လူေပ်ာက္အျဖစ္ ရဲစခန္းတြင္ တုိင္ထားသည့္ လူငယ္အား ေျခာက္ရက္အၾကာတြင္ ေသဆံုးေနလ်က္ျဖင့္ ျပန္ေတြ႔

လူေပ်ာက္အျဖစ္ ရဲစခန္းတြင္ တုိင္ထားသည့္ လူငယ္အား ေျခာက္ရက္အၾကာတြင္ ေသဆံုးေနလ်က္ျဖင့္ ျပန္ေတြ႔
မေ 30, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕ (၁၀၅)မိုင္ ကုန္သြယ္ေရးဇုန္အတြင္း ေစတီဘုရား ေတာင္ေပၚကုန္း၌ ေမလ (၂၉)ရက္ေန႔ ညေနကေတြ႔ရသည့္ အေလာင္းမွာ ေမလ (၂၄) ရက္ေန႔က ေပ်ာက္ဆံုးသျဖင့္ လူေပ်ာက္တုိင္ထားသည့္ လူငယ္ျဖစ္ေနေၾကာင္း ရဲတပ္ဖြဲ႕က အတည္ျပဳထားၿပီး လူသတ္မႈ က်ဴးလြန္သူအား ဖမ္းဆီးရမိေရးအတြက္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

မိုင္းယု(၁၀၅)မိုင္၊ နယ္ေျမ(၂)ေန အသက္ (၂၀)အရြယ္ရွိ ကစၥနား(ခ) ဆန္းျမင့္ေအာင္သည္  ေမလ(၂၄)ရက္ေန႔က (၁၀၅)မိုင္ ကုန္သြယ္ေရးဇုန္တြင္ ေအးဂ်င့္လုပ္ကိုင္သူ ေဇာ္မင္းထြန္းထံတြင္ သြားေရာက္ အလုပ္ လုပ္ကိုင္ရာမွ  ည (၈)နာရီခြဲ ဝန္းက်င္ အထိ ေနအိမ္သို႔ ျပန္လာျခင္းမရွိ၍ အလုပ္ရွင္ျဖစ္သူ ေဇာ္မင္းထြန္းထံ ကစၥနား(ခ)ဆန္းျမင့္ေအာင္၏ မိခင္ျဖစ္သူက ဖုန္းဆက္ေမးျမန္းရာ ညေန (၅)နာရီကတည္းက ျပန္သြားေၾကာင္း အေၾကာင္းျပန္ခဲ့သည္ဟု သိရသည္။

ကစၥနားမွာ ေနအိမ္သို႔ ျပန္လာျခင္း မရိွဘဲ ေပ်ာက္ဆုံးေနသျဖင့္ ေမလ (၂၈) ရက္ေန႔ ေန႔လယ္တြင္ ၎၏ ဖခင္ျဖစ္သူက မူဆယ္ၿမိဳ႕မရဲစခန္းသို႔ လာေရာက္ အမႈဖြင့္တိုင္ၾကားရာ မူဆယ္ၿမိဳ႕မရဲစခန္းတြင္ လူေပ်ာက္ အမွတ္စဥ္ (၁၀/၂၀၁၈)ျဖင့္ ေရးဖြင့္စုံစမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ေမလ (၂၉) ရက္ေန႔ ညေန (၅)နာရီဝန္းက်င္တြင္ မူဆယ္ၿမိဳ႕ (၁၀၅)မိုင္ ကုန္သြယ္ေရးဇုန္ အတြင္း ေစတီဘုရားေတာင္ေပၚကုန္း၌ မ်က္ႏွာပုပ္ပြ၊ ေျခေထာက္ႏွစ္ေခ်ာင္း ေျခက်င္းဝတ္မွ ျပတ္ထြက္ကာ ေသဆုံးေနသည့္ အေလာင္းတြင္ ဝတ္ဆင္ထားသည့္ အက်ႌႏွင့္ ေဘာင္းဘီတို႔မွာ ကစၥနား(ခ)ဆန္းျမင့္ေအာင္၏ အဝတ္အစားမ်ား ျဖစ္ေၾကာင္း ၎၏ ဖခင္ျဖစ္သူထံမွ အတည္ျပဳခ်က္ရရိွခဲ့ၿပီး ကစၥနား၏ ဆိုင္ကယ္ႏွင့္ လက္ကိုင္ဖုန္းတို႔မွာ ေပ်ာက္ဆုံးေနေၾကာင္း သိရသည္။

အဆိုပါ ရုပ္အေလာင္းအား မူဆယ္ၿမိဳ႕ ေရႊပါရမီလူမႈကူညီေရးအသင္းက မူဆယ္ေဆးရံုသို႔ ပို႔ေဆာင္ ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍   လူေပ်ာက္မႈျဖင့္ အမႈဖြင့္ထားရာမွ မူဆယ္ၿမိဳ႕မ ရဲစခန္းတြင္ (ပ)၁၉၄/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၉၄ (လူသတ္မႈ၊ လုယက္မႈက်ဴးလြန္ရာတြင္ နာက်င္ေစမႈ) ျဖင့္ အမႈဖြင့္ထားရွိၿပီး တရားခံအား ဖမ္းဆီးရမိေရးအတြက္ ရဲတပ္ဖြဲ႔က ႀကိဳးပမ္းေနေၾကာင္း သိရွိရသည္။

သတင္း - နန္းဟြမ္ခမ္း
ဓါတ္ပံု - ခင္ေမာင္လြင္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အတွင်း စေတီဘုရား တောင်ပေါ်ကုန်း၌ မေလ (၂၉)ရက်နေ့ ညနေကတွေ့ရသည့် အလောင်းမှာ မေလ (၂၄) ရက်နေ့က ပျောက်ဆုံးသဖြင့် လူပျောက်တိုင်ထားသည့် လူငယ်ဖြစ်နေကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားပြီး လူသတ်မှု ကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

မိုင်းယု(၁၀၅)မိုင်၊ နယ်မြေ(၂)နေ အသက် (၂၀)အရွယ်ရှိ ကစ္စနား(ခ) ဆန်းမြင့်အောင်သည် မေလ(၂၄)ရက်နေ့က (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တွင် အေးဂျင့်လုပ်ကိုင်သူ ဇော်မင်းထွန်းထံတွင် သွားရောက် အလုပ် လုပ်ကိုင်ရာမှ ည (၈)နာရီခွဲ ဝန်းကျင် အထိ နေအိမ်သို့ ပြန်လာခြင်းမရှိ၍ အလုပ်ရှင်ဖြစ်သူ ဇော်မင်းထွန်းထံ ကစ္စနား(ခ)ဆန်းမြင့်အောင်၏ မိခင်ဖြစ်သူက ဖုန်းဆက်မေးမြန်းရာ ညနေ (၅)နာရီကတည်းက ပြန်သွားကြောင်း အကြောင်းပြန်ခဲ့သည်ဟု သိရသည်။

ကစ္စနားမှာ နေအိမ်သို့ ပြန်လာခြင်း မရှိဘဲ ပျောက်ဆုံးနေသဖြင့် မေလ (၂၈) ရက်နေ့ နေ့လယ်တွင်၎င်း၏ ဖခင်ဖြစ်သူက မူဆယ်မြို့မရဲစခန်းသို့ လာရောက် အမှုဖွင့်တိုင်ကြားရာ မူဆယ်မြို့မရဲစခန်းတွင် လူပျောက် အမှတ်စဉ် (၁၀/၂၀၁၈)ဖြင့် ရေးဖွင့်စုံစမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် မေလ (၂၉) ရက်နေ့ ညနေ (၅)နာရီဝန်းကျင်တွင် မူဆယ်မြို့ (၁၀၅)မိုင် ကုန်သွယ်ရေးဇုန် အတွင်း စေတီဘုရားတောင်ပေါ်ကုန်း၌ မျက်နှာပုပ်ပွ၊ ခြေထောက်နှစ်ချောင်း ခြေကျင်းဝတ်မှ ပြတ်ထွက်ကာ သေဆုံးနေသည့် အလောင်းတွင် ဝတ်ဆင်ထားသည့် အင်္ကျီနှင့် ဘောင်းဘီတို့မှာ ကစ္စနား(ခ)ဆန်းမြင့်အောင်၏ အဝတ်အစားများ ဖြစ်ကြောင်း၎င်း၏ ဖခင်ဖြစ်သူထံမှ အတည်ပြုချက်ရရှိခဲ့ပြီး ကစ္စနား၏ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းတို့မှာ ပျောက်ဆုံးနေကြောင်း သိရသည်။

အဆိုပါ ရုပ်အလောင်းအား မူဆယ်မြို့ ရွှေပါရမီလူမှုကူညီရေးအသင်းက မူဆယ်ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လူပျောက်မှုဖြင့် အမှုဖွင့်ထားရာမှ မူဆယ်မြို့မ ရဲစခန်းတွင် (ပ)၁၉၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ (လူသတ်မှု၊ လုယက်မှုကျူးလွန်ရာတွင် နာကျင်စေမှု) ဖြင့် အမှုဖွင့်ထားရှိပြီး တရားခံအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့က ကြိုးပမ်းနေကြောင်း သိရှိရသည်။

သတင်း - နန်းဟွမ်ခမ်း
ဓာတ်ပုံ - ခင်မောင်လွင်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~