ကြတ္ခုိင္အနီး ဆန္တင္ယာဥ္တစ္စီး တိမ္းေမွာက္ၿပီး ယာဥ္ေနာက္လုိက္ ဆန္အိတ္ပိ၍ ေသဆံုး

ကြတ္ခုိင္အနီး ဆန္တင္ယာဥ္တစ္စီး တိမ္းေမွာက္ၿပီး ယာဥ္ေနာက္လုိက္ ဆန္အိတ္ပိ၍ ေသဆံုး
မေ 27, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ျပည္ေထာင္စုလမ္းမႀကီး ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ဖတ္လြန္းေက်းရြာအနီးတြင္ ၂၀၁၈ ခုႏွစ္ ေမလ (၂၇) ရက္ေန႔ နံနက္ (၇) နာရီခြဲဝန္းက်င္တြင္ ကြတ္ခိုင္မွ မူဆယ္သို႔ ဆန္မ်ားတင္ေဆာင္လာသည့္ (၂၂) ဘီးယာဥ္တစ္စီး တိမ္းေမွာက္ခဲ့ရာ ဆန္အိတ္မ်ားပိ၍ ယာဥ္ေနာက္လိုက္ေသဆံုးသြားေၾကာင္း သိရသည္။

“ယာဥ္ေမာင္းကေတာ့ လက္နဲ႔မ်က္ခံုးမွာ စုတ္ၿပဲဒဏ္ရာ နည္းနည္းရတယ္။ ယာဥ္ေနာက္လိုက္ကေတာ့ ကားေမွာက္တဲ့အခ်ိန္ ခုန္ဆင္းခဲ့လို႔ ဆန္အိတ္ေတြပိၿပီး ေနရာမွာတင္ ေသဆံုးသြားတယ္” ဟု အခင္းျဖစ္ေနရာတြင္ သြားေရာက္ကူညီေပးခဲ့သည့္ ျဗမၼစိုရ္လူမႈကူညီေရးအသင္း (ကြတ္ခိုင္)မွ အသင္းဥကၠဌ ဦးတင္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဒဏ္ရာရသည့္ ယာဥ္ေမာင္းႏွင့္ ေသဆံုးသြားသည့္ ယာဥ္ေနာက္လုိက္တို႔အား ျဗမၼစိုရ္ လူမႈကူညီေရးအသင္းက ကြတ္ခိုင္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

၄င္းေနရာအနီးတြင္ မၾကာေသးမီက WINNER ယာဥ္လိုင္းမွ Express ယာဥ္တစ္စီးထိုးက်တိမ္းေမွာက္မႈလည္း ျဖစ္ပြားခဲ့ဖူးေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ျဗမၼစိုရ္လူမႈကူညီေရးအသင္း(ကြတ္ခိုင္)

~~~~~~~~⊰❂ unicode ~~~~~~~~
ကွတ်ခိုင်အနီး ဆန်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ယာဉ်နောက်လိုက် ဆန်အိတ်ပိ၍ သေဆုံး
****************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုလမ်းမကြီး ကွတ်ခိုင်မြို့နယ် နမ့်ဖတ်လွန်းကျေးရွာအနီးတွင် ၂၀၁၈ ခုနှစ် မေလ (၂၇) ရက်နေ့ နံနက် (၇) နာရီခွဲဝန်းကျင်တွင် ကွတ်ခိုင်မှ မူဆယ်သို့ ဆန်များတင်ဆောင်လာသည့် (၂၂) ဘီးယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ ဆန်အိတ်များပိ၍ ယာဉ်နောက်လိုက်သေဆုံးသွားကြောင်း သိရသည်။

“ယာဉ်မောင်းကတော့ လက်နဲ့မျက်ခုံးမှာ စုတ်ပြဲဒဏ်ရာ နည်းနည်းရတယ်။ ယာဉ်နောက်လိုက်ကတော့ ကားမှောက်တဲ့အချိန် ခုန်ဆင်းခဲ့လို့ ဆန်အိတ်တွေပိပြီး နေရာမှာတင် သေဆုံးသွားတယ်” ဟု အခင်းဖြစ်နေရာတွင် သွားရောက်ကူညီပေးခဲ့သည့် ဗြမ္မစိုရ်လူမှုကူညီရေးအသင်း (ကွတ်ခိုင်)မှ အသင်းဥက္ကဌ ဦးတင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒဏ်ရာရသည့် ယာဉ်မောင်းနှင့် သေဆုံးသွားသည့် ယာဉ်နောက်လိုက်တို့အား ဗြမ္မစိုရ် လူမှုကူညီရေးအသင်းက ကွတ်ခိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

၎င်းနေရာအနီးတွင် မကြာသေးမီက WINNER ယာဉ်လိုင်းမှ Express ယာဉ်တစ်စီးထိုးကျတိမ်းမှောက်မှုလည်း ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ဗြမ္မစိုရ်လူမှုကူညီရေးအသင်း(ကွတ်ခိုင်)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~