Kayah State Investment Forum မွ ကယားျပည္နယ္တြင္း ရင္းႏွီးျမဳပ္ႏွံလိုသူ ၁၀ ဦးတြင္ ဒါရိုက္တာဝိုင္းႏွင့္ သရုပ္ေဆာင္ ေမသန္းႏုတုိ႔ပါဝင္

Kayah State Investment Forum မွ ကယားျပည္နယ္တြင္း ရင္းႏွီးျမဳပ္ႏွံလိုသူ ၁၀ ဦးတြင္ ဒါရိုက္တာဝိုင္းႏွင့္ သရုပ္ေဆာင္ ေမသန္းႏုတုိ႔ပါဝင္
မေ 28, 2018
By 🌸
Kayah State Investment Forum မွ ကယားျပည္နယ္တြင္ ရင္းႏွီးျမဳပ္ႏွံမႈလုပ္ေဆာင္လိုေသာ ကုမၸဏီ(၁၀)ခုႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ဦးေဆာင္ေသာ အစိုးရအဖြဲ႔တို႔ ေမလ (၂၇) ရက္ေန႔က ေတြ႔ဆုံခဲ့ၾကရာ ျပည္နယ္တြင္း ရုပ္ရွင္ရံုတည္ေဆာက္မည့္ ဒါရိုက္တာဝိုင္းႏွင့္ သရုပ္ေဆာင္ ေမသန္းႏုတို႔ပါဝင္ေၾကာင္း သိရသည္။

အဆိုပါေဆြးေႏြးပြဲတြင္ ဦးေနလင္းႏွင့္ ဒါရုိက္တာ ၀ုိင္း(Feel & Touch Co., Ltd) ႏွင့္ ရုပ္ရွင္သရုပ္ေဆာင္ ေမသန္းႏု ( ေရႊဆင့္ဆင့္ ကုမၸဏီ) က ျပည္နယ္တြင္း ရုပ္ရွင္ရုံအား အေသး၊ အႀကီး အခန္း(၂)ခု တြဲ၍ တည္ေဆာက္ကာ ရုပ္ရွင္ရုံႏွင့္ တြဲဖက္၍ Snack Bar ႏွင့္ ကေလး ကစားကြင္းမ်ား ထည့္သြင္း၍ တည္ေဆာက္လိုေၾကာင္း တင္ျပလာရာ ရုပ္ရွင္ရံုလုပ္ငန္းအား လြဳိင္ေကာ္ၿမိဳ႕တြင္ (၁) ႏွစ္အတြင္း ေဖာ္ေဆာင္ႏုိင္ေရး အစိုးရဖက္မွလည္း ႀကိဳးပမ္းေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

အျခားရင္းႏွီးျမဳပ္ႏွံမည့္လုပ္ငန္းမ်ားမွာ Ardent Alliance Co., Ltd မွ ေဘာလခဲ ခရုိင္အတြင္း ပြန္ေခ်ာင္း၏ သဘာဝအလွအပကုိ ႏုိင္ငံျခားသားခရီးသြားမ်ား အထူး စိတ္ဝင္စားေစမည့္ Advendure Tourism အပန္း ေျဖစခန္းျပဳလုပ္ရန္၊ လြဳိင္ေကာ္ၿမိဳ႕ ေက်ာက္ျပားစက္ရုံတြင္ မာဘယ္ေက်ာက္မ်ားအား စနစ္တက် ျပန္လည္ေလ့လာၿပီး ႏုိင္ငံတကာ အဆင့္မီထုတ္လုပ္ႏုိင္ရန္၊ ဟုိတယ္လုပ္ငန္းႏွင့္ သတၱဳလုပ္ငန္းမ်ား လုပ္ေဆာင္ႏိုင္ရန္ ေဆြးေႏြးခဲ့ဲၾကေၾကာင္း သိရသည္။

ျပည္နယ္တြင္း ရုပ္ရွင္ရုံလုပ္ငန္းေဆာင္ရြက္ရန္ ကုမၸဏီ(၂)ခု၊ မာဘယ္ေက်ာက္ ထုတ္လုပ္ေရးလုပ္ငန္း ေဆာင္ရြက္ရန္ ကုမၸဏီ(၃)ခု၊ ပြန္ေခ်ာင္း Advendure Tourism အပန္းေျဖစခန္းတည္ေဆာက္ရန္ ကုမၸဏီ (၁)ခု၊ ႏွစ္ရွည္ပင္စိုက္ပ်ဳိးေရး ကုမၸဏီ (၁)ခု၊ ဟုိတယ္ လုပ္ငန္း ေဆာင္ရြက္ရန္ ကုမၸဏီ (၂)ခု၊ သတၱဳႏွင့္ စုိက္ပ်ဳိးေရးလုပ္ငန္းေဆာင္ရြက္ရန္ ကုမၸဏီ(၁)ခု စုစုေပါင္း (၁၀)ခုမွ ျပည္နယ္အတြင္း ရင္းႏွီးျမဳပ္ႏွံရန္ ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

Kayah State Investment Forum အား လြဳိင္ေကာ္ၿမိဳ႕၊ ျပည္နယ္ခန္းမတြင္ ေမလ (၂၆) ရက္ေန႔ကျပဳလုပ္ခဲ့ၿပီး ျပည္နယ္တြင္း ရင္းႏွီးျမဳပ္ႏွံလိုေသာ လုပ္ငန္း႐ွင္မ်ား လုပ္ငန္းအမွန္တကယ္ အေကာင္အထည္ေဖၚႏုိင္ေရး အတြက္ ျပည္နယ္အစိုးရက ေတြ႔ဆုံေဆြးေႏြးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
Kayah State Investment Forum မှ ကယားပြည်နယ်တွင်း ရင်းနှီးမြုပ်နှံလိုသူ ၁၀ ဦးတွင် ဒါရိုက်တာဝိုင်းနှင့် သရုပ်ဆောင် မေသန်းနုတို့ပါဝင်
***************
Kayah State Investment Forum မှ ကယားပြည်နယ်တွင် ရင်းနှီးမြုပ်နှံမှုလုပ်ဆောင်လိုသော ကုမ္ပဏီ(၁၀)ခုနှင့် ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သော အစိုးရအဖွဲ့တို့် မေလ (၂၇) ရက်နေ့က တွေ့ဆုံခဲ့ကြရာ ပြည်နယ်တွင်း ရုပ်ရှင်ရုံတည်ဆောက်မည့် ဒါရိုက်တာဝိုင်းနှင့် သရုပ်ဆောင် မေသန်းနုတို့ပါဝင်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ဦးနေလင်းနှင့် ဒါရိုက်တာ ဝိုင်း(Feel & Touch Co., Ltd) နှင့် ရုပ်ရှင်သရုပ်ဆောင် မေသန်းနု ( ရွှေဆင့်ဆင့် ကုမ္ပဏီ) က ပြည်နယ်တွင်း ရုပ်ရှင်ရုံအား အသေး၊ အကြီး အခန်း(၂)ခု တွဲ၍ တည်ဆောက်ကာ ရုပ်ရှင်ရုံနှင့် တွဲဖက်၍ Snack Bar နှင့် ကလေး ကစားကွင်းများ ထည့်သွင်း၍ တည်ဆောက်လိုကြောင်း တင်ပြလာရာ ရုပ်ရှင်ရုံလုပ်ငန်းအား လွိုင်ကော်မြို့တွင် (၁) နှစ်အတွင်း ဖော်ဆောင်နိုင်ရေး အစိုးရဖက်မှလည်း ကြိုးပမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အခြားရင်းနှီးမြုပ်နှံမည့်လုပ်ငန်းများမှာ Ardent Alliance Co., Ltd မှ ဘောလခဲ ခရိုင်အတွင်း ပွန်ချောင်း၏ သဘာဝအလှအပကို နိုင်ငံခြားသားခရီးသွားများ အထူး စိတ်ဝင်စားစေမည့် Advendure Tourism အပန်း ဖြေစခန်းပြုလုပ်ရန်၊ လွိုင်ကော်မြို့ ကျောက်ပြားစက်ရုံတွင် မာဘယ်ကျောက်များအား စနစ်တကျ ပြန်လည်လေ့လာပြီး နိုင်ငံတကာ အဆင့်မီထုတ်လုပ်နိုင်ရန်၊ ဟိုတယ်လုပ်ငန်းနှင့် သတ္တုလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဆွေးနွေးခဲ့ဲကြကြောင်း သိရသည်။

ပြည်နယ်တွင်း ရုပ်ရှင်ရုံလုပ်ငန်းဆောင်ရွက်ရန် ကုမ္ပဏီ(၂)ခု၊ မာဘယ်ကျောက် ထုတ်လုပ်ရေးလုပ်ငန်း ဆောင်ရွက်ရန် ကုမ္ပဏီ(၃)ခု၊ ပွန်ချောင်း Advendure Tourism အပန်းဖြေစခန်းတည်ဆောက်ရန် ကုမ္ပဏီ (၁)ခု၊ နှစ်ရှည်ပင်စိုက်ပျိုးရေး ကုမ္ပဏီ (၁)ခု၊ ဟိုတယ် လုပ်ငန်း ဆောင်ရွက်ရန် ကုမ္ပဏီ (၂)ခု၊ သတ္တုနှင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန် ကုမ္ပဏီ(၁)ခု စုစုပေါင်း (၁၀)ခုမှ ပြည်နယ်အတွင်း ရင်းနှီးမြုပ်နှံရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Kayah State Investment Forum အား လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမတွင် မေလ (၂၆) ရက်နေ့ကပြုလုပ်ခဲ့ပြီး ပြည်နယ်တွင်း ရင်းနှီးမြုပ်နှံလိုသော လုပ်ငန်းရှင်များ လုပ်ငန်းအမှန်တကယ် အကောင်အထည်ဖေါ်နိုင်ရေး အတွက် ပြည်နယ်အစိုးရက တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~