ရွမ္း(အေရွ႕)တြင္ ၂၀၁၈အတြင္း ဒုတိယအမ်ားဆံုးအျဖစ္ အိုက္စ္(၁၀၃)ကီလိုကို က်ဳိင္းတံုတြင္ ဖမ္းဆီးရမိ

ရွမ္း(အေရွ႕)တြင္ ၂၀၁၈အတြင္း ဒုတိယအမ်ားဆံုးအျဖစ္ အိုက္စ္(၁၀၃)ကီလိုကို က်ဳိင္းတံုတြင္ ဖမ္းဆီးရမိ
မေ 13, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ဳိင္းတံုၿမိဳ႕နယ္၊ မိုင္းဇင္းေက်းရြာအုပ္စု၊ ၀မ္လံုးရြာအနီး၊ ေနာင္ႏြန္းပူးေပါင္း စစ္ေဆးေရးစခန္း ေရွာင္ကြင္းလမ္းတြင္ အိုက္စ္(၁၀၃)ကီလိုအား ေမလ(၁၃)ရက္ေန႔ ေန႔လည္ပိုင္းက ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၂၈)က်ဳိင္းတံုမွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆုိင္ရာ ပူးေပါင္းအဖြဲ႔တို႔သည္ ၂၀၁၈ခုႏွစ္ ေမလ(၁၃)ရက္ေန႔ ေန႔လည္(၁၂)နာရီခြဲ ၀န္းက်င္အခ်ိန္က မိုင္းဇင္းေက်းရြာအုပ္စု၊ ၀မ္လံုးရြာအနီး၊ ေနာင္ႏြန္း ပူးေပါင္းစစ္ေဆးေရးစခန္းေရွာင္ကြင္းလမ္း၌ သတင္းအရ ေစာင့္ဆိုင္းေနရာမွ က်ဳိင္းတံုဘက္မွ တာခ်ီလိတ္ဘက္သို႔ အသက္(၄၄)ႏွစ္ရွိ အိုက္ႏြမ္း ေမာင္းႏွင္ၿပီး အိုက္ရီ ႏွင့္ နန္းႏြန္ရဲွန္တို႔ လိုက္ပါ လာေသာ ေမာ္ေတာ္ယာဥ္အား ရပ္တန္႔ စစ္ေဆးရွာေဖြရာမွ မူးယစ္ေဆး၀ါးမ်ားအား ေတြ႔ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔က ေမာ္ေတာ္ယာဥ္အတြင္း ရွာေဖြမႈမ်ား ျပဳလုပ္ရာတြင္ ယာဥ္ေနာက္ခန္းအတြင္းမွ  မက္သာအဖက္တမင္ ဟိုက္ၿဒိဳကလိုရိုက္ (Ice) စုစုေပါင္း (၁၀၃)ကီလို ႏွင့္  လက္ကိုင္ဖုန္း (၄)လံုး အျပင္၊ ျမန္မာက်ပ္ေငြေရာရာ (၃)သိန္း၊ တရုတ္ယြမ္ေငြ (၄၄၀၀)ယြမ္ ႏွင့္ ထိုင္းဘတ္ေငြ(၅၃၈၀၀)ဘတ္တို႔အား ရွာေဖြေတြ႔ရွိရေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ား သယ္ေဆာင္လာသူ အဆိုပါ (၃)ဦးအား မူးယစ္တပ္ဖြဲ႔စု(၂၈)က်ဳိင္းတံုရံုး တြင္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနၿပီး ဆက္လက္၍ က်ဳိင္းတံုၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူရန္အတြက္ ေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္  မက္သာအဖက္တမင္ ဟိုက္ၿဒိဳကလိုရိုက္ [Metham- phetamine Hydrochloride - ICE](အိုက္စ္) အျဖဴေရာင္ပံုေဆာင္ခဲ မ်ားကို ၂၀၁၈ခုႏွစ္အတြင္း ဖမ္းဆီးရမိမႈအျဖစ္ ဧၿပီ(၁၉)ရက္ေန႔က တာခ်ီလိတ္၌ ကီလို(၂၀၀)ကို ဖမ္းဆီးရမိၿပီး ယခု က်ဳိင္းတံု၌ (၁၀၃)ကီလိုကို ဖမ္းဆီးရမိသည္မွာ ဒုတိယအမ်ားဆံုး ဖမ္းဆီးရမိမႈျဖစ္ေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - ေအာင္ျမင္ပါေစ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ဝမ်လုံးရွာအနီး၊ နောင်နွန်းပူးပေါင်း စစ်ဆေးရေးစခန်း ရှောင်ကွင်းလမ်းတွင် အိုက်စ်(၁၀၃)ကီလိုအား မေလ(၁၃)ရက်နေ့ နေ့လည်ပိုင်းက ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့သည် ၂၀၁၈ခုနှစ် မေလ(၁၃)ရက်နေ့ နေ့လည်(၁၂)နာရီခွဲ ဝန်းကျင်အချိန်က မိုင်းဇင်းကျေးရွာအုပ်စု၊ ဝမ်လုံးရွာအနီး၊ နောင်နွန်း ပူးပေါင်းစစ်ဆေးရေးစခန်းရှောင်ကွင်းလမ်း၌ သတင်းအရ စောင့်ဆိုင်းနေရာမှ ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ အသက်(၄၄)နှစ်ရှိ အိုက်နွမ်း မောင်းနှင်ပြီး အိုက်ရီ နှင့် နန်းနွန်ရှဲန်တို့ လိုက်ပါ လာသော မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးများအား တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်အတွင်း ရှာဖွေမှုများ ပြုလုပ်ရာတွင် ယာဉ်နောက်ခန်းအတွင်းမှ မက်သာအဖက်တမင် ဟိုက်ဒြိုကလိုရိုက် (Ice) စုစုပေါင်း (၁၀၃)ကီလို နှင့် လက်ကိုင်ဖုန်း (၄)လုံး အပြင်၊ မြန်မာကျပ်ငွေရောရာ (၃)သိန်း၊ တရုတ်ယွမ်ငွေ (၄၄၀၀)ယွမ် နှင့် ထိုင်းဘတ်ငွေ(၅၃၈၀၀)ဘတ်တို့အား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ အဆိုပါ (၃)ဦးအား မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံရုံး တွင် စစ်ဆေးမှုများ ပြုလုပ်နပြေီး ဆက်လက်၍ ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူရန်အတွက် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် မက်သာအဖက်တမင် ဟိုက်ဒြိုကလိုရိုက် [Metham- phetamine Hydrochloride - ICE](အိုက်စ်) အဖြူရောင်ပုံဆောင်ခဲ များကို ၂၀၁၈ခုနှစ်အတွင်း ဖမ်းဆီးရမိမှုအဖြစ် ဧပြီ(၁၉)ရက်နေ့က တာချီလိတ်၌ ကီလို(၂၀၀)ကို ဖမ်းဆီးရမိပြီး ယခု ကျိုင်းတုံ၌ (၁၀၃)ကီလိုကို ဖမ်းဆီးရမိသည်မှာ ဒုတိယအများဆုံး ဖမ်းဆီးရမိမှုဖြစ်ကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - အောင်မြင်ပါစေ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~