ေဒသတြင္း၌ တပ္မေတာ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား NCA ႏွင့္ JMC ကို ခ်ိဳးေဖါက္ပါက တုိင္ၾကားရန္ ေဒသခံမ်ားႏွင့္ေတြ႔ဆံုပြဲတြင္ တုိက္တြန္း

ေဒသတြင္း၌ တပ္မေတာ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား NCA ႏွင့္ JMC ကို ခ်ိဳးေဖါက္ပါက တုိင္ၾကားရန္ ေဒသခံမ်ားႏွင့္ေတြ႔ဆံုပြဲတြင္ တုိက္တြန္း
မေ 2, 2018
By Tachileik News Agency

ေဒသတြင္း၌ တပ္မေတာ္ကျဖစ္ေစ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းကျဖစ္ေစ NCA ပါ သေဘာတူညီခ်က္မ်ား၊ JMC ပါ စည္းမ်ဥ္းစည္းကမ္းမ်ားကို ခ်ိဳးေဖာက္လွ်င္ တိုင္ၾကားၾကရန္ ရွမ္းျပည္နယ္ (ေတာင္ပိုင္း) မိုင္းပန္ၿမိဳ႕နယ္၊ ေနာင္ပါမြန္ေက်းရြာတြင္ ေဒသခံလူထုႏွင့္ JMC အဖြဲ႕ ေတြ႔ဆံုစဥ္ တုိက္တြန္းလုိက္သည္။

JMC-S (ရွမ္း) ႏွင့္ JMC-L (လင္းေခး) အဖြဲ႔ဝင္မ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ား ပါဝင္သည့္ အဖြဲ႕သည္ ေဒသခံ ရွမ္းတိုင္းရင္းသား၊ ပအိုဝ္းတိုင္းရင္းသားမ်ားအပါအဝင္ ေဒသတြင္းေနထိုင္သည့္ ျပည္သူလူထုမ်ားႏွင့္ ဧၿပီလ (၂၇)ရက္ေန႔တြင္ ေတြ႔ဆံုစဥ္ ယင္းကဲ့သို႔ တုိက္တြန္းလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ေဒသခံလူထု သံုးရာေက်ာ္အား တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) ႏွင့္ ပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ (JMC) အေၾကာင္းကို ရွင္းလင္း ေဆြးေႏြးကာ ေဒသတြင္း၌ NCA ပါ အေၾကာင္းအရာမ်ား၊ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ စစ္ဘက္ဆိုင္ရာ က်င့္ဝတ္မ်ား၊ အရပ္သား ျပည္သူကုိ အကာအကြယ္ ေပးျခင္းဆိုင္ရာ ကိစၥရပ္မ်ား၊ စည္းမ်ဥ္းစည္းကမ္းမ်ားကုိ ခ်ိဳးေဖာက္မႈမ်ား ေတြ႔ရွိပါက တိုင္းၾကားရမည့္ လုပ္ငန္းစဥ္မ်ားကို အေသးစိတ္ ရွင္းလင္း ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လူထုေတြ႔ဆံုပြဲတြင္ JMC-S (ရွမ္း) ဥကၠ႒ အေရွ႕အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ဳပ္သန္းလွိဳင္က တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) ႏွင့္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ (JMC) အေၾကာင္းတို႔ကို ရွင္းလင္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ဓါတ္ပံု -   JMC-S (Shan) 


~~~~~~~~⊰❂ unicode ~~~~~~~~

ဒေသတွင်း၌ တပ်မတော်ကဖြစ်စေ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကဖြစ်စေ NCA ပါ သဘောတူညီချက်များ၊ JMC ပါ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်လျှင် တိုင်ကြားကြရန် ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းပန်မြို့နယ်၊ နောင်ပါမွန်ကျေးရွာတွင် ဒေသခံလူထုနှင့် JMC အဖွဲ့ တွေ့ဆုံစဉ် တိုက်တွန်းလိုက်သည်။

JMC-S (ရှမ်း) နှင့် JMC-L (လင်းခေး) အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့သည် ဒေသခံ ရှမ်းတိုင်းရင်းသား၊ ပအိုဝ်းတိုင်းရင်းသားများအပါအဝင် ဒေသတွင်းနေထိုင်သည့် ပြည်သူလူထုများနှင့် ဧပြီလ (၂၇)ရက်နေ့တွင် တွေ့ဆုံစဉ် ယင်းကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဒေသခံလူထု သုံးရာကျော်အား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အကြောင်းကို ရှင်းလင်း ဆွေးနွေးကာ ဒေသတွင်း၌ NCA ပါ အကြောင်းအရာများ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ အရပ်သား ပြည်သူကို အကာအကွယ် ပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်မှုများ တွေ့ရှိပါက တိုင်းကြားရမည့် လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူထုတွေ့ဆုံပွဲတွင် JMC-S (ရှမ်း) ဥက္ကဋ္ဌ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - JMC-S (Shan)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~