို႔တြင္ ဓါတ္သတၱဳရွာေဖြေရးလုပ္ေဆာင္ရန္ ႀကိဳးပမ္း ေနျခင္းျဖစ္ၿပီး  ရွမ္းျပည္နယ္အတြင္း သတၱဳရွာေဖြေရးလုပ္ကို္င္ခြင့္အတြက္ ၂၀၁၇ ႏွစ္ကုန္ပိုင္းတြင္ ျပည္ေထာင္စုအစိုးရက ခြင့္ျပဳလုိက္ျခင္းျဖစ္ကာ ၂၀၁၈ ခုႏွစ္ ဧၿပီလအတြင္းက ရွမ္းျပည္နယ္အစိုးရႏွင့္အတူ စမ္းသပ္တုိင္းတာျခင္း လုပ္ငန္း ေဆာင္ရြက္မည့္ေဒသမ်ားတြင္ နယ္ေျမကြင္းဆင္းျခင္း လုပ္ေဆာင္ ထားေၾကာင္း အဆိုပါကုမၸဏီ၏ ဝက္ဘ္ဆုိဒ္တြင္ ေဖၚျပထားသည္။

Locrian Resources INC မွ တာဝန္ရိွသူမ်ားက ဧၿပီလ (၃၀)ရက္ေန႔တြင္ တာေလၿမိဳ႕ နားေယာင္း ေက်းရြာအုပ္စုတြင္ ေဒသခံ (၂၀)ေက်ာ္ႏွင့္ ေတြ႔ဆံု၍ သတၱဳစမ္းသပ္တုိင္းတာျခင္း ေဆာင္ရြက္မည့္ လုပ္ငန္းစဥ္မ်ားအား ရွင္းလင္းေျပာျပခဲ့ကာ က်န္ေဒသမ်ားတြင္ ဆက္လက္ရွင္းလင္းျခင္းမ်ား လုပ္ေဆာင္ ေနေၾကာင္း သိရသည္။

“စမ္းသပ္တုိင္းတာေရးလုပ္ရာမွာ ေခ်ာင္းသဲနမူနာေကာက္ရပါတယ္။ သဲေတြ၊ ေက်ာက္ေတြထဲမွာ လိုခ်င္တဲ့ သတၱဳပါ မပါကို ႏုိင္ငံျခားဓါတ္ခြဲခန္းေတြမွာ ဓါတ္ခြဲရတာျဖစ္ပါတယ္။ ဘူမိေဗဒပညာရွင္ေတြက ေခ်ာင္းထဲသြား အင္ဝိုင္းလွည့္ၿပီး နမူနာယူပါတယ္။ ေရႊက်င္တာ မဟုတ္ပါဘူး။ ေခ်ာင္းေတြ ေျမာင္းေတြကေန သဲကိုပဲ ယူမွာျဖစ္ပါတယ္။ သတၱဳသိုက္ရဲ႕ပင္မကို အနီးစပ္ဆံုးကို ရွာရပါတယ္”ဟု Locrian Resources INC မွ တာဝန္ရိွသူက ေဒသခံမ်ားအား ရွင္းလင္းေျပာၾကားသည္။

စမ္းသပ္တိုင္းတာမည့္ ဧရိယာအတြင္းရိွ ျမစ္ေခ်ာင္းမ်ားမွ သဲနမူနာရယူျခင္း၊ သတ္မွတ္ေနရာမ်ားတြင္ (၅)လက္မ အက်ယ္ႏွင့္ (၃)ေပအနက္ ေျမတူးယူၿပီး ေျမသားနမူနာယူ ဓါတ္ခြဲျခင္းမ်ားအား ကနဦး လုပ္ေဆာင္ရန္ ေဒသခံမ်ားအား လာေရာက္ရွင္းလင္း ေဆြးေႏြးျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ စမ္းသပ္ တုိင္းတာျခင္းမ်ားအတြက္ တစ္စတုရန္း ကီလိုမီတာကို လက္ရိွနည္းဥပေဒအရ ႏုိင္ငံေတာ္ကို ေျမငွားရမ္းခ က်ပ္ငါးေသာင္းႏႈန္း အခြန္ေဆာင္ရၿပီး စမ္းသပ္တုိင္းတာမည့္ေနရာသည္ ေဒသခံမ်ား၏ စိုက္ေျမ၊ အိမ္ၿခံေျမမ်ားအတြင္းျဖစ္ပါက ပိုင္ရွင္မ်ားထံ ခြင့္ျပဳခ်က္ေတာင္းယူ၍ ေျမသားနမူနာယူျခင္း ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

စမ္းသပ္တုိင္းတာသည့္ ဧရိယာမ်ားအနက္မွ သတၱဳသိုက္ဆက္လက္ရွာေဖြမည့္ ဧရိယာမွလြဲ၍ က်န္ေျမ ေနရာမ်ားအား ႏုိင္ငံေတာ္ထံ ျပန္လည္ေပးအပ္ရၿပီး သတၱဳသိုက္ရွာေဖြေတြ႕ရိွသည့္ေနရာတြင္ ေဒသခံမ်ား၏ ေျမေနရာမ်ားပါဝင္ပါက ေလ်ာ္ေၾကးေပးေဆာင္ၿပီး လုပ္ေဆာင္သြားရမည္ျဖစ္ေၾကာင္း သိရသည္။

“ၿခံေျမေတြထဲမွာ သတၱဳ ရွာေဖြဖို႔ဆိုရင္လည္း ကၽြန္ေတာ္တို႔က ခြင့္ေတာင္းၿပီး ဝင္ၿပီးမွ ေျမနမူနာပဲ ယူမွာပါ။ သံုးေပေလာက္ တူးလုိက္လို႔ ပ်က္စီးသြားရင္ အဲဒီအတြက္ ေလ်ာ္ေပးတယ္။ သူ႔ေျမထဲက ဓါတ္သတၱဳ ရွာေတြ႕ရင္ သူ႔ကိုလည္း ေလ်ာ္ေၾကးေပးပါတယ္။ ေခ်ာင္းထဲကသဲနဲ႔ သံုးေပေလာက္ေျမစမ္းသပ္လို႔ ၿပီးၿပီဆိိုရင္ အစမ္းေျမာင္းတူးပါတယ္။  ငါးေပေလာက္အနက္က ေလးေပေလာက္အက်ယ္တူးၿပီး ေက်ာက္ေတြကို ဓါတ္ခြဲစမ္းသပ္ဖို႔ယူပါတယ္။ နမူနာေကာက္ရင္ အေပၚယံေျမဆီလႊာကို တစ္ဖက္မွာပံုၿပီး ေအာက္က ေက်ာက္သားကို တစ္ဖက္ကို ပံုရပါတယ္။ ျပန္ဖံုးရာမွာ ေက်ာက္သားေတြ ေအာက္မွာထားၿပီး ေျမဆီလႊာေတြ အေပၚမွာ ထားပါတယ္။ ဒီေနာက္ ရွာေတြ႔ၿပီဆိုရင္ သတၳဳသိုက္ ပံုသ႑ာန္၊ အေနအထားကို သိဖို႔ လြန္တူးတဲ့စက္နဲ႔ တူးပါတယ္။ ေပေပါင္း ၃၀၀၀ အထိဆင္းတဲ့ လြန္စက္နဲ႔တူးပါတယ္။ စမ္းသပ္ တုိင္းတာေရးနဲ႔ တူးေဖၚ ထုတ္လုပ္ေရးဟာ မတူပါဘူးခင္ဗ်။ သူက ေျမႀကီးေတြကို အကုန္တူးလွန္မွာ မဟုတ္ဘဲ စီးပြားျဖစ္ထုတ္လုိ႔ရမယ့္ သတၱဳသိုက္ကို ရွာေဖြမွာျဖစ္ပါတယ္။ ေရႊ၊ေၾကးနီကို အဓိက ရွာေဖြေနတာျဖစ္ၿပီးေတာ့ ဒီေရႊ၊ေၾကးနီသတၱဳသိုက္က ႏွစ္ေပါင္း (၃၀)၊ (၄၀) တန္ခ်ိန္သန္းနဲ႔ခ်ီၿပီး ထုတ္လို႔ရတဲ့ သတၱဳသိုက္ အရင္းအျမစ္ကို ရွာခ်င္တာျဖစ္ပါတယ္”ဟု အဆိုပါ ကုမၸဏီမွ တာဝန္ရိွသူက ဆုိသည္။

စမ္းသပ္တုိင္းတာသည့္ ဧရိယာအတြင္း သဘာဝပတ္ဝန္းက်င္အေနအထားကို မတုိင္းတာမီတြင္ မွတ္တမ္း တင္ထားရၿပီး စမ္းသပ္တုိင္းတာမႈမ်ားၿပီးဆံုး၍ ထုတ္လုပ္ႏုိင္သည့္ ပမာဏမေတြ႕သည့္တုိင္ ေဒသ၏ သဘာဝပတ္ဝန္းက်င္အေနအထားကို မူလအတိုင္း ထားေပးရမည့္ စည္းမ်ဥ္းစည္းကမ္းမ်ားအား လုိက္နာေဆာင္ရြက္မည္ျဖစ္ေၾကာင္း အဆိုပါ ကုမၸဏီက ဆိုသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္အတြင္း မုိင္းျဖတ္ၿမိဳ႕နယ္တြင္လည္း ႏုိင္ငံျခားကုမၸဏီတစ္ခုက သတၱဳတူးေဖာ္ေရး စမ္းသပ္တုိင္းတာမႈမ်ား ေဆာင္ရြက္ရန္ ဧက တစ္သိန္းခြဲ နီးပါး ေလွ်ာက္ထားျခင္းကို ေဒသခံမ်ားက ကန္႔ကြက္ထားသျဖင့္ သက္ဆုိင္ရာ တာဝန္ရိွသူမ်ားႏွင့္ ေဒသခံမ်ား ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ (၉)ရက္ေန႔တြင္ မုိင္းျဖတ္ၿမိဳ႕၌ ေတြ႔ဆံု ေဆြးေႏြးခဲ့ၾကျခင္းျဖစ္သည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရို်င် တာလေနှင့် ကျိူင်းလပ်ရှိ ဧကတစ်သိန်းကျော်တွင် ကနေဒါ အခြေစိုက်ကုမ္ပဏီတစ်ခုက ရွှေနှင့် ကြေးနီသတ္တုသိုက် ရှာဖွေရေးလုပ်ဆောင်ရန် ဒေသခံများ ကွင်းဆင်းရှင်းလင်းခြင်းများကို ဧပြီလကုန်မှစ၍ လုပ်ဆောင်နေကြောင်း သိရသည်။

Locrian Resources INC မှ တာဝန်ရှိသူများသည် ဧပြီလ (၃၀)ရက်နေ့မှ စတင်၍ စမ်းသပ်တိုင်းတာမည့် ဒေသများမှ ဒေသခံများအား ကွင်းဆင်းရှင်းလင်းခြင်းများ လုပ်ဆောင်ခွင့်ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနများတွင် ခွင့်ပြုချက်တောင်း၍ လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

“သူတို့လုပ်ရမယ့် တာဝန်လေးတွေရှိမှာပေါ့။ သူတို့က လက်ရှိ လျာထားတာပေါ့။ အခုလက်ရှိ ကုမ္ပဏီတွေ လျှောက်ထားတဲ့ နေရာတွေမပါ။ ကျန်တာတွေကတော့ ဒေသခံတွေ မြေနေရာ၊ စိုက်မြေတွေပါချင်ပါမယ်။ အဲဒီမှာ မြေသားဖောက်ယူပြီး သတ္တုသိုက်အရွယ်အစား ဘယ်လောက်ရှိသလဲဆိုတာ စမ်းသပ်မှာ။ အဲဒီထဲက မလိုအပ်တဲ့ နေရာတွေကို အစိုးရကိုပြန်အပ်ရမယ်ပေါ့”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကနေဒါအခြေစိုက် Locrian Resources INC က တာလေ နှင့် ကျိုင်းလပ်မြို့တို့ရှိ နမ့်ခင်း၊ မိုင်းလင်းအရှေ့ကျေးရွာ အုပ်စု၊ မိုင်းလင်းအနောက်ကျေးရွာအုပ်စု၊ နားယောင်းကျေးရွာအုပ်စုနှင့် မိုင်းကိုးကျေးရွာ အုပ်စုများရှိ စုစုပေါင်း ဧက (၁၁၉,၇၅၅)တွင် သတ္တုသိုက်ရှာဖွေရေး စမ်းသပ် တိုင်းတာခြင်းများ လုပ်ဆောင်ခွင့်ရရန် ဒေသခံများအား လုပ်ငန်းအခြေအနေ ရှင်းလင်းခြင်းများ လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီသည် လာအိုနှင့် မြန်မာနိုင်ငံတို့တွင် ဓာတ်သတ္တုရှာဖွေရေးလုပ်ဆောင်ရန် ကြိုးပမ်း နခြေင်းဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း သတ္တုရှာဖွေရေးလုပ်ကို်င်ခွင့်အတွက် ၂၀၁၇ နှစ်ကုန်ပိုင်းတွင် ပြည်ထောင်စုအစိုးရက ခွင့်ပြုလိုက်ခြင်းဖြစ်ကာ ၂၀၁၈ ခုနှစ် ဧပြီလအတွင်းက ရှမ်းပြည်နယ်အစိုးရနှင့်အတူ စမ်းသပ်တိုင်းတာခြင်း လုပ်ငန်း ဆောင်ရွက်မည့်ဒေသများတွင် နယ်မြေကွင်းဆင်းခြင်း လုပ်ဆောင် ထားကြောင်း အဆိုပါကုမ္ပဏီ၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

Locrian Resources INC မှ တာဝန်ရှိသူများက ဧပြီလ (၃၀)ရက်နေ့တွင် တာလမြေို့ နားယောင်း ကျေးရွာအုပ်စုတွင် ဒေသခံ (၂၀)ကျော်နှင့် တွေ့ဆုံ၍ သတ္တုစမ်းသပ်တိုင်းတာခြင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောပြခဲ့ကာ ကျန်ဒေသများတွင် ဆက်လက်ရှင်းလင်းခြင်းများ လုပ်ဆောင် နေကြောင်း သိရသည်။

“စမ်းသပ်တိုင်းတာရေးလုပ်ရာမှာ ချောင်းသဲနမူနာကောက်ရပါတယ်။ သဲတွေ၊ ကျောက်တွေထဲမှာ လိုချင်တဲ့ သတ္တုပါ မပါကို နိုင်ငံခြားဓာတ်ခွဲခန်းတွေမှာ ဓာတ်ခွဲရတာဖြစ်ပါတယ်။ ဘူမိဗေဒပညာရှင်တွေက ချောင်းထဲသွား အင်ဝိုင်းလှည့်ပြီး နမူနာယူပါတယ်။ ရွှေကျင်တာ မဟုတ်ပါဘူး။ ချောင်းတွေ မြောင်းတွေကနေ သဲကိုပဲ ယူမှာဖြစ်ပါတယ်။ သတ္တုသိုက်ရဲ့ပင်မကို အနီးစပ်ဆုံးကို ရှာရပါတယ်”ဟု Locrian Resources INC မှ တာဝန်ရှိသူက ဒေသခံများအား ရှင်းလင်းပြောကြားသည်။

စမ်းသပ်တိုင်းတာမည့် ဧရိယာအတွင်းရှိ မြစ်ချောင်းများမှ သဲနမူနာရယူခြင်း၊ သတ်မှတ်နေရာများတွင် (၅)လက်မ အကျယ်နှင့် (၃)ပေအနက် မြေတူးယူပြီး မြေသားနမူနာယူ ဓာတ်ခွဲခြင်းများအား ကနဦး လုပ်ဆောင်ရန် ဒေသခံများအား လာရောက်ရှင်းလင်း ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ စမ်းသပ် တိုင်းတာခြင်းများအတွက် တစ်စတုရန်း ကီလိုမီတာကို လက်ရှိနည်းဥပဒေအရ နိုင်ငံတော်ကို မြေငှါးရမ်းခ ကျပ်ငါးသောင်းနှုန်း အခွန်ဆောင်ရပြီး စမ်းသပ်တိုင်းတာမည့်နေရာသည် ဒေသခံများ၏ စိုက်မြေ၊ အိမ်ခြံမြေများအတွင်းဖြစ်ပါက ပိုင်ရှင်များထံ ခွင့်ပြုချက်တောင်းယူ၍ မြေသားနမူနာယူခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

စမ်းသပ်တိုင်းတာသည့် ဧရိယာများအနက်မှ သတ္တုသိုက်ဆက်လက်ရှာဖွေမည့် ဧရိယာမှလွဲ၍ ကျန်မြေ နေရာများအား နိုင်ငံတော်ထံ ပြန်လည်ပေးအပ်ရပြီး သတ္တုသိုက်ရှာဖွေတွေ့ရှိသည့်နေရာတွင် ဒေသခံများ၏ မြေနေရာများပါဝင်ပါက လျော်ကြေးပေးဆောင်ပြီး လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း သိရသည်။

“ခြံမြေတွေထဲမှာ သတ္တု ရှာဖွေဖို့ဆိုရင်လည်း ကျွန်တော်တို့က ခွင့်တောင်းပြီး ဝင်ပြီးမှ မြေနမူနာပဲ ယူမှာပါ။ သုံးပေလောက် တူးလိုက်လို့ ပျက်စီးသွားရင် အဲဒီအတွက် လျော်ပေးတယ်။ သူ့မြေထဲက ဓာတ်သတ္တု ရှာတွေ့ရင် သူ့ကိုလည်း လျော်ကြေးပေးပါတယ်။ ချောင်းထဲကသဲနဲ့ သုံးပေလောက်မြေစမ်းသပ်လို့ ပြီးပြီဆိုရင် အစမ်းမြောင်းတူးပါတယ်။ ငါးပေလောက်အနက်က လေးပေလောက်အကျယ်တူးပြီး ကျောက်တွေကို ဓာတ်ခွဲစမ်းသပ်ဖို့ယူပါတယ်။ နမူနာကောက်ရင် အပေါ်ယံမြေဆီလွှာကို တစ်ဖက်မှာပုံပြီး အောက်က ကျောက်သားကို တစ်ဖက်ကို ပုံရပါတယ်။ ပြန်ဖုံးရာမှာ ကျောက်သားတွေ အောက်မှာထားပြီး မြေဆီလွှာတွေ အပေါ်မှာ ထားပါတယ်။ ဒီနောက် ရှာတွေ့ပြီဆိုရင် သတ္ထုသိုက် ပုံသဏ္ဍာန်၊ အနေအထားကို သိဖို့ လွန်တူးတဲ့စက်နဲ့ တူးပါတယ်။ ပေပေါင်း ၃၀၀၀ အထိဆင်းတဲ့ လွန်စက်နဲ့တူးပါတယ်။ စမ်းသပ် တိုင်းတာရေးနဲ့ တူးဖော် ထုတ်လုပ်ရေးဟာ မတူပါဘူးခင်ဗျ။ သူက မြကြေီးတွေကို အကုန်တူးလှန်မှာ မဟုတ်ဘဲ စီးပွားဖြစ်ထုတ်လို့ရမယ့် သတ္တုသိုက်ကို ရှာဖွေမှာဖြစ်ပါတယ်။ ရွှေ၊ကြေးနီကို အဓိက ရှာဖွေနေတာဖြစ်ပြီးတော့ ဒီရွှေ၊ကြေးနီသတ္တုသိုက်က နှစ်ပေါင်း (၃၀)၊ (၄၀) တန်ချိန်သန်းနဲ့ချီပြီး ထုတ်လို့ရတဲ့ သတ္တုသိုက် အရင်းအမြစ်ကို ရှာချင်တာဖြစ်ပါတယ်”ဟု အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူက ဆိုသည်။

စမ်းသပ်တိုင်းတာသည့် ဧရိယာအတွင်း သဘာဝပတ်ဝန်းကျင်အနေအထားကို မတိုင်းတာမီတွင် မှတ်တမ်း တင်ထားရပြီး စမ်းသပ်တိုင်းတာမှုများပြီးဆုံး၍ ထုတ်လုပ်နိုင်သည့် ပမာဏမတွေ့သည့်တိုင် ဒေသ၏ သဘာဝပတ်ဝန်းကျင်အနေအထားကို မူလအတိုင်း ထားပေးရမည့် စည်းမျဉ်းစည်းကမ်းများအား လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ဆိုသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း မိုင်းဖြတ်မြို့နယ်တွင်လည်း နိုင်ငံခြားကုမ္ပဏီတစ်ခုက သတ္တုတူးဖော်ရေး စမ်းသပ်တိုင်းတာမှုများ ဆောင်ရွက်ရန် ဧက တစ်သိန်းခွဲ နီးပါး လျှောက်ထားခြင်းကို ဒေသခံများက ကန့်ကွက်ထားသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံများ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၉)ရက်နေ့တွင် မိုင်းဖြတ်မြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~