ကယားပြည်နယ်၏ ဒုတိယဦးစားပေးဖြစ်သည့် ခရီးသွားလုပ်ငန်းကဏ္ဍအတွက် ရင်းနှီးမြုပ်နှံလိုသူများဖိတ်ခေါ်

ကယားပြည်နယ်၏ ဒုတိယဦးစားပေးဖြစ်သည့် ခရီးသွားလုပ်ငန်းကဏ္ဍအတွက် ရင်းနှီးမြုပ်နှံလိုသူများဖိတ်ခေါ်
မေ 27, 2018
ကယားပြည်နယ်တွင် ခရီးသွားလုပ်ငန်းကဏ္ဍကို ပြည်နယ်၏ ဒုတိယဦးစားပေးအဖြစ် အကောင်အထည်ဖေါ်မည် ဖြစ်ပြီး ရင်းနှီးမြုပ်နှံလိုသည့် လုပ်ငန်းရှင်များအား ဖိတ်ခေါ်ထားကြောင်း သိရသည်။

လွိုင်ကော်မြို့တွင် ၂၀၁၈ ခုနှစ် မေလ (၂၆)ရက်နေ့က ကျင်းပသည့် Kayah State Investment Forum ၌ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းရှင်များအားဖိတ်ခေါ်၍ ခရီးသွားပြခန်းများ ဖွင်‌့လှစ်ပြသခြင်း၊ စိတ်ဝင်စားသည့် ရင်းနှီးမြှုပ်နှံလိုသူများအား ခရီးစဉ်ဒေသအသစ်များသို့ လိုက်ပါပို့ဆောင်ခြင်းတို့ဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍအား မြှင့်တင်နိုင်ရေး လုပ်ဆောင်နေကြောင်း သိရသည်။

လက်ရှိတွင် ကယားပြည်နယ်အတွင်း ခရီးသွားကဏ္ဍအတွက် အဟန့်အတားဖြစ်နေသည့် ကန့်သတ်နယ်မြေ ကိစ္စများအား ငြိမ်းချမ်းရေးနှင့်နယ်မြေအေးချမ်းမှုအပေါ်မူတည်၍ ထပ်မံဖြေလျှော့ပေးနိုင်ရန် ပြည်နယ်အစိုးရက စီစဉ်နေပြီး လွိုင်ကော်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့များအား ညီအစ်မမြို့ တော်အဖြစ် မြှင့်တင်ပြီး မယ်စဲ့မြို့(BP-13) နယ်စပ်ဝင်ပေါက်မှ ခရီးသည်များဝင်ရောက် လည်ပတ်နိုင်ရေးကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်လျှက်ရှိကြောင်းကိုလည်း ဟိုတယ်နှင့် ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီးက လွှတ်တော်တွင် ဖြေကြားထားသည်။

မေလ (၂၅) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရှားတောမဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်းက ကယားပြည်နယ်၏ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘ၀ မြှင့်တင်နိုင်စေရန်အတွက် ပြည်ထောင်စု အစိုးရမှဖြေေလျှော့ပေးမှုများ အပါအဝင် ပြည်နယ်အစိုးရနှင့် မည်ကဲ့သို့ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ မေးမြန်းခြင်းကို ဟိုတယ်နှင့် ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က  ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။

 

 
 

 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~
 

 

 
 
 
 
 

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။