ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာလုပ်သားများတွင် အထောက်အထားမပါဘဲ ပြန်လာသူတစ်ဦးအား လ၀ကဥပဒေဖြင့် အမှုဖွင့်

ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာလုပ်သားများတွင် အထောက်အထားမပါဘဲ ပြန်လာသူတစ်ဦးအား လ၀ကဥပဒေဖြင့် အမှုဖွင့်
မေ 9, 2018
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့သို့  ပြန်လည် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများတွင် အထောက်အထား မပါဘဲ ပြန်လာသူတစ်ဦးအား စစ်ဆေး တွေ့ရှိရသဖြင့် လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အရေးယူထားကြောင်း သိရသည်။

၂၀၁၈ ခုနှစ်၊ မေလ (၇) ရက်နေ့က ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၈၄) ဦး ပြန်လည် ဝင်ရောက်လာသည့် အနက် မာမက်ရော်ဘုတ်(ခ) အောင်ကျော်မြင့်သည် မြန်မာနိုင်ငံတွင်းသို့ ခွင့်ပြုချက် အထောက်အထား မပါဘဲ ဝင်လာပြီး ၎င်းမှာ မလေးရှားနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ သွားရောက်ပြီး ပြန်လာခြင်းဖြစ်သည်ဟု စစ်ဆေးသိရှိရသဖြင့် လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် စစ်ဆေးအရေးယူနေကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့သို့ ပြန်လည် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများတွင် အထောက်အထား မပါဘဲ ပြန်လာသူတစ်ဦးအား စစ်ဆေး တွေ့ရှိရသဖြင့် လူဝင်မှုကြီးကြပ်ရေးဥပဒဖြေင့် အရေးယူထားကြောင်း သိရသည်။

၂၀၁၈ ခုနှစ်၊ မေလ (၇) ရက်နေ့က ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၈၄) ဦး ပြန်လည် ဝင်ရောက်လာသည့် အနက် မာမက်ရော်ဘုတ်(ခ) အောင်ကျော်မြင့်သည် မြန်မာနိုင်ငံတွင်းသို့ ခွင့်ပြုချက် အထောက်အထား မပါဘဲ ဝင်လာပြီး၎င်းမှာ မလေးရှားနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ သွားရောက်ပြီး ပြန်လာခြင်းဖြစ်သည်ဟု စစ်ဆေးသိရှိရသဖြင့် လူဝင်မှုကြီးကြပ်ရေးဥပဒဖြေင့် စစ်ဆေးအရေးယူနေကြောင်း သိရသည်။

မာမက်ရော်ဘုတ်(ခ) အောင်ကျော်မြင့်အား မြဝတီ မြို့မရဲစခန်းမှ (ပ)၂၄၀/၂၀၁၈၊ လဝကအက် ၁၃(၁)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~