လားရှိုးမြို့နယ် ဟူးမွန်ဆည်အနီး လမ်းဘေးတွင် သေဆုံးနေသည့်အမျိုးသားတစ်ဦး တွေ့ရှိ

လားရှိုးမြို့နယ် ဟူးမွန်ဆည်အနီး လမ်းဘေးတွင် သေဆုံးနေသည့်အမျိုးသားတစ်ဦး တွေ့ရှိ
မေ 14, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် ဟူးမွန်ကျေးရွာအုပ်စု ဂျန်မိုင်ကျေးရွာအနီး (ဟူးမွန်ဆည်သို့ အသွား) လမ်းဘေးတစ်နေရာတွင် အသက် (၃၅) နှစ်အရွယ် အမျိုးသားတစ်ဦး၏ အလောင်းအား ၂၀၁၈ ခုနှစ် မေလ (၁၃) ရက်နေ့က တွေ့ရသဖြင့် သေဆုံးရခြင်း အကြောင်းရင်းအား စစ်ဆေးနေကြောင်း သိရသည်။


သက်ဆိုင်ရာမှ သွားရောက်စစ်ဆေးရာတွင် သေဆုံးသူအမျိုးသားမှာ လားရှိုးမြို့တွင်နေထိုင်သည့် အောင်အောင် ဆိုသူဖြစ်ပြီး ပြင်ပဒဏ်ရာ မရှိဘဲ ဝဲဘက်လက်ချောင်းများ၏ အရေပြားများ တွန့်နေသည်ကိုသာ တွေ့ရကာ အလောင်းအား စစ်ဆေးနိုင်ရန် လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ထားကြောင်း သိရသည်။


သတင်း - နေဖြိုးမြင့်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပို်င်း) လားရှိုးမြို့နယ် ဟူးမွန်ကျေးရွာအုပ်စု ဂျန်မိုင်ကျေးရွာအနီး (ဟူးမွန်ဆည်သို့ အသွား) လမ်းဘေးတစ်နေရာတွင် အသက် (၃၅) နှစ်အရွယ် အမျိုးသားတစ်ဦး၏ အလောင်းအား ၂၀၁၈ ခုနှစ် မေလ (၁၃) ရက်နေ့က တွေ့ရသဖြင့် သေဆုံးရခြင်း အကြောင်းရင်းအား စစ်ဆေးနေကြောင်း သိရသည်။

ဟူးမွန်ဆည်အနီး လမ်းနံဘေးတစ်နေရာတွင် မေလ (၁၃)ရက်နေ့ နံနက် (၈) နာရီခွဲအချိန်က တွေ့ရသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာသို့ ဖုန်းဆက်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာမှ သွားရောက်စစ်ဆေးရာတွင် သေဆုံးသူအမျိုးသားမှာ လားရှိုးမြို့တွင်နေထိုင်သည့် အောင်အောင် ဆိုသူဖြစ်ပြီး ပြင်ပဒဏ်ရာ မရှိဘဲ ဝဲဘက်လက်ချောင်းများ၏ အရပြေားများ တွန့်နေသည်ကိုသာ တွေ့ရကာ အလောင်းအား စစ်ဆေးနိုင်ရန် လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ထားကြောင်း သိရသည်။

သေဆုံးသူမှာ မေလ (၁၂) ရက်နေ့ ညနေ (၅) နာရီခန့်က ဟူးမွန်ဆည်သွားလမ်းနံဘေးတစ်နေရာတွင် အရက်သေစာသောက်သုံးနေသည်ကို တွေ့ရကြောင်း အနီးပတ်ဝန်းကျင်မှ စုံစမ်းသိရှိရပြီး၎င်းသေဆုံးမှုအား သေမှုသေခင်းအမှတ်စဉ် ( ၁၂/၂၀၁၈ )ဖြင့် လားရှိုးမြို့ အမှတ် ၂ နယ်မြေ ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~