လားရိႈးၿမိဳ႕နယ္တြင္ ခိုလံႈေနသည့္ နမၼတူၿမိဳ႕နယ္မွ စစ္ေဘးေရွာင္မ်ားအတြက္ စားနပ္ရိကၡာလိုအပ္ေန

လားရိႈးၿမိဳ႕နယ္တြင္ ခိုလံႈေနသည့္ နမၼတူၿမိဳ႕နယ္မွ စစ္ေဘးေရွာင္မ်ားအတြက္ စားနပ္ရိကၡာလိုအပ္ေန
မေ 11, 2018
By Tachileik News Agency
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕နယ္ မိုင္းရင္ေက်းရြာတြင္ ေမလ (၅) ရက္ေန႔မွ စတင္ရာက္ရွိေနသည့္ နမၼတူၿမိဳ႕နယ္ရွိ ေက်းရြာ (၅) ခုမွ စစ္ေဘးေရွာင္လူဦးေရ (၇၀၀) ေက်ာ္အတြက္ စားနပ္ရိကၡာ လိုအပ္ခ်က္ ရွိေနေၾကာင္း မိုင္းရင္ ေက်းရြာဘုန္းႀကီးေက်ာင္း စစ္ေဘးေရွာင္စခန္း တာဝန္ခံထံမွ သိရွိရသည္။

“ပထမေရာက္တဲ့ တစ္သုတ္က လူဦးေရ စုစုေပါင္း (၇၀၀) ေက်ာ္ရွိတယ္။ တစ္ခ်ိဳ႕ကေတာ့ ၿခံဳစရာေစာင္ကအစ ပါၾကတယ္။ တစ္ခ်ိဳ႕ေတြက ဘုန္းႀကီးေက်ာင္းက ေထာက္ပံ့ေပးထားတယ္။ အဓိက လိုအပ္တာကေတာ့ စားနပ္ရိကၡာလိုအပ္ခ်က္ရွိတယ္”ဟု မိုင္းရင္ေက်းရြာ ဘုန္းႀကီးေက်ာင္းတြင္ ဖြင့္လွစ္ထားသည့္ စစ္ေဘးေရွာင္စခန္းတာဝန္ခံ ဆရာမသီသီေအာင္က တာခီ်လိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

နမၼတူၿမိဳ႕နယ္ရွိ မန္ဆာဝမ္၊ မန္ဆာလံုေက်းရြာ၊ နားၿပိန္း၊ နားစမ္း၊ ေလာင္းလံု ေက်းရြာတို႔မွ ေဒသခံမ်ားမွာ ၎တို႔ေနရပ္အတြင္း တိုက္ပြဲမ်ားျဖစ္ပြားခဲ့သည့္အတြက္ ၂၀၁၈ ခုႏွစ္ ေမလ (၅) ရက္ေန႔မွစတင္၍ လားရိႈးၿမိဳ႕နယ္ မိုင္းရင္ေက်းရြာသို႔ စတင္ေရာက္ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

လက္ရွိစာရင္းေကာက္ခံထားၿပီးသည့္ အေရအတြက္မွာ မန္ဆာဝမ္ေက်းရြာမွ အိမ္ေထာင္စု (၃၇) စု၊ မန္ဆာလံု ေက်းရြာမွ (၅၁) စု၊ နားၿပိန္းေက်းရြာမွ အိမ္ေထာင္စု (၂၂) စု၊ နားလံုေက်းရြာမွ အိမ္ေထာင္စု (၁၈) စုႏွင့္ နားစမ္း ေက်းရြာမွ အိမ္ေထာင္စု (၅၂) စု တို႔ျဖစ္ၿပီး လူဦးေရမွာ (၇၀၀) ေက်ာ္ရွိေၾကာင္း သိရသည္။

စစ္ေဘးေရွာင္မ်ားမွာ ေမလ (၁၀) ရက္ေန႔တြင္လည္း ထပ္မံေရာက္ရွိလာၿပီး မိုင္းရင္ေက်းရြာအျပင္ အနီးနားရွိ ပန္ဖမ္းေက်းရြာဘုန္းႀကီးေက်ာင္းစခန္းႏွင့္ ဝိန္းနမ္ေက်းရြာဘုန္းႀကီးေက်ာင္းတို႔တြင္ သြားေရာက္ေနထိုင္ၾကျခင္းျဖစ္ေၾကာင္း သိရွိရသည္။
စစ္ေဘးေရွာင္မ်ားရွိရာေနရာမ်ားတြင္ ေက်းလက္က်န္းမာေရးေဆးေပးခန္းမ်ား ရွိသည့္အတြက္ က်န္းမာေရး ေစာင့္ေရွာက္မႈရရွိထားၿပီး အနီးနားေက်းရြာမ်ားမွ ေဒသခံတို႔ကလည္း အဝတ္အထည္ႏွင့္ အစားအစာမ်ားကို လာေရာက္လွဴဒါန္းမႈရွိထားေၾကာင္း သိရွိရသည္။

လားရိႈးၿမိဳ႕မွသြားေရာက္လွဴဒါန္းလိုသူမ်ားအေနျဖင့္ လားရိႈး-နမၼတူလမ္း အီႏိုင္းေက်းရြာအေက်ာ္ရွိ နမၼတူ လမ္းခြဲမွ (၁၀) မိုင္ခန္႔ဝင္ေရာက္ရေၾကာင္း သိရွိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးမြို့နယ်တွင် ခိုလှုံနေသည့် နမ္မတူမြို့နယ်မှ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာလိုအပ်နေ
************
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် မိုင်းရင်ကျေးရွာတွင် မေလ (၅) ရက်နေ့မှ စတင်ရာက်ရှိနေသည့် နမ္မတူမြို့နယ်ရှိ ကျေးရွာ (၅) ခုမှ စစ်ဘေးရှောင်လူဦးရေ (၇၀၀) ကျော်အတွက် စားနပ်ရိက္ခာ လိုအပ်ချက် ရှိနေကြောင်း မိုင်းရင် ကျေးရွာဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံထံမှ သိရှိရသည်။

“ပထမရောက်တဲ့ တစ်သုတ်က လူဦးရေ စုစုပေါင်း (၇၀၀) ကျော်ရှိတယ်။ တစ်ချို့ကတော့ ခြုံစရာစောင်ကအစ ပါကြတယ်။ တစ်ချို့တွေက ဘုန်းကြီးကျောင်းက ထောက်ပံ့ပေးထားတယ်။ အဓိက လိုအပ်တာကတော့ စားနပ်ရိက္ခာလိုအပ်ချက်ရှိတယ်”ဟု မိုင်းရင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်းတာဝန်ခံ ဆရာမသီသီအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နမ္မတူမြို့နယ်ရှိ မန်ဆာဝမ်၊ မန်ဆာလုံကျေးရွာ၊ နားပြိန်း၊ နားစမ်း၊ လောင်းလုံ ကျေးရွာတို့မှ ဒေသခံများမှာ ၎င်းတို့နေရပ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက် ၂၀၁၈ ခုနှစ် မေလ (၅) ရက်နေ့မှစတင်၍ လားရှိုးမြို့နယ် မိုင်းရင်ကျေးရွာသို့ စတင်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိစာရင်းကောက်ခံထားပြီးသည့် အရေအတွက်မှာ မန်ဆာဝမ်ကျေးရွာမှ အိမ်ထောင်စု (၃၇) စု၊ မန်ဆာလုံ ကျေးရွာမှ (၅၁) စု၊ နားပြိန်းကျေးရွာမှ အိမ်ထောင်စု (၂၂) စု၊ နားလုံကျေးရွာမှ အိမ်ထောင်စု (၁၈) စုနှင့် နားစမ်း ကျေးရွာမှ အိမ်ထောင်စု (၅၂) စု တို့ဖြစ်ပြီး လူဦးရေမှာ (၇၀၀) ကျော်ရှိကြောင်း သိရသည်။

စစ်ဘေးရှောင်များမှာ မေလ (၁၀) ရက်နေ့တွင်လည်း ထပ်မံရောက်ရှိလာပြီး မိုင်းရင်ကျေးရွာအပြင် အနီးနားရှိ ပန်ဖမ်းကျေးရွာဘုန်းကြီးကျောင်းစခန်းနှင့် ဝိန်းနမ်ကျေးရွာဘုန်းကြီးကျောင်းတို့တွင် သွားရောက်နေထိုင်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ဘေးရှောင်များရှိရာနေရာများတွင် ကျေးလက်ကျန်းမာရေးဆေးပေးခန်းများ ရှိသည့်အတွက် ကျန်းမာရေး စောင့်ရှောက်မှုရရှိထားပြီး အနီးနားကျေးရွာများမှ ဒေသခံတို့ကလည်း အဝတ်အထည်နှင့် အစားအစာများကို လာရောက်လှူဒါန်းမှုရှိထားကြောင်း သိရှိရသည်။

လားရှိုးမြို့မှသွားရောက်လှူဒါန်းလိုသူများအနေဖြင့် လားရှိုး-နမ္မတူလမ်း အီနိုင်းကျေးရွာအကျော်ရှိ နမ္မတူ လမ်းခွဲမှ (၁၀) မိုင်ခန့်ဝင်ရောက်ရကြောင်း သိရှိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~